625

559 69 0
                                    

Chapter 625: မှန်ရေကန်

မဟာပြောင်းလဲမှုကြီးပြီးနောက် နေ၊လနှင့် ကြယ်တာရာများက အလှည့်ကျ ရွှေ့လျားခြင်းမရှိတော့။
ပို၍ ပို၍ ထူးခြားဆန်းကြယ်မှုများသာ ကုန်းမြေတိုက်ကြီးတစ်ခုလုံး ဖြစ်ပွားလျှက်ရှိသည်။

ဘယ်ကရောက်လာမှန်းမသိသော မျိုးနွယ်ခြားများက တိုက်ကြီးတစ်ခုလုံးကို စိုးမိုးချယ်လှယ်ကြသည်။
အရင်တုန်းက ရှိခဲ့သော တားမြစ်ချက်များအားလုံး ချိုးဖျက်ခြင်းခံခဲ့ရသည်။
အရင်တုန်းက အုပ်ချုပ်သူအဟောင်းများ တပ်ပျက်ကာ ထွက်ပြေးကြပြီး လျှို့ဝှက်နယ်မြေတွင် ပုန်းအောင်းနေကြသည်။

မျိုးနွယ်ခြားများ ကြီးစိုးချိန် လူသား၏ အခန်းကဏ္ဍက ကျဆင်းသွားရသည်။
ကမ္ဘာပျက်သည့်နှယ်ပင်ဖြစ်၏။

တားမြစ်နယ်မြေများ ပြန်လည် နိုးထလာသည်။
မှော်ဆန်သော ဖြစ်တည်မှုများဖြင့် မြင့်မြတ်ခြင်းကုန်းမြေဒေသ၏ ပြောင်းလဲခြင်းများကို ရှေ့သို့ တွန်းပို့ခဲ့သည်။

ရှေးဟောင်း မျိုးနွယ်စုများ အကျဉ်းစံရာမှ လွတ်မြောက်ပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်သည်။

မီးနဂါး၏ စကားများကို နားထောင်နေသော်လည်း ရှီယန်က အံ့သြဟန်မပြခဲ့ပါ။
ကောင်းကင်နှင့်မြေကြီး၏ ပြောင်းလဲမှုကြောင့် မြင့်မြတ်ခြင်းကုန်းမြေမှ နောက်ထပ် တားမြစ်နယ်မြေတစ်ခု ထွက်ပေါ်လာခဲ့ခြင်းသာမဟုတ်လော။

မီးနဂါး၊မီးရွှေခြင်္သေ့နှင့် ငွေဦးချိုစပါးအုံးတို့က ရှေ့မှသွားသည်။
သူတို့အားလုံးပင် သတိကြီးစွာဖြင့်ရှိနေပြီး သွေးလည်ဆံလူဝံ မရိပ်မိရန် သူ့နယ်မြေထဲတွင် လျှို့ဝှက်စွာ ခရီးဆက်နေကြသည်။
ရှီယန်လဲ ကြိုတင်ကာကွယ်သည့်အနေဖြင့် သူ့အော်ရာကို ဖုံးကွယ်ထားပြီး ဝိညာဉ်အသိကိုလဲ နှိမ့်ချထားခဲ့သည်။

သွေးလည်ဆံလူဝံသည် မီးနဂါးထက် ပိုအဆင့်မြင့်သည့်အပြင် အဆုံးမဲ့ ညသစ်တော၏ အန္တရာယ်အရှိဆုံးအရာများထဲမှ တစ်ခုလဲဖြစ်သည်။
မွန်းစတားကလန် သားရဲကြီးများကြားထဲတွင် သူ့ကျော်ကြားမှုက အထင်ကြီးလောက်စရာပင်။
ပုံမှန်အားဖြင့် သူနှင့် ဘယ်သူမှ ရန်မဖြစ်ချင်ကြပါ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ