699

545 63 0
                                    

Chapter 699: ဥက္ကာခဲ မြို့တော်

အမှောင်ဝိညာဉ်ကလန်၏ ကန်တေး၊အလောင်းကောင်ကလန်၏ ရှေးဟောင်းအလောင်းကြီး၊တစ္ဆေအမှတ်အသားကလန်၏ ခေါင်းဆောင်ကြီးနှင့် အမှောင်ကလန်၏ ထူးဆန်းသော သက်ရှိတို့သည် လက်ရှိ ကျက်သရေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် အစွမ်းအထက်ဆုံး ဖြစ်တည်မှုများ ဖြစ်ကြသည်။

ယခု သူတို့အားလုံး ဤ ပျက်စီးနေသော နယ်မြေကြီးတွင် လာဆုံကြလေပြီ။

သူတို့က မိစ္ဆာကလန်၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် မပျက်စီးမီအချိန်လေးတွင် လိုက်၀င်လာကြခြင်းဖြစ်သော်လည်း ပြင်းထန်သော ပေါက်ကွဲမှုကြောင့် တစ်ယောက်ချင်းစီတွင် အတိမ်အနက်မတူညီသော ဒဏ်ရာများ ရရှိခဲ့ကြပြီးဖြစ်သည်။ယခု မိစ္ဆာကလန်ထံမှ တန်ဖိုးကြီးကြီး ရယူရန် လိုက်လာကြခြင်းပင်။

ပေါင်အိုနှင့် ကျီးကျဲတို့ ထို လေးဦးကို မြင်သောအခါ အံ့အားတကြီးဖြစ်သွားကြသည်။

ဒီလောက် စွန့်စားခဲ့လိမ့်မည်ဟုလည်း မထင်မှတ်ခဲ့ခြင်းဖြစ်သည်။

ပထမမြောက်မိစ္ဆာနယ်မြေသို့ ၀င်လျှင် ပြန်လမ်းမသေချာသည်ကို သိသည့်တိုင် ခေါင်းမာမာနှင့် လိုက်ပါလာကြခြင်းမှာ မိစ္ဆာတို့ မျှော်လင့်မထားသော ကိစ္စလဲဖြစ်သည်။

“မင်းတို့ ဒီိလိုလုပ်စရာ လိုလို့လား”

ပေါင်အိုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူ့အမူအယာကတော့ ဘာကိုမှ ဂရုမစိုက်သည့်ဟန် ပြန်ဖြစ်သွားခဲ့ပြီဖြစ်သည်။

“မိစ္ဆာကလန်တစ်ခုလုံး ဒီနေရာမှာရှိတယ်။ကျီးကျဲနဲ့ ငါက ကန်တေးနဲ့ ရှေးဟောင်းအလောင်းကို ထိန်းထားနိုင်တယ်။ဟိုတစ်ခုက ခန္ဓာကိုယ်တောင် မရှိဘူး။ ဇီနစ် (Zenith- တစ္ဆေအမှတ်အသားကလန် ခေါင်းဆောင်ကြီး) မင်းက မူလအစွမ်းကို ပြန်မရသေးဘူး။ဒါကြောင့် ငါတို့ မိစ္ဆာကလန်ကို ချေမှုန်းဖို့ဆိုတာ အိပ်မက်မက်နေတာပဲ။ငါတို့ နှစ်ဖက်စလုံး အထိနာအောင် မလုပ်ချင်စမ်းပါနဲ့။ ဒါရဲ့ အဆုံးသတ်ကနေ ဘယ်သူမှ ရလဒ်မကောင်းနိုင်ဘူး”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora