601

3.2K 119 1
                                    

Chapter 601: လျို့ဝှက်ရတနာများကိုပြန်လည်သန့်စင်ခြင်း

ရှီယန့်ခန္ဓာကိုယ်ပေါ်တွင် ဖုံးအုပ်နေသော ရွှေရောင်အခွံထူ၏အရောင်က တဖြေးဖြေးကွယ်ပျောက်သွားပြီး အလင်းတန်းများလည်းမှေးမှိန်ပျောက်ကွယ်သွားသည်။
ရွှေရောင်အခွံထူဖုံးထားသော ခန္ဓာကိုယ်မှ ထူးဆန်းတဲ့စွမ်းအင်အပြောင်းအလဲများ ပြင်းပြင်းထန်ထန် လှိုင်းထလာပြီး အချိန်နှင့်အမျှ ပိုမိုထကြွနိုးကြားလာကြသည်။

ဘုန်း

ရွှေရောင်အခွံမာကြီးအစိတ်စိတ်အမွှမွှကွဲထွက်သွားသည်။ထိုအခွံထဲမှ ထွက်ပေါ်လာသောရှီယန်ဧ။်ခန္ဓာကိုယ်သည် ရွှေရောင်တလက်လက်တောက်နေသော ဝတ်ရုံဆင်မြန်းထားသကဲ့သို့ တောက်ပနေသည်

ရှီယန်ကျေနပ်အားရစွာ အော်ဟစ်ရယ်မောမိသည်။

သူ၏ ဝိညာဉ်အသိကိုအသုံးပြုပြီး ခန္ဓာကိုယ်ကိုစမ်းစစ်လိုက်သောအခါရွှေခြင်ဆီဖြင့် သန့်စင်ထားသောသူ့အရိုးများသည် ယခုအခါ ရွှေရောင်သမ်းလျှက်ရှိသည်။

ထို့အပြင် ရွှေခြင်ဆီသည်အသားနှင့်သွေးကြောများထဲမှ ဖြတ်သန်းစီးဆင်းသွားပြီး သူ၏အဓိကကိုယ်တွင်းအင်္ဂါငါးခုကို ကြိတ်ခြေဖျက်စီးစေနိုင်လောက်သော ထူးဆန်းသည့်ရွှေစွမ်းအားများအဖြစ်ပြောင်းလဲသွားသည်။

Petrification Martial Spiritကြောင့်သာ သူ့ခန္ဓာကိုယ်၌ ရွှေအရောင်အဆင်းများရှိနေခြင်းဖြစ်သည်။ရွှေခြင်ဆီဖြင့် ဆေးကြောခြင်းဖြစ်စဉ်ပြီးသည့်နောက် ရှီယန်၏ ကျောက်ခန္ဓာသိုင်းဝိညာဉ်သည် တစ်ဖန်ပြောင်းလဲလာပြီးရွှေရောင်ပကတိဖြစ်နေတော့သည်။

ရှီမိသားစု၌ ကျောက်ခန္ဓာသိုင်းဝိညာဉ် အဆင့်လေးဆင့်ရှိသည်။ အဆင့်တစ်ခုခြင်းစီကိုလိုက်၍ မီးခိုးဖျော့၊အညိုရင်၊့စိမ်းဝါ၊ခရမ်းဟု အသားအရောင်များကွဲပြားကြသည်။

ထိုအဖြစ်အပျက်များမတိုင်မီက သူ့ အရေပြားသည် ရှီမိသားစု၏ အမြင့်ဆုံးအဆင့်ဟုယူဆကြသည့် ခရမ်းရောင်ဖြစ်သည်။

ထိုအရာသည် နောက်ဆုံးအဆင့်အမျိုးအစားဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ် ထပ်ပြီး ပြောင်းလဲတော့မည်မဟုတ်ဟု ထင်ခဲ့မိသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Tahanan ng mga kuwento. Tumuklas ngayon