654

555 67 0
                                    

Chapter 654: သခင်အဖြစ်လက်ခံခြင်း အခမ်းအနား

ငွေရောင်မြို့တော်၏ အမှန်တကယ် အမည်နာမမှာ မဟာသန့်စင်ခြင်းရှစ်ပါး မြို့တော် ဖြစ်သည်။ မြို့ကို အရပ်ရှစ်မျက်နှာ ခွဲခြားနိုင်သည်။

ပုံမှန်အတိုင်း အရှေ့၊ အနောက်၊ တောင်၊ မြောက် အပြင် ကောင်းကင်နှင့် မြေကြီး ပါဝင်သည်။ ကောင်းကင်တွင် ရှင်ခြင်းတံခါးဝ ရှိပြီးနောက် မြေကြီးတွင် သေခြင်းတံခါးဝ ရှိသည်။ ပြီးတော့ မြို့တော်ကို နှစ်ပိုင်း ထပ်ခွဲထားသည်။ အလယ်ဗဟိုပိုင်းက အဓိက စွမ်းအင်ထောက်ပံ့မှု ပြုလုပ်ပြီး အပြင်ပိုင်းတွင်တော့ ထောင်ခြောက်များ၊ အတားအဆီးများ၊ မှော်အစီအရင်များ ပါဝင်သည်။

ဤမြို့ကြီးကို တည်ဆောက်ရန်အတွက် သူ၏ တတ်စွမ်းနိုင်သမျှ အိတ်သွန်ဖာမောက် အသုံးပြုခဲ့ရသည်။ နှစ်ပေါင်းထောင်နှင့်ချီအောင် စုဆောင်းထားခဲ့သော မွန်းစတားကလန်၏ ပစ္စည်းဥစ္စာများလည်း ပြုတ်ပြုတ်ပြုန်းလုနီးပါးပင်။ မွန်းစကားကလန်၏ ထိုသို့သော ပစ္စည်းအင်အား လူအင်အား ထောက်ပံ့မှု မရှိခဲ့လျှင် သူက ဒီလို ကြီးမားသော မြို့တော်ကြီးကို အချောသတ်နိုင်လိမ့်မည် မဟုတ်ပါ။

ယနေ့ အင်ပါယာယန်ခန်းဒီ၊ တိရှန်း၊ ချောင်ချူထောင်၊ ပင်းချင်းတန်နှင့် ဟန်ကျူးတို့သည် ရှီယန့်အနီးတွင် စုရုံးနေကြသည်။ မြို့လယ်ခေါင်တွင် ကြီးမားသော ငွေရောင်သလင်းတုံးကြီးတစ်ခု ရှိနေသည်။ ထိုသလင်းတုံးကြီး ပတ်ပတ်လည်တွင် မှော်သင်္ကေတများ မှော်စာလုံးများ အစီအရင်များ မြောက်များစွာ ရေးဆွဲထားသည်။

သလင်းတုံးကြီး၏ မျက်နှာပြင်တွင် အလင်းရောင်စဉ်များ ဖြာထွက်လို့နေသည်။ လူအများ၏ စိတ်ကို ဖမ်းစား ညှို့ယူနိုင်သော အရှိန်အဝါတစ်မျိုးဖြင့် လှပလျက် ရှိသည်။

ထိုငွေရောင် သလင်းတုံးသည် ဘတ်စကတ်ဘောကွင်းတစ်ခုစာမျှပင် ကြီးမားလှသည်။ ထိုအရာက ခိုင်မာသည်။ မည်သည့် ခြစ်ရာ ပွန်းရာ မည်သည့်အက်ကြောင်းရာမျှ ရှိမနေပဲ တောက်ပြောင်လျက် ရှိသည်။ ရှီယန်ဆွဲသားထားသော မှော်အစီအရင်များမှ စွမ်းအင်လှိုင်းများ ယှက်နွယ်စီးဆင်းနေမှုသည် ဖော်ပြ၍ မရအောင်ပင် ရှုပ်ထွေးလှသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang