736

547 63 1
                                    

Chapter 736: စိတ်ရောဂါရှိတာလား

“ နင် ဘာလို့ စကားမပြောတော့တာလဲ”

ကျိယောင်၏ စိတ်ထဲတွင် သိချင်စိတ်များ ပြင်းပြလာသည်။ သူမက ရယ်မောရင်း ထိုအကြောင်းအရာအပေါ်သာ အာရုံစိုက်နေသည်။ သူမ လက်မလျှော့လိုသေး။

“ငါမသိဘူး”

ခနနေတော့ ရှီယန် အားတင်းကာ ပြုံးလိုက်သည်။

“ငါနဲ့ သူနဲ့ ဘာဖြစ်လို့ ဆန့်ကျင်ဘက်လမ်းကို လျှောက်နေကြတာလဲ ငါမသိတော့ဘူး။ နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ ငါတို့ အကောင်းဆုံးကြိုးစားဆောက်တည်ခဲ့ကြတယ်။ ဆန့်ကျင်မှုတွေအများကြီးပဲ။ ဒါပေမဲ့ နောက်ဆုံး ငါနိုင်သွားတဲ့အချိန်မှာ သူ့မိသားစု ပျက်စီးတယ်။

သူတို့ဟာ ထွက်ပြေးပုန်းရှောင်ခဲ့ရတယ်။ သူမကိုယ်တိုင်လဲ အမည်မဲ့ ပြင်ပ ဟင်းလင်းပြင်တစ်နေရာကို ထွက်ပြေးသွားရတယ်။ သူ အသက်ရှင်နေလား သေသွားပြီလားတောင် ငါမသိတော့ဘူး။ ငါတို့ ပြန်တွေ့ကြတဲ့အချိန်မှာ သူ ငါ့ကို မုန်းနေမလားပဲ။ ဘာလုပ်ရမှန်းတောင် ငါမသိတော့ပါဘူး”

“နင်က ရက်စက်တယ်”

ကျိယောင် ခံစားချက်များ ပြင်းထန်လာဟန်ရသည်။

“နင် သူ့ကို ချစ်တယ်ဆိုရင် သူ့မိသားစုကို ဘာဖြစ်လို့ ဆိုးရွားတဲ့ အခြေအနေရောက်အောင် လုပ်လိုက်ရတာလဲ။ ထွက်ပေါက်လေးတောင် မပေးနိုင်ဘူးလား”

“ငါမလုပ်နိုင်ဘူး”

ရှီယန်က ဝိုးတဝါး ပြန်ဖြေသည်။သို့သော် သူ့အသံက ပြတ်သားမှုများပါ၀င်နေဆဲဖြစ်သည်။

ကျိယောင် အံ့အားသင့်သွားသည်။ သူမက အတန်ကြာ စိုက်ကြည့်နေပြီးမှ သက်ပြင်းချလိုက်ရင်း

“နင်…ဟင်း…မိန်းမတွေဟာ နင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်မဟုတ်တာ ငါသိတယ်။နင့်ကို ချစ်မိတဲ့ မိန်းမတွေဟာ လှပတဲ့ အနာဂါတ်ရှိမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မိန်းမတစ်ယောက်အတွက် အပျက်ခံမှာမဟုတ်လို့ပဲ။ သူမအတွက်နဲ့ နင့်အိမ်မက်ကို နင်ရပ်တန့်မှာမဟုတ်ဘူး”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin