644

571 60 0
                                    

Chapter 644: အလောင်းကောင်ကလန်၏ ဝိညာဉ်ယဇ်ပလ္လင်

ရှေးဦးကာလတွင် မွန်းစတားကလန်၌ အသန်မာဆုံး မျိုးနွယ်စု လေးခုရှိသည်။
သူတို့သည် မွန်းစတားကလန်မှ တော်၀င်မျိုးနွယ်စုများဖြစ်ကြသည်။

၄င်းတို့ကို အထွတ်အမြတ်လေးပါးဟုခေါ်ပြီး မိုးနဂါး၊လိပ်နက်၊မီးငှက်နှင့် ကျားဖြူကလန်များဖြစ်ကြသည်။
သူတို့သည် တုနှိုင်းမဲ့ သဘာ၀လွန်စွမ်းအားများဖြင့် မွန်းစတားကလန်ကို အုပ်စိုးကြသည်။

အရှင်မှော်နက်သည် လိပ်နက်မျိုးနွယ်စုဖြစ်ပြီး အဆုံးမဲ့ညသစ်တော၏ ရှင်ဘုရင်လဲဖြစ်သည်။
ထိုအဖိုးအိုသည် နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေသော လိပ်နက်မျိုးနွယ်စုမှ ဖြစ်နေလိမ့်မည်ဟု ရှီယန် မမျှော်လင့်ခဲ့ပါ။

တိအန်းမြို့တော်သို့ သူ ရောက်ခါစ အချိန်ကို ပြန်သတိရမိသည်။
ဇူရှီက သူမ ရရှိလာသော လိပ်ခွံပေါ်မှ ရှေးဟောင်းစာလုံးများကို ဘာသာပြန်ရန် သူ့ကို အကူအညီတောင်းခဲ့သည်။
ထို့နောက်တွင် သူမက မီးတောင်ချော်နက်ကျောက်စာ သိုင်းပညာကို ဆက်ခံရရှိခဲ့ပြီး လိပ်နဂါးသံချပ်ကာကိုလဲ ပိုင်ဆိုင်နိုင်ခဲ့သည်။

ထို့ကြောင့်ပင် အရှင်မှော်နက်က ဇူရှီ့ကို ရင်းနှီးသွားပြီး သူ၏ ဆွေမျိုးရင်းကဲ့သို့ စောင့်ရှောက်ပေးနေသည်လားမပြောတတ်ချေ။

“ငါတို့ လိပ်နက်ကလန် သွေးဆက်တွေသာ ငါတို့ လိပ်နက်မျိုးနွယ်ရဲ့ ဥာဏ်အလင်းတွေကို ဆက်ခံနိုင်တာ…ဇူရှီဟာ ငါတို့ လိပ်နက်ကလန်သွေးဆက်ဖြစ်တယ်…မင်းထင်သလို မဟုတ်ဘူး”
အရှင်မှော်နက်က တစ်စုံတစ်ရာ နားစွင့်နေသလို ငြိမ်နေပြီးမှ စိတ်မရှည်ဟန်ဖြင့် ရှင်းပြလာသည်။

ရှီယန် တုန်လှုပ်ခြောက်ခြားကာ အော်ဟစ်လိုက်မိသည်။
“ခင်ဗျားက စိတ်ဖတ်နိုင်တာလား”

အရှင်မှော်နက်က နှာခေါင်းရှုံ့လိုက်ရင်း
“ဒါ ဘာခက်လို့လဲ… မင်းက အတွေးကို ဝိညာဉ်စွမ်းအင်နဲ့ ကာကွယ်ထားခြင်းမှ မရှိတာ…ငါ့အဆင့်နဲ့ဆို မင်းစိတ်ကိုဖတ်ဖို့ ဘာစွမ်းအင်မှသုံးစရာတောင်မလိုဘူး…ငါ့လက်ဖဝါးကို လှန်လိုက်သလိုပဲ လွယ်ကူတယ်”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora