768

543 72 0
                                    

Chapter 768: အားနည်းခြင်း အကာအကွယ်အောက်တွင်
သူတို့နှစ်ယောက်က တံခါးဘေးတွင်ရပ်ကာ ကျောက်တုံးအပဲ့များ မြေစိုင်ခဲများဖြင့် ပွစိတက်နေသော မြေပြင်ကို ကြည့်နေကြသည်။
သူတို့မျက်လုံးမှာရော မျက်နှာမှာရော အံ့သြမှုကို မဖုံးကွယ်နိုင်ပါ။
မဟူရာရွှေကျောက်တုံး ပတ်၀န်းကျင်တွင် မြေကြီးက အများကြီးပျက်စီးသွားသည်။
ပင့်ကူအိမ်သဖွယ် ပွထနေသော အက်ကွဲကြောင်းများက တစ်ခန်းလုံး ပြည့်သွားကာ သူတို့ကို ထိတ်လန့်စေသည်။
ဒါက မဟူရာရွှေကျောက်တုံး မြေပေါ်သို့ ပြုတ်ကျ၍ ဖြစ်လာမှန်း သိသာပါသည်။
သူတို့က ရှီယန့်လိုမဟုတ်ပဲ မဟူရာရွှေကျောက်တုံး၏ ကြောက်မက်ဖွယ် ဒြပ်ထုကိုရော ဆွဲငင်အား ခန်းဆောင်ကိုရော ရင်းနှီးသည်။
ဒီကောင်လေးက အစစ်အမှန်နတ်ဘုရားအဆင့်သာဖြစ်သည်။
သို့သော် မဟူရာရွှေကျောက်တုံးကို မကာ ဒီလိုအခြေအနေအထိ ဖြစ်စေခဲ့သည်။
သူတို့နှစ်ယောက်က အစက ရှီယန်ကို ရှိသည်ဟုပင် မထင်ခဲ့ကြပါ။
သို့သော် ယခု သူတို့က ပိုပြီး အလေးအနက်တွေးလာကြသည်။
ရှီယန့်ကိုကြည့်သော အကြည့်များထဲတွင် ကြောက်ရွံ့မှုများပင် ပါ၀င်လာသည်။
ရှီယန်က အလွန် ပင်ပန်းနေသောကြောင့် မြေပြင်ပေါ်တွင်သာ လဲလျောင်းလျှက်ရှိသေးသည်။
သူက မလှုပ်ရှားနိုင်သေး။ ထိုလူနှစ်ယောက်ကိုသာ မျက်မှောင်ကြုတ်ရင်းအကဲခတ်နေသည်။
သူက စကားစပြောရန် မကြိုးစားခဲ့ပါ။
သူတို့နှစ်ယောက်သည်လည်း ဒီကို လေ့ကျင့်ဖို့ ၀င်လာခဲ့မှန်း ရှီယန် နားလည်သည်။
သူဒီမှာရှိနေကြောင်း သူတို့ သိဟန်မတူချေ။
သူတို့ ခါးပေါ်မှ သန့်စင်ခြင်း တံဆိပ်ပြားက သူတို့ အဆင့်အတန်းကို ပြသနေသည်။
သူတို့က ခါသေ့၏ လက်အောက်မှဖြစ်ပြီး အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေသို့ ၀င်ခွင့်ရထားသူများဖြစ်ကြသည်။
အမှောင်နတ်ဘုရားနိုင်ငံတွင် နာမည်ကျော်များဖြစ်လိမ့်မည်။
“ဒါ မင်းလုပ်ခဲ့တာလား”
ယောက်ျားလေးက ဒဲ့တိုးပင် မေးသည်။
“အတော်မာတဲ့လူပဲ။ မင်းက အစစ်အမှန် နတ်ဘုရားအဆင့်ပဲရှိသေးတယ်။ ဒီလောက် သောင်းကျန်းနေပြီ။ မဆိုးဘူး မဆိုးဘူး။ အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေကို မင်း၀င်ခွင့်ရတာ မထူးဆန်းတော့ဘူး။ မင်းသမီးကျိယောင်က မင်းကို အဖြည့်ခံသက်သက်လွှတ်လိုက်တယ်ထင်နေတာ”
“နင် တခြား စွမ်းအင်တွေကို သုံးခဲ့သေးလား”
နုနယ်သော ကောင်မလေးက အေးစက်စက်ပြုံးသည်။
သူမ၏ မျက်၀န်းထဲတွင် သံသယများရှိနေသည်။
“တကယ်လို့ နင်က ကီစွမ်းအင်ကို သုံးခဲ့တယ်ဆိုရင် ဒါကို မတင်နိုင်တာဟာ ဘာမှ မဆန်းပါဘူး။ ဒါပေမဲ့ နတ်ဘုရားခန္ဓာ မပိုင်ဆိုင်သေးတဲ့ အစစ်အမှန်နတ်ဘုရားအဆင့်တစ်ယောက်က ဒါကို အပြင်အားသက်သက်နဲ့ မ တာ ငါတစ်ခါမှ မမြင်ဖူးသေးဘူး”
သူမ သံသယ ၀င်နေပါသည်။
သူမက ရှီယန်၏ လုပ်ရပ်ကို အထင်သေး ပျက်ရယ်ပြုလိုသည်။
အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေသို့ ဝင်ရောက်ခွင့် ရသည့် လူတိုင်းသည် သူတို့၏ အင်အားစုတွင် ထူးချွန်းသော စစ်သည်တော်များ ဖြစ်သည်။ သူတို့ အားလုံးသည် ဤကာလအတွင်း စွမ်းဆောင်ရည် ကောင်းမွန်စွာ ပြသနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
သူမစကားကိုကြားသောအခါ ဗလတောင့်တောင့်လူက ပထမ ကြောင်သွားပြီးနောက် သူလည်း သံသယ ၀င်လာသည်။
သူကိုယ်တိုင်ပင် ကီစွမ်းအင်မသုံးပဲ နတ်ဘုရားခန္ဓာအင်အား သက်သက်ဖြင့် ထို မဟူရာရွှေကျောက်တုံးကို မရန် တကယ်ကို ခက်ခဲသည်မဟုတ်လော။
ထို့ကြောင့် မြင်ကွင်းက ဖော်ပြနေသည်ကို မယုံချင်တော့ပေ။
ရှီယန်က အမူအရာ ပြောင်းလဲခြင်း မရှိဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူက ခပ်သဲ့သဲ့ ပြုံးရင် ဘာမှ မရှင်းပြချေ။ ထိုကိစ္စကို ရှင်းပြရန် မလိုအပ်ဟု သူ နားလည်ထားသည်။
ဒီနှစ်ယောက်က ခါသေ့၏ လူများဖြစ်သည်။ သူတို့နှင့် သူက လမ်းမတူချေ။ အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေသို့ ဝင်ပြီးနောက် သူတို့က ပြိုင်ဘက်များ ဖြစ်လာပေမည်။ အကယ်၍ သူတို့ တစ်ယောက်နှင့် တစ်ယောက် ပြိုင်ဘက်များ ဖြစ်လာခဲ့လျှင် သူ၏
အစစ်မှန် စွမ်းရည်ကို ဖုံးကွယ်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။ ယင်းက သူ အသက်ရှင်သန်ရန် အခွင့်အရေး ပိုများနိုင်သည်။
အစစ်မှန် စွမ်းရည်ကို ဖုံးကွယ်ထားသည်နှင့် အခြားသူများက သူ့အား အထင်သေးပေလိမ့်မည်။ ယင်းကား အံ့သြဖွယ် ရလဒ်အတွက် လမ်းခင်း ပေးလိမ့်မည်။
တိုက်ပွဲများစွာ အတွေ့အကြုံ ရှိခဲ့သော ရှီယန်က သူဘာလုပ်ရမည်မှန်း ကောင်းကောင်းသိလေ၏။ သူက ခနမျှ စဉ်းစားလိုက်ပြီးနောက် ပြုံးကာ စကား ပြောင်းပြောလိုက်သည်။
“မင်း မှန်တယ်။ ငါ ကီစွမ်းအင်ကိုအသုံး ပြုခဲ့တယ်။ ငါ့ ခန္ဓာကိုယ် ခွန်အား သက်သက်နဲ့ဆို ဒီဟာကို မနိုင်မှာ မဟုတ်ဘူး။ ဒီကျောက်တုံး ဘယ်လောက် လေးလဲလို့ ငါ စစ်ဆေးကြည့်တာ။ တကယ့်ကို လေးလွန်တယ်”
“မင်းကိုယ်မင်း အမြင့်ကြီး မျှော်မှန်းထားတာပဲ”
နူးညံသော အမျိုးသမီးက နားလည်သွားခဲ့သည်။ သူမက နှာခေါင်းရှုပ်ရင်း တင်းမာမှုကို လျော့ချလိုက်သည်။ ရှီယန်ပြောလိုက်သည့်စကားကြောင့် သူမ၏ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းလို့ ရသွားသည်။
အကယ်၍ ရှီယန်က ထိုကျောက်တုံးက ခန္ဓာကိုယ် ခွန်အား သက်သက်ဖြင့် မခဲ့သည်ဟု ပြောလျှင် သူမကိုယ်သူမ အရှုံးသမားတစ်ယောက်ကဲ့သို့ ခံစားသွားရကာ ယုံကြည်မှု ပျက်ပြားသွားနိုင်သည်။
ရှီယန်က စွမ်းရည်ကို ဖုံးကွယ်လိုက်သောကြောင့် သူမစိတ်ပြေလျော့သွားကာ ယုံကြည့်မှုကို ဆက်ထိန်းထားလို့ရသွားသည်။ သူမ နောက်တစ်ကြိမ် ရှီယန်ကို ကြည့်သည့် အကြည့်ကလည်း အေးစက်နေဆဲ။
“ဒီမယ် ငါ့ကောင်…”
ဗလ တောင့်တောင့်နှင့် လူ၏ ရယ်မောသံ ထွက်ပေါ်လာသည်။
“ဆွဲငင်အား အခန်းမှာ လာလေ့ကျင့်တဲ့ သူတွေ့က ကီစွမ်းအင်ကို အသုံး မပြုဘူး။ ရူးတာပဲ…တကယ်လို့ မင်း ဒီနေရာမှာ ကီစွမ်းအင်အသုံး ပြုမယ်ဆိုရင် တိုးတက်လာမှာ မဟုတ်ဘူး။ မင်း ဒီနေရာကနေ ဘာမှ ရလာမှာ မဟုတ်တော့ဘူး…”
ရှီယန်က ပြုံးရုံသာ ပြုံးပြလိုက်သည်။
“အေး…ဒါထက် မင်း အိုကဲရာကို ဘယ်လို ဖယ်ထုတ်လိုက်တာလဲ”
ဗလကြီးက သူ့ဖြစ်စဉ်ကို စိတ်၀င်စားနေဟန်ရသည်။
“ငါတုိ့ အမှောင် နတ်ဘုရား နိုင်ငံမှာ အိုကဲရာလို့ခေါ်တဲ့ လူက ကျော်ကြားလွန်တယ်။ နှစ်များစွာ ကြာပြီးတာတောင် သူ့ရဲ့ မြန်ဆန်တဲ့ ကျင့်ကြံနှုန်းက လူတွေ သူ့ကို ဦးညွှတ်ရစေတယ်။ ဒီနယ်မြေမှာ ငါတို့ နှစ်ယောက် ပေါင်းတိုက်ရင်းတောင် သူ့ကို မနိုင်ဘူး”
“ငါက သူ့လောက် မတော်ဘူးလို့ ပြောချင်တာလား”
နုနုနယ်နယ် မိန်းမလှလေးက ဒေါသသံဖြင့်ပြောသည်။
“ရဲ့လန်...၀န်ခံလိုက်စမ်းပါ။ အိုကဲရာက ပါရမီရှင်ပဲ”
ဗလတောင့်တောင့်နှင့်လူက ရယ်မောသည်။
“ငါတို့က အရှင် ခါသေ့ နောက်ကို လိုက်တယ်။ ငါတို့မှာ ကောင်းမွန်တဲ့ အရာတွေ အများကြီး ရှိတာပဲ။ ငါတို့ သူ့ရဲ့ ဆေးလုံးတွေနဲ့ တခြား အရင်းအမြစ်တွေကို ဆန္ဒရှိသလို သုံးလို့ရတယ်။ ပြင်ပ ရင်းမြစ်နဲ့ ပတ်သက်ရင် ငါတို့မှာ အိုကဲရာထက် မနည်းဘူး။ ဒါပေမဲ့ သူက ငါတို့ထက် အများကြီး ငယ်သေးတယ်”
“ငါ မယုံကြည်ဘူး”
ရဲ့လန်ဟူသော မိန်းကလေးက နှာခေါင်းရှုံ့သည်။
ရှီယန်က သူတို့နှစ်ယောက်ကိုကြည့်ရင်း အနည်းငယ်ပြုံးမိသည်။
စိတ်၀င်စားစရာတော့ ကောင်း၏။
“လေ့ကျင့်မယ်”
ရဲ့လန်က ထိုသူနှင့် စကားမပြောချင်တော့ဟန်ဖြင့် ရှေ့တက်သွားသည်။
သူမ ခန္ဓာကိုယ်မှ စွမ်းအင်များ တရကြမ်းစီးဆင်းလာပြီး သူမ အ၀တ်အစားများကို ဖောင်းကားလာစေသည်။
ပြီးနောက် သူမက နံဘေးမှ ကျောက်တုံးကြီးတစ်တုံးကို ဆွဲယမ်းကာ လွှင့်ပစ်လိုက်သည်။
ကြွက်သား အမြှောင်းအမြှောင်းနှင့် လူက ခွက်ထိုးခွက်လန် ရယ်မောသည်။ သူက စကား ထပ်မပြောတော့ဘဲ ဆွဲငင်အား အခန်းထဲတွင် စတင် လေ့ကျင့်တော့သည်။ သူ့ခန္ဓာကိုယ် တစ်လျှောက် စွမ်းအင်များ တဟုန်ထိုး ထွက်ပေါ်လာသည်။ ယင်းကား သူသည် အစွမ်းထက်ကြောင်း ပြသနေသည်။
ထိုနှစ်ယောက်သည် သူတို့၏ နတ်ဘုရားနယ်ပယ်၊ ဝိညာဉ် ယစ်ပလ္လင် သို့မဟုတ် ကီစွမ်းအင်ကို အသုံး မပြုပါ။ သူတို့သည် ခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့် လေ့ကျင့်နေကြခြင်းဖြစ်သည်။
ထိုနှစ်ယောက်သည် နတ်ဘုရင် ဒုတိယ အဆင့် ဖြစ်သည်။ သူတို့ အားလုံးသည် တောင့်တင်း ခိုင်မာသော အသက်စွမ်းအင်၊ သွေးကီနှင့် နတ်ဘုရား ခန္ဓာကိုယ်ကို ရှိနေသည်။ သူတို့သည် ရှေးဟောင်း မွန်းစတားများ လူသားအသွင် ပြောင်းလဲလာသည်နှင့် တူ၏။ သူတို့၏ ရုပ်ပိုင်ဆိုင်ရာ သန်မာမှုက အံ့သြတုန်လှုပ်ဖွယ် ကောင်းသည်။
ရှီယန်သည် မြေပြင်ပေါ်တွင် လဲလျောင်
းရင်း အရာရာတိုင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်
နေသည်။ သူ့အကြည့်က တဖြည်းဖြည်းလေးနက်တည်ကြည် လာခဲ့သည်။
ခတ္တမျှ စောင့်ကြည့်ပြီးနောက် နတ်ဘုရားခန္ဓာပိုင်ရှင် နတ်ဘုရင်အဆင့်များ၏ အပြင်အားက မည်မျှ သန်မာကြောင်း ရှီယန် ပိုမိုနားလည်လာသည်။
စိန်ခေါ်မှုများစွာ ဖြတ်ကျော်ကာ ထုဆစ်ထားသော သူ့ခန္ဓာသည်ပင် ထိုနှစ်ယောက်ကို အသာရနိုင်မည်မဟုတ်ပါ။ အနည်းဆုံး သေခြင်းမဲ့မိစ္ဆာသွေး ပေါက်ကွဲခြင်းကို အသုံးပြုမှသာ သူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်။
ယင်းကဲ့သို့ ပေါက်ကွဲ စွမ်းအားကသာ ယခု ခန္ဓာကိုယ် ခွန်အားသက်သက် အသုံး ပြုနေသော ထိုနှစ်ယောက်၏ ယုံကြည့်မှုကို ရိုက်ချိုးရန် လုံလောက်သည်။ သိုသော်လည်း သူ့ခန္ဓာကိုယ် အတွင်းရှိ သေခြင်းမဲ့ မိစ္ဆာ မျိုးနွယ်သွေးစက်က လက်မောင်း တစ်ဖက်မျှသာ သန်မာရန် လုံလောက်သည်။ ၎င်းက သူ့ခန္ဓာကိုယ် တစ်ခုလုံး ပိုမို သန်စွမ်းစေရန်အတွက် မလုံလောက်ပါ။
တစ်ခုတော့ရှိသည်။
သူက နတ်ဘုရင်အဆင့်သို့ ချိုးဖျက်၀င်ရောက်နိုင်ပြီဆိုလျှင်တော့ ထိုနှစ်ယောက်ကဲ့သို့သော နတ်ဘုရားခန္ဓာကို ရရှိလိမ့်မည်။
ထိုအခါတွင်တော့ သေခြင်းမဲ့ မိစ္ဆာသွေးကို အသုံးမပြုပဲလျှက် သူ၏ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှုသက်သက်ဖြင့် ထိုနှစ်ယောက်ကို စိန်ခေါ်ရဲပါသည်။
သူသည် သူ့ခန္ဓာကိုယ်၏ ပေါက်ကွဲစွမ်းအားနှင့် ပတ်သက်ပြီး ယုံကြည့်ချက် ပြင်းထန်သည်။ နယ်ပယ်တူ သိုင်းသမားများနှင့် ထိပ်တိုက် ရင်ဆိုင်ရလျှင်ပင် သူတို့၏ ခန္ဓာကိုယ် မည်မျှပင် သန်မာနေပါစေ၊ အနိုင် တိုက်နိုင်သည် ဟူသော ယုံကြည်ချက် အပြည့်ရှိသည်။
ခါသေ့၏ လက်အောက်ခံ နှစ်ယောက်က ဆွဲငင်အား အခန်းထဲတွင် လေ့ကျင့်နေဆဲ ဖြစ်သည်။ ရှီယန်သည် ခနမျှ အနားယူပြီးနောက် အခန်းထဲရှိ အထူး ကိရိယာများကို အသုံး ပြုကာ လေ့ကျင့်သည်။
ယခုအချိန်၌ သူသည် သေခြင်းမဲ့ မိစ္ဆာမျိုးနွယ် သွေးကို အသုံး မပြုဘဲ ခန္ဓာကိုယ် ခွန်အား သက်သက်ဖြင့် ကျောက်တုံးကြီးများကို ရွေ့လျားစေသည်။
သူ့ခန္ဓာကိုယ်၏ ပေါက်ကွဲစွမ်းအားက တုန်လှုပ်ဖွယ် ကောင်းသည်။ အနည်းဆုံး နယ်ပယ်တူ ကျွမ်းကျင်သူများ၏ ခန္ဓာကိုယ်သည်ပင် သူနှင့် မနှိုင်းယှဉ်နိုင်ပါ။
တစ်ခန်းထဲမှာပင် ရဲ့လန်နှင့် တိုင်မူက သူ့အား အတော်လေး စိတ်ဝင်စားနေသည်။ သူတို့သည် သူ့အပေါ်တွင် အထင်သေးခဲ့သော်လည်း အချိန် အနည်းငယ် ကြာပြီးနောက် ရှီယန်နှင့် ပတ်သက်၍နားလည်မှုများ ပြန်လည် ပြောင်းလဲလာကြသည်။
အစစ်မှန် နတ်ဘုရား တတိယ အဆင့် ရှီယန်သည် သေခြင်းမဲ့ မိစ္ဆာမျိုးနွယ်သွေးကို အသုံးမပြုသည့်တိုင် သူတို့၏ လေးစားမှုကို ရခဲ့သည်။
သူတို့က အမြင်ပြောင်းလဲလာသောအခါ ဆက်ဆံရေးများလည်း ပြောင်းလဲလာပြီး ရှီယန်ကို တန်းတူရည်တူ သဘောထားလာကြသည်။
သူတို့ထံမှ အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေ၏ သတင်း အချက်အလက်များကို ရရှိခဲ့ပြီးနောက် ရှီယန်သည်သန့်စင်ခြင်း နယ်မြေ၏ အခြေအနေကို ပိုမို နားလည် သွားသည်။
အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေသည် သန့်စင်ခြင်း ကြယ်၏ အခြား တစ်ဝက်ဖြစ်သည်။
ထိုဧရိယာ၏ နက်ရှိုင်းသောအပိုင်းတွင် ကျင့်ကြံခြင်းက သိုင်းသမားများအတွက် ကောင်းကင်နှင့်မြေကြီး၏ သဘာ၀စွမ်းအင်များအပေါ် ထူးထူးကဲကဲ ပိုမိုနားလည်စေသည်။
ဒါက အဘယ်ကြောင့် ထိုသို့ ဥာဏ်အလင်းပွင့်စေခြင်းဖြစ်ကြောင်း ဘယ်သူမှ နားမလည်ကြပါ။
အချိန်ကာလတစ်ခုကြာတိုင်း အထွပ်အထိပ်သန့်စင်ခြင်းနယ်မြေ၏ မြေအောက်အနက်ရှိုင်းဆုံးတစ်နေရာမှ မှော်စွမ်းအင် အတက်အကျများ ထွက်ပေါ်လာတတ်သည်။
ထိုမှော်စွမ်း မတည်ငြိမ်မှုက အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေ တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ထိုအချိန်ရောက်လျှင် သန့်စင်ခြင်းနယ်မြေက သူတို့၏ ကောင်းကင်နှင့် ကမ္ဘာ စွမ်းအင် ဉာဏ်အလင်း ပွင့်မှုကို ကြောက်မက်ဖွယ် တိုးမြှင့်ပေးသည်။
ပုံမှန်အားဖြင့် ၎င်းက စစ်သည်တော်များ ကျင့်ကြံရန်နှင့် ထိုနေရာတွင် အဆင့် ချိုးဖြတ်တက်ရောက်ရန် အတော်လေး အကူအညီ ဖြစ်စေသည်။
ထိုအချိန်ရောက်လျှင် သန့်စင်ခြင်း ကြယ် ဝန်းကျင်မှ အကျဉ်းသားများ၊ အမှောင် နတ်ဘုရား နိုင်ငံမှ ဖမ်းဆီးထားသော ဆိုးသွမ်းသူများ၊ လူသတ်သမားများနှင့် အာကာသ ဓားပြများကို အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေ အတွင်းသို့ ပို့လွှတ်သည်။ ထိုသူများသည် ပါဝင် ယှဉ်ပြိုင်သူများ၏ သားကောင်များ ဖြစ်လာကြသည်။
ထိုအကျဉ်းသားများကို သားကောင် အဖြစ် ပြုလုပ်ခြင်းက ပါဝင် ယှဉ်ပြိုင်သူများ၏ စွမ်းအင် ဉာဏ်အလင်း ပိုမို နားလည် သဘောပေါက်အောင် ပြုလုပ်နေသည်။ ထိုဧရိယာသည် သူတို့ ကြီးမားစွာ တိုးတက်မှုအတွက် လွယ်ကူချောမွေ စေလိမ့်မည်။
ထိုလူဆိုးများကို အမဲလိုက်ခြင်းဖြင့် ပါဝင် ယှဉ်ပြိုင်သူများ၏ တိုက်ပွဲ စွမ်းရည်ကို လေ့ကျင်ပြီးသား ဖြစ်စေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် စွမ်းအင် ဉာဏ်အလင်းကို ပိုမို နားလည်ရန် အခွင့်အရေး ရရှိသည်။ များသောအားဖြင့် ထိုသို့သော အခြေအနေမျိုးတွင် သူတို့က နောက်တဆင့်သို့ ချိုးဖြတ် တက်ရောက်နိုင်သည်။
ဟုတ်ပါသည်။
အခြေအနေမှန်ကတော့ ထိုမျှ လွယ်ကူချောမွေ့မနေပါ။
နတ်ဘုရား နိုင်ငံတွင် စည်းမျဉ်း တစ်ခု ရှိသည်။ သတ်မှတ်အချိန်ကုန်လွန်ပြီးနောက် အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေအတွင်း၌ အကျဉ်းသားများ အသက်ရှင်နေလျှင် သန့်စင်ခြင်း တံဆိပ်တော် တစ်ခု ရရှိသည်။ သူတို့ မည်မျှပင် ပြစ်မှု ကျူးလွန်ခဲ့ပါစေ လွတ်မြောက်ကာ ဘဝအသစ် ရရှိသည်။
ထိုကြောင့် ပါဝင်သူများက သူတို့ကို မနားတမ်း အမဲလိ်ုက်ကြသည်။ တစ်ချိန်တည်းမှာပင် လူဆိုးများက အသက်ရှင်ကာ ဘဝအသစ် ရရှိရန်အတွက် ပါဝင် ယှဉ်ပြိုင်သူများကို သတ်ဖြတ်သည်။
ထိုအရာက အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေကို သွေးဖြင့် ဖုံးလွှမ်းစေသည်။ အချိန်တိုင်းတွင် ပွဲအစမှ အဆုံးတိုင်အောင် မရေမတွက်နိုင်သော လူများ သေကြေကြသည်။ အသက်ရှင် ကျန်ရစ်သူများသည် ယှဉ်ပြိုင်သူများ သို့မဟုတ် သားကောင်များ ဖြစ်လာသည်။ လူဆိုးများသည် ဘဝသစ် ဖန်းတီးရန် အခွင့်အရေး ရှိသည်။ ယှဉ်ပြိုင်သူများသည် ရာထူး တိုးတက်ရေးအတွက် ပြောင်မြောက်ဆုံး တိုက်ပွဲများကို ဆင်နွဲသည်။ သူတို့သည် နတ်ဘုရား နိုင်ငံမှ ဆုလာဘ်များပင် ရရှိသည်။
မုဆိုးလား သားကောင်လား…
ဒါက စွမ်းရည်မြင့် အမဲလိုက်ပွဲကြီးတစ်ခုပင်ဖြစ်တော့၏။
----- ------ ----- ---- ------ ----- ---- -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Onde histórias criam vida. Descubra agora