660

579 60 0
                                    

Chapter 660: နတ်ဘုရားလက်နက်များ စတေးခြင်း

အဆုံးမဲ့ညသစ်တော၏ အစွန်အဖျားတစ်နေရာ…

ရှေးဦးကလန်ကြီးများ၏ အထက်ကောင်းကင် ရေပြင်ကဲ့သို့ ငြိမ်သက်ကျယ်ပြန့်သော အလွှာတစ်ခုပေါ်တွင် ရှီယန်နှင့် သက်တမ်းရင့်အဖွဲ့ကြီးခုနှစ်ခုတို့၏ တိုက်ပွဲပုံရိပ်များ ထင်ဟပ်လျှက်ရှိသည်။

မျိုးနွယ်ခြား သိုင်းထိပ်သီးများသည် မြင်ကွင်းကို ကြည့်ရင်း ထူးဆန်းသော မျက်နှာများဖြစ်လာကြသည်။

ပေါင်အိုက ထို မှော်မှန်သားပြင်ကို မော့ကြည့်နေသည်။
ဒါက ရှီယန့်လည်ပင်းတွင် သူချန်ထားရစ်ခဲ့သော အမှတ်အသားလေးမှ ဖမ်းယူထုတ်လွှင့်နေခြင်းဖြစ်သည်။
တိုက်ပွဲမြင်ကွင်းတစ်ခုလုံးကို သူတို့က အသေးစိတ်မြင်တွေ့နိုင်သည်။

“ဘယ်ခေတ်မှာပဲဖြစ်ဖြစ် လူသားတွေရဲ့ သောက်ကျင့်က ပြောင်းလဲမသွားဘူး။သူတို့အချင်းချင်း အမြဲချနေကြတာပဲ။ဘယ်လောက်ထူးဆန်းတဲ့ မျိုးနွယ်လဲ”
ကိုမိုးရပ်စ်က မှော်မှန်သားပြင်ပေါ်မှ မြင်ကွင်းကိုကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေသည်။သူ့မျက်နှာက ထုံးစံအတိုင်း မဲမှောင်လို့နေ၏။

တစ္ဆေအမှတ်အသားကလန်၊အမှောင်ဝိညာဉ်ကလန်နှင့် မိစ္ဆာကလန်တို့က ပွဲကြီးပွဲကောင်းကို မြင်တွေ့နေရသလိုမျိုး မြင်ကွင်းကို အလွတ်မပေးပဲ လိုက်ကြည့်နေကြသည်။

လူသားမျိုးနွယ်သည် လူမျိုးသုဉ်းမည့် ကပ်ဘေးကြီး ကျရောက်နေချိန်ဖြစ်သည်။
သို့သော် ယခုလို သေရေးရှင်ရေးအခြေအနေမှာပင် လူသားအချင်းချင်း လက်မတွဲနိုင်သည့်အပြင် အချင်းချင်း သတ်ဖြတ်ရန်ပင် ကြိုးစားနေကြသည်။

မျိုးနွယ်ခြားတို့၏ အမြင်တွင် ဒါက စိတ်၀င်စားစရာကောင်းလှသည်။

ဘယ်မျိုးနွယ်စုမဆို မိမိမျိုးနွယ်အရေးကိုသာ ဦးထိပ်ထားကြသည်။
ပြင်ပရန်စွယ်ကို ဖြိုခွင်းရမည့်အချိန်မျိုးတွင် အချင်းချင်းအကြားရှိ မည်သည့် ရန်ငြှိုးမဆို မေ့ထားကြမည်သာ။

မည်သည့်မျိုးနွယ်စုအတွက်မဆို စည်းလုံးခြင်းသည် အောင်မြင်ခြင်းဖြစ်သည်။
လူသားကလန်တစ်ခုသာ ကွဲပြားခြာနားနေခြင်းဖြစ်ပြီး သတ္တိကောင်းတာလား မိုက်မဲတာလား မသိတော့ချေ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang