675

574 62 0
                                    

Chapter 675: ခမ်းနားသော ဥပဒေသ

သားရဲကြီးများ တောအုပ်ထဲမှ ထွက်လာကြသည်။
သူတို့၏ ဦးတည်ရာက ငွေရောင်မြို့တော်ဆီသို့။

အသေးဆုံးအကောင်ပင် မီတာ တစ်ရာခန့်ရှည်လျားပြီး ပြင်းထန်သောအော်ရာများ ထုတ်လွှတ်နေကြသည်။
စွမ်းအင်အစုအဝေးလိုက်ကြီး ရွေ့လျားလာသကဲ့သို့ လူအများအား ဖိအားသက်ရောက်စေသည်။

သက်တမ်းရင့်အဖွဲ့အစည်းကြီးခုနှစ်ခုမှ လူများအားလုံး ကျောက်ရုပ်လို တောင့်တင်းကုန်ကြသည်။
သူတို့ကို သားရဲကြီးများ သတိထားမိကာ ချက်ခြင်း မျိုချသွားမည်စိုးသည့်အလား တုတ်တုတ်မျှ မလှုပ်ရဲကြတော့ချေ။

အဆုံးမဲ့ညသစ်တောသည် မွန်းစတားကလန်၏ ပိုင်နက်ဖြစ်သည်။
လင်းမန်နှင့် နီရူတို့ ဒီဧရိယာသို့ စတင်၀င်ရောက်စဉ်အချိန်ကတည်းက သားရဲကြီးများအား ရန်မစမိရန် သတိပေးခဲ့ကြသည်။
သားရဲများ စိတ်ဆိုးလျှင် အခြား မျိုးနွယ်ခြားများထက် ပိုမိုဆိုးရွားသွားနိုင်သည်။

ထိုသို့သော အားကြီးလှသည့် သားရဲကြီးများ အစုလိုက်အပြုံလိုက် ရောက်ချလာသောအခါ သိုင်းသမားများ တုန်လှုပ်ခြောက်ခြားကြပါသည်။
သားရဲကြီးများ၏ ရည်ရွယ်ချက်ကို မသိကြသောကြောင့် မျိုးနွယ်ခြားများ စတင်တိုက်ခိုက်ပြီဟု ထင်လိုက်ကြသည်။

ယွန်ဟောင်၊ယု၀မ်ကျင်းနှင့် ကျန်လူများသည် ချင်ကူချွမ်တို့နှင့် တိုက်ခိုက်နေရာမှ ရပ်တန့်သွားကြသည်။
သူတို့အားလုံး အသစ်ဖြစ်ပေါ်လာသော လှုပ်ရှားမှုဆီ လှမ်းကြည့်ကာ မျက်မှောင်များကြုတ်ကုန်ကြသည်။

ချင်ကူချွမ်၊ကွမ်းဟူ၊လျိုမျိုနှင့်ကျန်လူများ စိတ်ဓါတ်ကျလာသည်။
သူတို့ခန္ဓာကိုယ်တွင် အရိုးသို့တိုင်ခိုက်သည့် ဒဏ်ရာများ ရရှိထားကြပြီဖြစ်သည်။

သူတို့ အားလုံးပေါင်း ခွန်အားသည် ယွန်ဟောင်တို့ ခြောက်ယောက်ထက် သာလွန်သော်လည်း မဟာသန့်စင်ခြင်းရှစ်ပါးမြို့တော်၏ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုကို သူတို့ ဖြတ်သန်းလာခဲ့ရသေးသည်။
ယခု ဒီနေရာတွင်လည်း မြို့တော်၏ မှော်အစီအရင်များ ၀င်္ကဘာများက သူတို့၏ လှုပ်ရှားတိုက်ခိုက်မှုများကို ကန့်သတ် ဖိနှိပ်နေလေရာ သူတို့ ဖော်ဆောင်နိုင်သော တကယ့် ခွန်အားထက် အများကြီး လျော့ကျသွားခဲ့ရသည်။
မှော်မြို့တော်ကြီး၏ သက်ရောက်မှု မခံရသော ယွန်ဟောင်တို့အုပ်စုနှင့်တိုက်သောအခါတွင်တော့ သူတို့က အောက်စည်းသို့ လုံးလုံးလျားလျား ကျရောက်နေခဲ့ရပါသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora