661

543 66 1
                                    

Chapter 661: ဘယ်တော့မှ ပျောက်ပျက်သွားမည်မဟုတ်သော

တစ္ဆေဝိညာဉ်ဓါးကြီးက တဖြည်းဖြည်းနှင့် နီရူ၏ ခန္ဓာကိုယ်ထဲမှ အပြင်ရောက်လာပြီဖြစ်သည်။
ဆွဲထုတ်နေစဉ်အတွင်း အစိမ်းလတ်လတ် အရိုးအကြောထုတ်ခံရသလို နာကျင်မှုမျိုးကို နီရူ ခံစားရသည်။
သူ့မျက်နှာက လူနှင့်မတူတော့လောက်အောင်ပင် တွန့်လိမ်လျှက်ရှိသည်။

တစ္ဆေဝိညာဉ်ဓါးကို ထုတ်ချိန်တိုင်း သူ၏ အသွေးအသားများကို ရင်းနှီးပေးဆပ်ရသည်။
သေရေးရှင်ရေးအခြေအနေမျိုးမဟုတ်လျှင် နီရူက ဓါးကို ဘယ်တော့မှ အသုံးပြုလိမ့်မည်မဟုတ်ပါ။
ဤနတ်ဘုရားလက်နက်သည် သူ့ခန္ဓာကိုယ်ကို ရက်ရက်စက်စက်နာကျင်စေသည်။

တစ္ဆေဝိညာဉ်ဓါးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ပျံတက်သွားပြီးနောက် တဖြည်းဖြည်း ကြီးမားလာခဲ့သည်။
ဓါးနှင့်အတူ ဝိုးတဝါးမြင်တွေ့ရသည်က မီးခိုးရောင် အတောင်ပံများနှင့် အမြီးချွန်များရှိသော မွဲခြောက်ခြောက် တစ္ဆေဝိညာဉ် သုံးဆယ့်ခြောက်ကောင်။
တစ္ဆေဝိညာဉ်ကောင်များသည် လေဟာနယ်ကို ခွင်းကာ ငွေရောင်မြို့တော်ဆီသို့ ထိုးစိုက်၀င်ရောက်သည်။

တစ္ဆေဝိညာဉ် သုံးဆယ့်ခြောက်ကောင်၏ ပူးပေါင်းခွန်အားသည် တစ္ဆေဝိညာဉ်ဓါးနှင့်အတူ ပြင်းပြင်းထန်ထန် စီးဆင်းနေသည်။

ဓါးလမ်းကြောင်းတစ်လျှောက် ၀င်္ကဘာများနှင့် အတားအဆီးများအကုန်လုံး ထိုးဖောက်ခြင်းခံရသည်။

“ရွှစ်…”

သံတုံးသံခဲထက်ပင် မာကျောသော မြို့ရိုးသည် အလွန်ထက်ရှသော စွမ်းအင်တစ်ရပ်ဖြင့် ထိုးစိုက်ခြင်းခံရပြီး ဓါးက မြို့တွင်းသို့တိုင် တိုး၀င်သွားခဲ့သည်။

စကြာ၀ဠာ ပြန်လည်၀င်စားခြင်း ဆေးပေါင်းအိုးနှင့် ကွာခြားသည်က ဆေးပေါင်းအိုးသည် မြို့တော်တစ်ခုလုံးကို လွှမ်းခြုံတိုက်ခိုက်စဉ် တစ္ဆေဝိညာဉ်ဓါးက မြို့ရိုးနံရံ တစ်ခုတည်းကိုသာ ပစ်မှတ်ထားသည်။
ဓါးတွင်စုစည်းထားသော ခွန်အားသည် မြို့ရိုးနံရံ၏ မာကျောခိုင်ခံ့မှုကို ထွင်းဖောက်နိုင်ခဲ့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Onde histórias criam vida. Descubra agora