674

566 64 1
                                    

Chapter 674: သူတို့ကို မလိုအပ်ဘူး

လူတိုင်းပင် ရှီယန်ကို အထင်လွဲနေကြသည်။

ရှီယန်နှင့် ရေခဲအင်ပါယာ မြို့တော်မှ နှင်းပန်းလေးပွင့်အကြား မရှင်းမရှင်းဇာတ်လမ်းကို ကြားဖူးထားကြသူများသည် ယခုဖြစ်ရပ်ကြောင့် ရှီယန့်ကို တဏှာရာဂကြီးသူဟု မြင်သွားကြသည်။

ဆိုလိုရင်းက အချောအလှလေးများအားလုံး စိတ်လှုပ်ရှားလာကြသည်။
မတူညီသော အပြင်အဆင်နှင့် မိန်းကလေးများအားလုံး အတွေးပေါက်သွားကြသည်။
သူတို့အားလုံး ညှို့မြူသောဟန်ကို ပြသလာကြသည်။

တစ်ချို့က ကမန်းကတန်း မျက်နှာချေများထုတ်လိမ်းကြသည်။အချို့က ရှည်လျားသော ဂါ၀န်စကိုဆွဲမကာ ချောမွတ်သောပေါင်တံလေးများကို ထွက်ပေါ်စေသည်။
အချို့ကလဲ အပေါ်ရုံလွှာများချွတ်ကာ တင်းရင်းဖြိုးမောက်သော ရင်သားများကို ပြူထွက်စေသည်။

ပါးချိုင့်လေးများပါရှိသောမိန်းမပျိုလေးများက ချစ်စဖွယ်အကောင်းဆုံးအပြုံးကို ပြုံးထားကြပြီး
တစ်ချို့ကတော့ ခါးစည်းကြိုးကို တင်းတင်းဆွဲချည်ကာ လုံး၀န်းစွင့်ကားသာ တင်သားစိုင်များကို အထင်းသားဖြစ်စေသည်။

ရာပေါင်းများစွာသော မိန်းမပျိုလေးများသည် ကွဲပြားခြားနားသော နည်းလမ်းအသီးသီးဖြင့် သူမတို့၏ အလှပဆုံးပုံရိပ်များကို ထုတ်ဖော်ပြသနေကြသည်။
ရှီယန့်ကို ညှို့မြူသောမျက်၀န်းများဖြင့် ငေးရီကြပြီး သူမတို့ကို ယခုတိုင် လက်မပြသေးသည်ကို စိတ်ကောက်ချင်ကြသည်။

“ငါ့ကိုခေါ်ပါ…တစ်ချက်ကြည့်ပါဦး။တစ်မြို့လုံးမှာ အလှဘုရင်မက ငါပါ”

“ဒီမှာ ဒီမှာ…ကျမက အပျိုစင်နော်…အသန့်စင်ဆုံးပန်းပွင့်လေးကို ရွေးချယ်ပါ”

“အတွေ့အကြုံက အဓိကကျတယ်နော်။ငါက နည်းလမ်းပေါင်းစုံ ကျွမ်းကျင်တယ်။ငါ့ကိုခေါ်ရင် နင် လောကကြီးကို မေ့သွားစေရမယ်”

“မခေါ်နဲ့ ..အဲ့ဒါ ကြက်မကြီး..ငါကမှအပျို”

“….”

“…”

အဖြူရောင်နယ်မြေ၊သုခဘုံနန်းတော်၊သိုင်းဝိညာဉ်နန်းတော်၊မှော်ရတနာဂိုဏ်းနှင့် နတ်ဆိုးတောင်ကြား မိန်းကလေးတို့ထံမှ ဆူညံဆူညံအသံများထွက်လာသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Onde histórias criam vida. Descubra agora