775

500 87 0
                                    

Chapter 775: သေဆုံးခြင်း ကောင်းကင်
အထွတ်အထိပ် သန့်စင်းခြင်း နယ်မြေ။
အာကာသပင်လယ် မျိုးနွယ် နတ်ဘုရင် ပထမ အဆင့် အကျဉ်းသားသုံးယောက်၏ စိတ်လှုပ်ရှားမှုများက ပျောက်ဆုံးသွားသည်။ သူတို့က အေးစိမ့်မှုကို ခံစားမိကာ ဖြူလျော်လာကြသည်။
ရှီယန်၏ စွမ်းအင်ဥာဏ်အလင်းက သူတို့ ခန့်မှန်းထားသည့်ထက် ကျော်လွန် ထူးဆန်းနေသည်။ သူတို့ တုံ့ပြန်ရန် အချိန် မရခဲ့ပါ။ သူတို့၏ ယူဆချက် အမှားကြောင့် သူုတို့ ခန္ဓာကိ်ုယ်ထဲမှ စွမ်းအင် တဝက်ကျော် စုစည်းကာ မြစ်သုံးစင်းကို တည်ဆောက်သည်။ သို့ရာတွင် ဟင်းလင်းပြင်ကအက်ကွဲကာ မျက်တောင် တစ်ခတ်အတွင်း အားလုံးကို ဝါးမျိုသွားသည်။
သူတို့ အသုံးပြုခဲ့သော စွမ်းအင်က ဟင်းလင်းပြင် အက်ကြောင်း အတွင်းသို့ ဝင်ရောက်သွားပြီးနောက်သူတို့ ပြန်လည် ရယူရန် မတတ်နိုင်ခဲ့ပါ။ သူတို့၏ စွမ်းအင်က အများအပြား လျော့ကျသွားခဲ့ပြီဖြစ်သည်။
တစ်ဖက်တွင် လျော့ကျနေချိန်၌ အခြား တစ်ဖက်က တိုးပွားနေသည်။ အဘယ်ကြောင့်ဆိုသော် ရှီယန်က ဝိညာဉ်သဂြိုလ်ခြင်း အသိကို အစောကြီးကတည်းက တိတ်တဆိတ် ဖော်ထုတ်ထားခဲ့ခြင်းဖြစ်သည်။ သူတို့ ဘာမှ သတိမထားမိခင်မှာပင် အကျဉ်းသား သုံးယောက်၏ အသက် စွမ်းအင်က သိသိသာသာ လျော့ကျလာသည်။
အာကာသပင်လယ်မျိုးနွယ်၀င်သိုင်းသမားများမှာ စွမ်းအင် ပမာဏ အများအပြား အသုံး ပြုခဲ့ပြီးဖြစ်သည်။ ရှီယန်က သူတို့၏ အသက်စွမ်းကို ထပ်ယူသည်။ သူ့ဝိညာဉ်နှင့် ကီတွင်တုန်လှုပ်ဖွယ် စွမ်းအင်များနှင့် ပြည့်နှက်နေသည်။
-------
အမှောင် ကောင်းကင်ကြယ်၊ နန်းတော်ထဲ၌…
မှော်ကြေးမုံကြီးကို ကြည့်ရှုနေသော တုထျန်းကျင်၏ မျက်လုံးများက လင်းလက်သွားသည်။ သူ အံ့အားသင့် နေ၏။ ပြီးနောက် သူ့ဘေးရှိ မင်းသမီး ကျိယောင်ဘက်သို့ လှည့်လိုက်သည်။
“ ကျိအာ..၊ ဒီကောင်လေးက ဟင်းလင်းပြင် စွမ်းအင်ဥာဏ်အလင်းကို ဘယ်လို သုံးရမလဲဆိုတာ သိနေတာလား”
ကျိယောင် အနည်းငယ် ရှက်သွားသည်။ သူက ရှီယန်သည် ကျင့်ကြံခြင်းအပေါ်တွင် အာရုံမများကြောင်း ပြောခဲ့သည်။ ယခု သူက ရုတ်တရက် လေဟာနယ် စွမ်းအင် အသိကို အသုံးပြုခဲ့ရာ သူမအား အနေခက်စေသည်။
“အဖေ၊ သူ့ကျင့်ကြံနေတဲ့ စွမ်းအင် အသိတွေက တကယ့်ကို ရောထွေးနေတယ်။ ဒါပေမဲ့…”
တုထျန်းကျင်က လက်ဝေ့ယမ်းက ဆက်မပြောရန် အချက်ပြလိုက်သည်။ သူက ခပ်သဲ့သဲ့ ပြုံးကာ…
“သမီး ပြောပုံ အရဆို သူ ဘာလုပ်နေမှန်း သူ သိတယ်ပေါ့…ကောင်းပြီ။ သူ လုပ်နေတာကို ငါ မြင်ချင်တယ်”
ကျိယောင် အားတင်းကာ ပြုံးလိုက်သည်။
တုထျန်းကျင်က မေးစေ့ကို ပွတ်သပ်ရင်း…
“ဒီလို လောဘကြီးတဲ့ ကောင်လေး။ တကယ်လို့ တစ်စုံတစ်ယောက်မှာ သေခြင်းဥာဏ်အလင်း ရှိနေရင် သူ့မျက်လုံးထဲမှာ အရာအားလုံးက ဘယ်တော့မှ မလွှမ်းမိုးနိုင်ဘူး။ ဒေါသမီးလျှံကြယ်တာရာနယ်မြေမှာ သေဆုံးခြင်း စွမ်းအင် အသိက ရှားပါးတယ်။ လူအများကြီးက ဒါကို မြင်တွေ့ရဖို့ အခွင့်အရေး မရှိခဲ့ဘူး။ ဒါတောင် သူက ဒီစွမ်းအားနဲ့ မကျေနပ်သေးဘူး။ မတူညီတဲ့ စွမ်းအင် အသိတွေကို ကျင့်ကြံခြင်းနေတုန်းပဲ။ ဒီကောင်လေး ဘာလိုချင်မှန်း ငါလည်း မသိတော့ဘူး”
“သူရဲ့ လေဟာနယ် စွမ်းအင် နားလည်မှုက ပေါ့ပေါ့တန်တန် မဟုတ်ဘူး”
ကျိယောင်က ရှင်းပြသည်။
တုထျန်းကျင် ခေါင်းညိတ်သည်။
“အဲတာကို အဖေ မြင်နိုင်တယ်။ သူက အစစ်မှန် နတ်ဘုရား အဆင့်မှာတောင် လေဟာနယ်ကို ဆုတ်ဖြဲနိုင်တယ်။ ဒါက သူ့လေဟာနယ် စွမ်းအင် အသိ နားလည်မှုက သာမန် မဟုတ်ဘူးလို့ သက်သေပြနေတာ။ ဒါပေမဲ့ သူ နတ်ဘုရင် နယ်ပယ်ကို ရောက်ရင် အနာဂါတ် သူ့ကျင့်ကြံမှုအတွက် အချိန်ကောင်း ရှိမှာ မဟုတ်တော့ဘူး။ ဒါက ကောင်းတဲ့ အရာ တစ်ခုလားဆိုတာ အဖေလည်း မသေချာဘူး”
ကျိယောင် ခေါင်းခဲသွားသည်။
“ဟုတ်ကဲ့။ ဒါပေမဲ့ ဒီလူက အတော်လေး ထူးခြားတယ်။ သူမှာ လျှို့ဝှက်ချက် အများကြီး ရှိတယ်။ အဖေ၊ သူ့ကို စောင့်ကြည့်သင့်တယ်။ သမီးတောင် သူ့ကို နက်နက်နဲနဲ နားမလည်သေးဘူး။ သူ့ဖုံးကွယ် ထားတဲ့ အရာတွေကို သမီး မမြင်ဘူး”
“စိတ်ဝင်စား စရာပဲ”
တုထျန်းကျင် ခေါင်းညိတ်ကာ ရှီယန်အပေါ် သူ၏ စိတ်၀င်စားမှုကို ပြသသည်။
------
အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေအတွင်း၌…
ဖျော့တော့နေသော မျက်နှာနှင့် ပင်လယ်ကလန်၏ ကျွမ်းကျင်သူ သုံးယောက်ကို ကြည့်ကာ ရှီယန် နှုတ်ခမ်းစေ့ကာ ပြုံးလိုက်သည်။ သူက ထိုသုံးယောက်ထံ တစ်လှမ်းချင်းလှမ်းလျောက်သွား လိုက်သည်။
သူ့ခြေလှမ်းတိုင်းကာ ခိုင်မြဲကာ နေရာတိုင်းကို ဖိနှိပ်သည်။ မြေအောက်တွင် ပုန်းအောက်နေသော အင်စက် ပိုးမွှားများ၏ စိုးစိုးစီစီမြည်သံများ ရပ်တန့် သွားသည်။
တာ့လီ၏ မျက်လုံးက တလက်လက် တောက်ပနေသည်။ သူသည် စိတ်ထဲတွင် တုန်လှုပ်နေသော်လည်း ခေါင်းထဲ၌ ချီးကျူး ဂုဏ်ပြုနေသည်။
ဟောဒီမှာ လာပါပြီဗျာ…။
၎င်းကို ထုတ်လွှတ်သော အခါတိုင်း ဝိညာဉ်သဂြိုဟ်ခြင်း စက်၀န်းထဲတွင် နစ်မြုပ်နေသူသာ သေခြင်းတရားကို ခံစားရသည်။
အပြင်ဘက်တွင် ရပ်နေသော လူများသည် ပုံရိပ် ပြသနေသည့် ကြေးမုံရေကန်ပေါ်တွင် ဝိညာဉ်သဂြိုဟ်ခြင်း ဖြစ်စဉ်ကို မရှာဖွေနိုင်ပါ။ ပန်းပွင့်၊ သစ်ပင်နှင့် အင်းစက်များ၏ မတူညီသော အခြေအနေကို ကြည့်ကာ ရှီယန် ထိုစွမ်းအား အသုံးပြုနေမှန်း တာ့လီ သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။ ထိုစွမ်းအင်ကို ကိုယ်တိုင် မြင်တွေ့ဖူးသောကြောင့်လည်း ၎င်း၏ ဆိုးဝါး ရက်စက်မှု အမှတ်အသားများကို သူ သိသည်။
ရှီယန့်အနီးတွင် မိုးရေ စက်များကဲ့သို့ သေးငယ်သော အလင်းစက်များ စုရုံးနေသည်ကို သူတို့ မမြင်နိုင်ပါ။
သို့သော် အခြား ကြည့်ရှုသူများသည် ရှီယန်၏ လျှောက်နေသည့် ဘေးမှ ကွဲပြားမှုများကို သတိ ပြုမိသည်။ ထိုနေရာတွင် ဘာဖြစ်နေမှန်း သူတို့ မသိသော်လည်း ထိတ်လန့် သွားကြသည်။
တာ့လီအပြင် အခြား သူများကြား၌ ၎င်းကို မှတ်မိသတိပြုမိသူမှာ လီအိုနာ ဖြစ်သည်။
သစ်ရွက်များ၊ ပန်းပွင့်များနှင့် သစ်ပင်ကြီးများပင် တွန့်လိမ်ခြောက်ခမ်းသွားသည့်ကို တွေ့သည်နှင့် သူမ၏ အစိမ်းရင့်ရောင် မျက်ဝန်းက တလက်လက် တောက်ပသွားသည်။ သူမက ရယ်မောခြင်းကို ရပ်တန့်ကာ ကွင်းထဲရှိ အခြေအနေ အားလုံးကို အာရုံ စိုက်လိုက်သည်။
အိုကူဒို၊ ရိုချက်စတာ၊ ခါသေ့နှင့် တုထျန်းလီတို့က မည်သည့် အရာမျှ သဘော မပေါက်ချေ။ သူတို့သည် အာကာသပင်လယ်မျိုးနွယ် အကျဉ်းသားသုံးယောက်၏ ကီ၊စိတ်နှင့် ဝိညာဉ်တို့ ထွက်ခွါသွားသလို မျက်လုံးများ တဖြည်းဖြည်း မဲမှောင် သွားသည်ကိုသာ တွေ့လိုက်သည်။
သူတို့၏ တိုက်ခိုက်ခြင်း ဆန္ဒများ လျော့ကျလာသည်ကို အလွယ်တကူ သတိ ပြုမိသည်။ သူတို့၏ ဆန့်ကျင်ဘက်တွင် ရှီယန်၏ တိုက်ခိုက်ခြင်း ဆန္ဒက ပွက်ပွက်ဆူနေသည်။ သူ့မျက်လုံးက စိတ်လှုပ်ရှားမှု အလင်းရောင်နှင့် တလက်လက် တောက်ပနေသည်။ တောနက်ထဲမှ ဝမ်းဆာနေသော သားရဲကောင် အစာရှာရန်အတွက် အပြင်သို့ ထွက်လာသည်နှင့် တူ၏။
ဝမ်းဆာနေသော သားရဲကောင် အစား မှာဉ်ကို မရှာနသူသာ သေခြင်းတရားကို ခံစားရသည်။
ရှီယန်က အေးဆေးစွာ လမ်းလျောက်သည်။ သူ့မျက်နှာက တည်ငြိမ် အေးစက်နေသည်။ သူက ထိုကျွမ်းကျင်သူ သုံးယောက်နှင့် မီတာ တစ်ထောင် အဝေးသို့ ရောက်သောအခါ ရပ်နားပြီး အော်ဟစ်လိုက်သည်။
“သေဆုံးခြင်း ကောင်းကင်”
သူ့ထံမှ သေဆုံးခြင်း၊ တိတ်ဆိတ်ခြင်းနှင့် မျှော်လင့်ခြင်းမဲ့ အော်ရာများ ရုတ်တရက် ပျံ့နှံ့သွားသည်။ သူ့ဝိညာဉ် အသိမှ ရက်စက်ခြင်း၊ သွေးဆာခြင်း၊ အကြင်နာ ကင်းမဲ့ခြင်းနှင့် အခြား ဆိုးဝါးသော စွမ်းအင်များ တဟုန်ထိုး ထွက်ပေါ်လာသည်။ စွမ်းအင် စီးဆင်းမှုက မီးခိုးပြာမြူ တစ်ခုအဖြစ် ပြောင်းလဲကာ သူ့ခေါင်းထက်တွင် စုစည်းသည်။ ယင်းကာ ကြီးမားသော မီးခိုးရောင် ကန်လန့်ကာ တစ်ခု ဖြစ်လာသည်။
ထိုမီးခိုးရောင် ကန်လန့်ကာထဲတွင် အသက်စွမ်းအင် အမျိုးအစား အားလုံးကို ဖြတ်တောက်နိုင်ဟန် ရသည့် သိပ်သည်းသော သေဆုံးခြင်း အော်ရာ ရှိနေသည်။
ယင်းကား သူ စမ်းသပ် လေ့လာခဲ့သော သဘာဝ စွမ်းအင် သိုင်းနည်းစနစ်များအနက် တစ်ခုဖြစ်ပြီး သေဆုံးခြင်း စွမ်းအင် အသိအဖြစ် နားလည် သဘောပေါက်ခဲ့သည်။ သေဆုံးခြင်း စွမ်းအင် အသိ၏ အခြေခံ အုတ်မြစ်ကား မကောင်းသော စွမ်းအင်များကို သိပ်သည်းပြီး သေဆုံးခြင်း ကောင်းကင် ကန်လန့်ကာကြီးကို ဖန်းတီးကာ တိုက်ခိုက်ခြင်း ဖြစ်သည်။
သေဆုံးခြင်း ကောင်းကင် ကန်လန့်ကာက အာကာသပင်လယ်မျိုးနွယ်၀င် အကျဉ်းသားသုံးယောက်ကို ဖုံးအုပ်ထားသည်။ သူတို့၏ မျက်နှာက မည်းမှောင်ကာ ကြောက်လန့်နေသည်။
မီးခိုးရောင် ကောင်းကင်ထဲတွင် မကောင်းသော ခံစားချက်က လွန်စွာ များပြားသည်။ သူတို့၏ မျက်ဝန်းထဲတွင် ၎င်းက သေဆုံးခြင်း ကမ္ဘာတစ်ခု ဖြစ်သည်။ အသက်ရှင်သန်ရန် မျှော်လင့်ချက် မရှိမှန်း သူတို့သိလိုက်၏။ နေရာတိုင်းက အေးစက် တ်ိတ်ဆိတ်ကာ သေခြင်း အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း သေဆုံးခြင်း ကမ္ဘာမှ သူတို့အား အော်ခေါ်နေသော မရေမတွက်နိုင်သည့် တစ္ဆေခေါ်သံကို ကြားနေရသည်။
သူတို့၏ ဦးနှောက်က ရှုပ်ထွေးကုန်သည်။ သူတို့သည် သေဆုံးခြင်း ကမ္ဘာ၏ အစိတ်အပိုင်း ဖြစ်သည်ဟုသော ထူးဆန်းသည့် အတွေးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ ဘာကိစ္စပဲ ရှိနေပါစေ၊ ထိုကမ္ဘာနှင့်သာ သူတို့ သက်ဆိုင်တော့သည်။
မကောင်းသော စိတ်ခံစားမှု မြင့်တက်လာသည်နှင့်အမျှ သူတို့၏ တိုက်ခိုက်လိုစိတ်နှင့် ယုံကြည်မှုများ ပုံဖျက်ရသည်။ ယခု သူတို့က ပြီးပြည့်စုံသော အတွေးတစ်ခုကို မဖန်းတီးနိုင်တော့ပါ။ သူတို့ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက ဘယ်တော့မှ နှိုးကြွလာခြင်း မရှိတော့ပါ။
သူတို့ မျက်ဝန်းထဲမှ စိတ်ရှုပ်ထွေးမှုများ ရှင်းလင်းသွားသည်။ သူတို့ သုံးယောက်ကား ရူးသွပ်သွားဟန် တူ၏။ သူတို့က ထိုနေရာတွင် ရပ်နေဆဲ ဖြစ်ပြီး သေဆုံးခြင်း ကောင်းကင်က သူတို့အပေါ်သို့ ကျဆင်းလာသည်။
သေဆုံးခြင်း ကောင်ကင်အတွင်း၌ သေဆုံးခြင်း စွမ်းအင်များ သ်ိပ်သည်းကာ သေခြင်းနိမိတ်ကို ဖန်းတီးသည်။ ၎င်းတို့က မီးခိုးပြာမြူ တိမ်တိုက်ထဲတွင် ပေါက်ကွဲကာ အကျဉ်းသား သုံးယောက်ကိုအပြည့်အ၀ လွှမ်းခြုံသည်။ ထိုအန္တရာယ် ကျရောက်သည့် အခိုက်၌ သူတို့ အားလုံး အလိုအလျောက် နှိုးထလာသည်။
သူတို့က နောက်တစ်ကြိမ် နတ်ဘုရား နယ်ပယ်ကို နှိုးထကာ ခန္ဓာကိုယ် အတွင်းရှိ မကောင်းသော စွမ်းအင်များကို တိုက်ထုတ်သည်။ ပြင်းထန်သော ရေစီးကြောင်း တစ်နှင့်အတူ ရေစွမ်းအင် တစ်ခု ချဲ့ထွင်လာကာ အဖြူရောင် အလင်းလှိုင်းများ ကောင်းကင်သို့ စုပြုံး ထိုးတက်သွားသည်။
“လောင်ကျွမ်းစမ်း…”
ရှီယန် မျက်နှာက ပြောင်းလဲခြင်း မရှိ။ သူ့ဝိညာဉ်ထဲသို့ အတွေးတစ်ခု ပို့လွှတ်လိုက်သည်။
သူ့ခန္ဓာကိ်ုယ်ထဲတွင် မြေကမ္ဘာမီးလျှံ၊ မီးငှက် အစစ်မှန် မီးလျှံနှင့် နေစွမ်းအင် မီးလျှံများက ရိုင်းစိုင်း ကြမ်းတမ်းသော မီးလျှံမုန်တိုင်း တစ်ခုအဖြစ် ပေါင်းစပ်ကာ သူ့လက်မှ ပျံသန်း ထွက်သွားသည်။ မီးလျှံနဂါး မုန်တိုင်းကအခြား သုံးယောက် ဖန်းတီးထားသော ရေလှိုင်းဆီသို့ ပြေးဝင်သွားသည်။
မီးလျှံမုန်တိုင်း ပုံစံပျက်သွားသည့်တိုင် ရေလှိုင်းလုံးကတော့ ရေနွေးငွေ့များအဖြစ် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ဒဏ်ရာ ရသွားသော မီးနဂါးက ရှေ့သို့ ဆက်တိုးသည်။ တွန့်လိမ် ရှုံ့တွ ခြောက်သွေ့နေသော သစ်ပင်များ မီးလောင် ကျွမ်းကုန်သည်။ မာကြောသော ကျောက်တုံးများပင် အရည်ပျော်ကာ စေးပြစ်ကုန်သည်။ အချိန်တို အတွင်း၌ပင် ရှီယန် အရှေ့ရှိ မီတာ ထောင်ပေါင်းများစွာ ကျယ်သော ဧရိယာက မီးပင်လယ် တစ်ခု ဖြစ်လာသည်။
နေရာတိုင်းတွင် မီးလျှံများ ဖုံးအုပ်နေသည်။ မြေကမ္ဘာမီးလျှံနှင့် မီးငှက် အစစ်မှန် မီးလျှံတို့က အခွင့်ရေးကို သိမ်းပိုက်ပြီး အမျှော်အမြင်ရှိစွာဖြင့် ပျံသန်းသွားကာ သူတို့၏ မီးလျှံစွမ်းအင်များနှင့် မီးပင်လယ်ကို အားဖြည့်သည်။
အကျဉ်းသား သုံးယောက် ဖန်းတီးထားသော နတ်ဘုရား နယ်ပယ်က ရုန်းရင့် ကြမ်းတမ်းနေသော မီးတောက်များ လောင်ကျွမ်းခြင်းကို ခံလိုက်ရသည်။ သူတို့၏ စွမ်းအင်များကို အလျင်အမြန် ဝါးမျိုသည်။ အာကသပင်လယ်မျိုးနွယ်တို့သည် မီးကို အမြဲ ကြောက်ရွံ့သည်။ ၎င်းက သူတို့၏ သဘာဝရန်သူ ဖြစ်သည်။ ထို့ကြောင့် သူတို့က နောက်တစ်ကြိမ် ငေးငိုင်သွားကြပြန်သည်။
သေဆုံးခြင်း ကောင်းကင်၏ မိစ္ဆာ စွမ်းအင်များက သူတို့၏ ဝိညာဉ် အသိပေါ်တွင် သက်ရောက်သည်။ သူတို့၏ ယစ်ပလ္လင်ထဲတွင် မုန်တိုင်းထန်ကာ နတ်ဘုရား ဝိညာဉ်အပေါ်၌ပင် သက်ရောက် ခံရသည်။
အာကာသပင်လယ်မျိုးနွယ်၏ နတ်ဘုရား ပထမ အဆင့် သနားစရာလူသုံးယောက်သည် မှားယွင်းစွာ တွက်ချက်ခဲ့မိကြသည်။ ယင်းကြောင့် ရှီယန်၏ ဆိုးယုတ်မှုနှင့် ရက်စက်မှုက သူတို့၏ ဝိညာဉ်ကို ဖျက်ဆီးသည်။ သေဆုံးခြင်း ကောင်းကင်က သူတို့၏ စိတ်ကို ထိန်းချုပ်ကာ မီးပင်လယ် အတွင်းသို့ ဒီအတိုင်း လမ်းလျှောက်၀င်သွားစေခဲ့လေသည်။
ရှီယန်၏ မျက်နှာက တည်ငြိမ်နေသည်။ သူက ဝိညာဉ် အသိကို ထုတ်လွှတ်ကာ သူတို့ တစ်ယောက်ချင်းစီ၏ အခြေအနေကို စောင့်ကြည့်သည်။ သူ ဘယ်တော့မှ သတိမပြတ်ခဲ့ပါ။
မှန်ရေကန်ကို ကြည့်ရှုနေသူများ မင်သက်သွားကြသည်။ သူတို့၏ မျက်နှာ အမူအရာများက ဖရိုဖရဲဖြစ်နေကြသည်။
သူတို့သည် သေခြင်းနယ်နိမိတ်ထဲတွင် မဟုတ်လေရာ ထိုမိစ္ဆာ စွမ်းအင်က အကျဉ်းသားများ၏ ဝိညာဉ်ကို မည်သို့ သက်ရောက်နေကြောင်း သူတို့ မသိနိုင်ပါ။ သူတို့၏ အမြင်တွင် အာကာသပင်လယ်မျိုးနွယ်၀င်သုံးယောက်သည် ရူးသွပ်စွာဖြင့်် မီးပင်လယ် အတွင်းသို့ ဆင်းသွားသည်။ သူတို့ကို မီးခိုးပြာမြူများ ဖုံးအုပ်ထားသည်။
ထိုအခိုက်တွင် ကြည့်ရှုနေသူများ ရုတ်တရက် သဘောပေါက်သွားသည်။ အာကာသပင်လယ်မျိုးနွယ် သုံးယောက်သည် ရှီယန်၏ ထူးဆန်းပြီး အန္တရာယ်ရှိသော စွမ်းအင်အောက်တွင် လုံးဝ ကျရောက်နေသည်။ သူတို့က ထိုအခြေအနေအောက်မှ ရုန်းထွက်ရန်ပင် မမျှော်လင့်တော့ပါ။
ပြီးတော့ ယင်းကား အမှန်တရား ဖြစ်၏။
အာကာသပင်လယ်မျိုးနွယ် အကျဉ်းသားသုံးယောက်က မီးပင်လယ်ထဲသို့ ဆင်းသွားသည်။ သူတို့၏ နတ်ဘုရား ခန္ဓာကိုယ်က မြေကမ္ဘာ မီးလျှံနှင့် မီးငှက် မီးလျှံ၏ လောင်ကျွမ်းမှု အင်အားကို မခုခံနိုင်ပါ။ အချိန်တို အတွင်း၌ သွေးအရည်ပျော်များအဖြစ်သို့ပြောင်းလဲကာ သွေးမြူအဖြစ် အငွေ့ပျံသွားလေတော့သည်။
ထူးဆန်းဆုံး အရာကား နာကျင်မှုကို မခံစားရခြင်း ဖြစ်သည်။ သူတို့၏ နတ်ဘုရား ခန္ဓာကိုယ်က တဖြည်းဖြည်း အရည်ပျော်သွားသည့်တိုင် နှိုးထလာခြင်း မရှိတော့။
သန့်စင်ခြင်း ကြယ်၏ ထောင့်တစ်နေရာမှ တိုက်ပွဲကို စောင့်ကြည့်နေသူများ၏ မျက်ဝန်းတို့က လင်းလက်နေသည်။ ရုတ်တရက် သူတို့၏ ကျောရိုးတစ်လျောက် အေးစိမ့်မှုကို ခံစားလိုက်ရသည်။ သူတို့၏ နှလုံးသားမှ အေးစက်မှုနှင့် ကြောက်ရွှံ့မှုများ မြင့်တက်လာသည်။
အာကာသပင်လယ်မျိုးနွယ်၀င် သုံးယောက်၏ သေဆုံးခြင်းက ရက်စက်ကြမ်းကြုတ်ခြင်း ရွံရှာဖွယ်ဖြစ်ခြင်းမျိုးမရှိပါ။ သို့သော် မြင်ရသူအပေါင်းတို့ကို စိတ်မသက်မသာဖြစ်စေခဲ့သည်။
ဘယ်သူက ကိုယ့်အသက်ကို တန်ဖိုးမထားဘဲ နေမှာလဲ။ ဘယ်သူက ငြိမ်ငြိမ်လေး မီးရှို့ခံမှာလဲ။ ဘယ်သူက ကိုယ်ကိ်ုယ့်ကိုဒီအတိုင်း အသေခံလိုက်မှာလဲ…။
အာကာသ ပင်လယ်မျိုးနွယ် အကျဉ်းသား သုံးယောက်၏ သွေးအေးစွာ သေဆုံးမှုက ကြည့်ရှုနေသူများကို ကြက်သီးထစေသည်။ သူတို့ အားလုံး၏ ဦးရေပြားက ထုံကျဉ်နေသလို ခံစားရသည်။
သည်ကောင်လေးက ကြောက်စရာ ကောင်းသော အဆိပ်ဆူး ဖြစ်သည်။ ရန်သူကို နာကျင်မှု သို့မဟုတ် တုံ့ပြန်မှု မရှိအောင် သူ ဘာလုပ်ခဲ့မှန်း ဘယ်သူမှ မသိနိုင်ပါ။ ထိုအရာက မည်သည့် အမျိုးအစား စွမ်အင်ဥာဏ်အလင်းဖြစ်ပါသနည်း။
အိုကူဒို၊ ရိုချက်စတာနှင့် ခါသေ့တို့၏ မျက်နှာက ညို့မှိုင်းနေကြသည်။ သူတို့၏ မျက်ဝန်းထဲတွင်ပင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိနေသည်။ ရှီယန်သည် သတိထားစောင့်ကြည့်ရမည့် ပြိုင်ပွဲ၀င်တစ်ယောက်ဖြစ်ကြောင်း သူတို့ တိတ်တဆိတ် အသိအမှတ်ပြုလိုက်ကြသည်။ ထိုသို့ ဆိုးဝါး ရက်စက်သော သက်ရောက်မှု ရှိသည့် စွမ်းအင် အသိကို ရှီယန် ဘယ်လိုလေ့ကျင့်ထားမှန်း သူတို့ မသိနိုင်ပါ။
တာ့လီကတော့ တင်းကြပ်စွာ မျက်မှောင်ကြုတ်ရင်း နှုတ်ဆိတ်နေသည်။
လီအိုနာသည် တစ်ခုခုကို အတည်ပြုလိုက်နိုင်ပုံရ၏ သူမက တည်ငြိမ်အေးဆေးနေသည်။ စိတ်အေးလက်အေးဖြင့် ရေခဲသစ်သီးတစ်လုံးကို ကိုက်ကာ အရသာခံလျှက်ရှိသည်။ သူမစိတ်ထဲတွင် ရှုပ်ထွေးနေသော မေးခွန်းတစ်ခုကို အဖြေရှာတွေ့သွားခဲ့သည့်နှယ်…။
----- ------ ------ ------ ------ ----- ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin