667

543 70 3
                                    

Chapter 667: စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု

ချင်ကူချွမ်ကတော့ မြို့၏ မြောက်ဘက်တံခါးမှ ၀င်သည်။

မြို့တံခါးမှ အ၀င်တွင်ပေါ်လာသည်ကလဲ မြို့ငယ်လေးပင်ဖြစ်သည်။သို့သော် ငွေရောင်မြို့တော်တော့မဟုတ်တော့ပါ။ဒီမြို့ငယ်လေးကို ချင်ကူချွမ်သိသည်။
သူဘယ်တော့မှ မေ့ပျောက်လို့ရမည်မဟုတ်သောမြို့ကလေး။မိုးပြာမြို့ကလေးဖြစ်ပါသည်။

သူ့ဇနီးနှင့် သူ့သား ထိုမြို့လေးတွင်နေထိုင်သည်။
သူ့သားလေးသည် အလွန်အပြစ်ကင်းစင်လှသော လသားအရွယ်လေးသာရှိသေးသည်။သူ့ဘ၀ထက်ပင် ချစ်မြတ်နိုးခဲ့သည်။

သို့သော် သူ ယခုတစ်ကြိမ် ရောက်ရှိလာခဲ့ခြင်းက မြို့ကို အလည်အပတ် ပြန်လာသည်မဟုတ်ပါ။
တစ်မြို့လုံးရှိ ပြည်သူများအားလုံးကို သတ်ဖြတ်ရန်ဖြစ်သည်။

သူ့အထက်မှ အမိန့်ကျလာသည်။ဒီမြို့ရှိ မည်သူ့ကိုမျှ အသက်ရှင်လျက် မလွတ်မြောက်စေရန်နှင့် အိမ်မွေးတိရိစ္ဆာန်များကိုပင် မချန် အကုန် သုတ်သင်ခဲ့ရမည်ဟူ၏။
သူ့ယောက်က္ခမကြီးသည် သုခဘုံနန်းတော်ကို သစ္စာဖောက်ခဲ့သည်။

သူ့တာ၀န်က မြို့ထဲရှိ သက်ရှိမှန်သမျှတို့ကို သတ်ဖြတ်ရန်ဖြစ်သည်။
သူ့ယောက်က္ခမကြီးအပါအ၀င် သူ့မိန်းမရော သူ့သားလေးရော။

ဒါက သူ့ဘ၀တစ်လျှောက်လုံး ခြောက်လှန့်နေခဲ့သော အိမ်မက်ဆိုးဖြစ်ပါသည်။

နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း ထိုမြင်ကွင်းများကို မေ့ပျောက်နိုင်ခဲ့ခြင်းမရှိပါ။
သူ၏ နောင်တ တရားများက ဘယ်တော့မှ ကြေပျက်မသွားခဲ့ပါ။
သူ့အိမ်မက်များထဲတွင် သူ့မိန်းမနှင့် သူ့ကလေး၏ သေဆုံးခြင်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မြင်မက်ခဲ့ရသည်။

ဒါက သူ၏ အဖျက်အမှောင့်ပင်ဖြစ်သည်။
သူ့ဘ၀တစ်လျှောက်လုံး နှိပ်စက်ဖိစီးနေခဲ့သော သူ၏ ကိုယ်ပိုင် အဖျက်အမှောင့်ပင်ဖြစ်၏။
သူ့ဘ၀တစ်လျှောက်လုံး သူ့ကိုယ်သူ ပြန်မေးနေခဲ့သော မေးခွန်းတစ်ခုရှိသည်။
အကယ်၍သာ နောက်တစ်ကြိမ်အခွင့်အရေးရခဲ့လျှင် သူဘာလုပ်မလဲ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Onde histórias criam vida. Descubra agora