669

553 68 0
                                    

Chapter 669:မြေလှန်ခြင်း

လင်းမန်၏ မျက်နှာတွင် သွေးတို့ဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ သူမသည် ယခုပင် သူမ၏ ရင်သွေးငယ်ကို ဆုံးရှုံးသွားရလိုမျိုး ဝမ်းနည်းကြေကွဲလျက် ရှိသည်။ သူမ၏ မျက်ဝန်းများတွင် နာကျည်းမုန်းတီးမှုများ ပြည့်နှက်လို့ လာသည်။

သူမက ထိုဆေးလုံးလေးများကို နှစ်ပေါင်းရာနှင့်ချီအောင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။ သေရေး ရှင်ရေး အခြေအနေ မဟုတ်လျှင် ၄င်းတို့ကို ဖြုန်းတီးမိမည် မဟုတ်ချေ။
သို့သော် သူမမျိုချမိသမျှ၏ သုံးပုံတစ်ပုံကို ပြန်အန်ထုတ်လိုက်မိပြီးပြီ ဖြစ်သည်။

ဒါတွေက နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ထွတ်မြတ်ခြင်းအဆင့် ဆေးဝါးများဖြစ်သည်။ အဖြူရောင်နယ်မြေ၏ ရတနာများလည်း ဖြစ်သည်။ သူမက ဆေးလုံးလေးများထဲမှ စွမ်းအင်ကို အပြည့်အဝ မစုပ်ယူရသေးပါ။ ၄င်းတို့ကို ပြန်အန်ထုတ်ခဲ့မိပြီ ဖြစ်သည်။

သူမ၏ မျက်နှာကို အချက်ပေါင်းများစွာ အရိုက်ခံထားရသလို ခံစားရသည်။ နာကျင်မှုနှင့် ဒေါသကို ဖိနှိပ်ရန်ပင် ခက်ခဲလှသည်။

လင်းမန်က အရူးအမူး ပေါက်ကွဲ တိုက်ခိုက်ချင်စိတ် ဖြစ်ပေါ်နေသည်။

သို့သော်လည်း စကြဝဠာပြန်လည်ဝင်စားခြင်း ဆေးပေါင်းအိုးနှင့် သူမ အဆက်အသွယ် ပြတ်တောက်သွားခြင်းက စိုးရိမ်ပူပန်မှုများကို တဟုန်ထိုး မြင့်တက်လာစေသည်။

ထိုအချိန်တွင် ရှီယန်၊ အင်ပါယယန်ခန်းဒီနှင့် အခြားသူများလည်း သူမထံသို့ ဝိုင်းရံလာကြသည်။ သူတို့က သူမနှင့် အသက်ခြင်း လဲတော့မည်ကဲ့သို့ ပြုမူလာကြသည်။

စကြဝဠာပြန်လည်ဝင်စားခြင်း ဆေးပေါင်းအိုး မရှိလျှင် သင့်လျှော်သော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ယခုတော့ သူမက ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော စွမ်းအင်များအပေါ်သာ မှီခိုရတော့မည် ဖြစ်သည်။

သို့သော်လည်း သူမ မျိုချခဲ့သော ဆေးလုံးလေးများကို အပြည့်အဝ မစုပ်ယူမီ အန်ထုတ်ခဲ့ရသည်။ ယခုအချိန်တွင် သူမက ခွန်အား ပြည့်ဝ မနေပါ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora