689

554 71 0
                                    

Chapter 689: ဒုတိယမြောက် မိစ္ဆာနယ်မြေ

အခြားသော ဟင်းလင်းပြင်သီးခြားနယ်မြေများကဲ့သို့ပင် ဤနေရာတွင်လည်း နေ၊လ၊ကြယ်တာရာတို့ မရှိပါ။ကောင်းကင်နှင့်မြေကြီး၏ သဘာ၀စွမ်းအင်များလဲမရှိပါ။
မိုးကုတ်စက်ဝိုင်းတစ်ခုလုံး ပြည့်နှက်နေသော မိစ္ဆာတိမ်တိုက်ထူထူကြီးများကိုသာ ရှီယန်မြင်တွေ့နေရသည်။

မိစ္ဆာနယ်မြေ၏ လေထုသည် အေးစက်ကာ ခြောက်သွေ့သည်။
ဓါးများသဖွယ် ထက်ရှသော သတ်ဖြတ်ခြင်း၊ရက်စက်ခြင်း အငွေ့အသက်များက နေရာအနှံ့ဖုံးလွှမ်းနေသည်။မည်သည့်နေရာတွင်မျှ သာယာချမ်းမြေ့မှုကို မခံစားရချေ။

နေ့မရှိ ညမရှိ။မှောင်နှင့်မည်းမည်းသာဖြစ်ပြီး ၀င်ရောက်လာသူ၏ အမြင်အာရုံကို ပိတ်ဆီးထားသည်။
သာမန်မျက်စိဖြင့် ဆယ်မီတာပတ်လည်ကိုပင် ကြည့်လို့မမြင်နိုင်ပါ။

မြေပြင်သည်လည်း ခြောက်သွေ့နေသော မှင်တောင့်လို နက်ပြောင်နေသည်။လူ့စိတ်ကို လေးလံသော ဖိအားသက်ရောက်စေသည်။

ရှီယန်က လေထုထဲတွင် တည်နေရင်း ပိုမိုဝေးလံသောနေရာသို့ မျှော်ကြည့်သည်။
နက်ပြောင်သော မြေပြင်ပေါ်တွင် တွင်းပေါက်ကြီးများကို သူမြင်ရသည်။
ငရဲကြီးရှစ်ထပ်သို့ ပေါက်သော လမ်းကြောင်းများသဖွယ် မကောင်းသောအငွေ့အသက်များပြည့်နှက်နေပြီး အောက်ခြေသို့ မမြင်နိုင်ချေ။
မကောင်းဆိုးဝါးတို့၏ ပါးစပ်ကြီးများသဖွယ် ပုန်းကွယ်နေသော အန္တရာယ်များ အချိန်မရွေး ထွက်လာနိုင်သလို ခံစားရသည်။

အချို့ တွင်းကြီးများသည် အချင်း မိုင်တစ်ထောင်ထက်မနည်းရှိမည်ဖြစ်ပြီး ဘာအလင်းရောင်မှ မရှိသောကြောင့် လူတစ်ယောက်အနေဖြင့် ကိုယ့်လက်ချောင်းကိုပင် ကိုယ်မြင်ရမည်မဟုတ်ချေ။
မှောင်မိုက်လိုက်သည်မှာ အရာအားလုံးကို စုပ်ယူဝါးမျိုပစ်မည့် အာကာသထဲမှ တွင်းနက်ကြီးများကဲ့သို့ပင်ဖြစ်၏။လူတို့၏စိတ်ကို ခြောက်ခြားစေသည်။

မည်းနက်သော မြေပြင်ပေါ်တွင် တောအုပ်အချို့ရှိနေသော်လည်း ထိုသစ်ပင်များ၏ အကိုင်းအခက်များသည်ပင် ဓါးသွားတွေလို အေးစက်ထက်ရှနေကြသည်။
သစ်ပင်များသည် မီတာတစ်ရာကျော်မြင့်မားပြီး အရိုးပြိုင်းပြိုင်း အမြစ်ပြိုင်းပြိုင်းဖြင့် ကြောက်စရာ သတ္တဝါကြီးများနှင့်တူသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Où les histoires vivent. Découvrez maintenant