606

620 69 0
                                    

Chapter 606: သီးခြားစီ

တစ္ဆေသားရဲက နာကျည်းစွာ ညည်းတွားနေသည်။
အစုလိုက်အပြုံလိုက် ကျရောက်လာသော အလင်းတန်းများသည် ချွန်မြလှသော ဆူးများသဖွယ် သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သည်။

တစ္ဆေသားရဲ၏ ချပ်၀တ်တန်ဆာသည်ပင် အက်ကွဲ၏။

“မင်း အရှုံးပေးပြီလား…”
အမှောင်ဘုရင် ဟေဒီးက အသံနက်ကြီးဖြင့် မေးသည်။
“ဒါဟာ မြေအောက်နတ်ဘုရား ယစ်ပလ္လင်ပဲ…အစစ်မှန်နတ်ဘုရားအဆင့်တွေတောင် ဒီအပေါ်မှာ ယဇ်ပူဇော်ခံရလိမ့်မယ်…မင်းဒီကောင်လေးကို ထားခဲ့ပြီး အမှောင်ကမ္ဘာနဲ့ ပူးပေါင်းမယ်ဆို မင်းကို ဒီချုပ်လှောင်မှုကနေ ငါကယ်တင်မယ်”

တစ္ဆေသားရဲက အော်ဟစ်ငြီးတွားနေသော်လည်း အမှောင်ဘုရင်၏ ကမ်းလှမ်းမှုကို မတုန့်ပြန်ခဲ့ပါ။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်၀တ်တန်ဆာက အက်ကွဲစပြုလာသည်။

ထိုအချိန်တွင် ရှီယန်မှာ တည်နေရာရွှေ့ပြောင်းခြင်း တည်ဆောက်ပုံအပေါ် အာရုံစူးစိုက်လျှက်ရှိနေသေးသည်။

သို့သော်လည်း နောက်ဆုံးတွင်တော့ သူက ကောင်းကင်သို့ မော့ကြည့်လိုက်ရသည်။

ဟေဒီးကို တစ္ဆေသားရဲက တားဆီးနိုင်မည်ဟု သူထင်မှတ်ထားခဲ့သည်။
သူ့သားရဲ ဒီလို အခြေအနေထိ ရောက်သွားမည်ဟု သူ မတွေးမိခဲ့ပါ။
သဘာ၀အားဖြင့် အဆင့်ကိုးသားရဲသည် အစစ်အမှန်နတ်ဘုရား ပထမအဆင့်ထက်ပင် ခွန်အားအရာတွင် သာလွန်ရမည်မဟုတ်လော။
တစ္ဆေသားရဲက အဆင့်ကိုးသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး အမှောင်ဘုရင် ဟေဒီးကတော့ အစစ်အမှန်နတ်ဘုရားဆင့်သို့ရောက်တာ မကြာသေးမှန်းသူသိသည်။

သူ၏ ခန့်မှန်းတွက်ချက်မှုအရ တစ္ဆေသားရဲကသာ အနိုင်ရရှိရမည်ဖြစ်သည်။
ဟေဒီး၏ စွမ်းရည်ကို သူ လျှော့တွက်ခဲ့မိခြင်းဖြစ်ဟန်တူ၏။
ဒါတင်မက မြေအောက်ကမ္ဘာ အောက်ဆုံးသုံးဆင့်မှ အကျိုးကျေးဇူးများကို ဟေဒီး ရရှိထားမှန်းလဲ သူမသိရှိခဲ့ပါ။

တည်နေရာရွှေ့ပြောင်းခြင်း ၀င်္ကဘာကို သူ အလျှင်အမြန် အချောသတ်ရန် လိုအပ်လာနေသည်။
ဟေဒီးအပြင် နောက်ထပ် ထိပ်တန်း မျိုးနွယ်ခြားများ ဘယ်အချိန် ရောက်လာမည် မသိနိုင်ချေ။
ဒါကို အမြန်အဆုံးသတ်မှရတော့မည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Tahanan ng mga kuwento. Tumuklas ngayon