636

571 71 1
                                    

Chapter 636: ကြောက်စရာလူသား

အင်ပါယာ ယန်ခန်းဒီ၏ အသွေး အသားများက မီးလျှံများသဖွယ် လောင်ကျွမ်း ပျော်ကျနေသည်။
မြင်ကွင်းက သွေးပျက်ဖွယ်ရာ။
သူက သူ၏ အင်မော်တယ်သွေးနှင့် နတ်ဘုရားသွေးတို့ကို ပေါင်းစည်းလောင်ကျွမ်းစေခဲ့သည်။

အင်မော်တယ်သွေးနှင့် နတ်ဘုရားသွေးတို့ပေါင်းစပ်မှုမှ ထွက်ပေါ်လာသော ပေါက်ကွဲအားက ကိုမိုးရပ်စ်၏ ဝိညာဉ်ချုပ်လှောင်မှုကို ချေဖျက်သည်။
ဒါက ကယ်စီဒီ၏ သစ်သားဓါတ်စွမ်းအင်ကိုလဲ ပြာကျသည်အထိ လောင်ကျွမ်းပစ်လိုက်သည်။

ဒါက ပိုးဖလံငယ် မီးကိုတိုးတာမဟုတ်။
သွေးပင်လယ်ဖြင့် မီးကိုငြိမ်းသတ်ခြင်းပင်တည်း။

အင်ပါယာ ယန်ခန်းဒီ ထုတ်ဖော်ခဲ့သော သွေးပင်လယ်ထဲတွင် အစစ်အမှန် နတ်ဘုရားအဆင့်ဖြစ်သော ကယ်စီဒီကိုယ်တိုင်ပင် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။
အင်ပါယာ ယန်ခန်းဒီ၏ အာဏာဆန်သောအရှိန်အဝါက ကယ်စီဒီ၏ သွေးလည်ပတ်မှုကို ကသောင်းကနင်းဖြစ်စေသည်။
သူ့ အသိစိတ်က စတင် ေ၀၀ါးလာခဲ့သည်။

မီးနဂါးနှင့် သွေးလည်ဆံတို့က အခြေအနေ ပြောင်းပြန်လန်သွားခြင်းကို သိသိချင်းပင် သွက်လက်စွာ လှုပ်ရှားကြသည်။
သူတို့က ကိုမိုးရပ်စ်နှင့် အီဗီရှန်ကို ၀င်တိုက်သည်။

အလင်းတန်းများနှင့် အရိပ်မည်းများ လုံးထွေးသွားသည်။
ဧရာမ တိမ်စိုင်မည်းကြီးနှစ်ခုလို အရိပ်မည်းကြီးနှစ်ခုက ပေါက်ကွဲတိုက်ခိုက်သောအခါ မတူညီသောစွမ်းအင်များ ဆန့်ကျင်ကုန်ကြသည်။
ပွင့်ထွက်လာသော စွမ်းအင်လှိုင်းလုံးများကို မခံနိုင်ပဲ ရှေးဟောင်းသစ်ပင်ကြီးများ တဝုန်းဝုန်း ပြိုလဲကုန်ကြသည်။

ချူးဟုန်နှင့် သုခဘုံကျောင်းတော်သိုင်းသမားများသည် ဒီ ကမ္ဘာတုန်လောက်သော တိုက်ပွဲကြီးထဲတွင် သူတို့ကိုယ်သူတို့ အလွန်သေးငယ်သည်ဟု ခံစားရသည်။
သူတို့ ကြောက်လန့်နေကြပြီဖြစ်သည်။

ချူးဟုန်က မဆင်မခြင်မလုပ်ရဲတော့ပါ။
ယခုအချိန်တွင် ဆုတ်ခွာလျှင် သားရဲများ သို့မဟုတ် မျိုးနွယ်ခြားများအား ဒေါသဖြစ်စေမည်ကို သူစိုးရိမ်သည်။
သူတို့က ကျိုးပြတ်နေသော ပင်စည်ကြီးများနောက်ကွယ်တွင် ပုန်းအောင်းနေကြရင်း ခြောက်ခြားမှုကြောင့် တုန်ယင်နေကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin