687

547 77 4
                                    

Chapter 687: လူသားမျိုးနွယ်အတွက် တာဝန်များ

၀ိညာဉ်အသိဖြင့် တစ်ချက်တွေးရုံဖြင့် သူလိုရာ ရောက်နိုင်သည်။

မဟာသန့်စင်ခြင်းရှစ်ပါးမြို့တော်သို့ ရှီယန် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့ခြင်းဖြစ်၏။

တစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်သောကြောင့် သူတည်ထောင်ခဲ့သော မြို့တော်ကြီးတွင်လဲ ပြောင်းလဲမှု အသစ်များကို မြင်တွေ့ရသည်။

မြို့လယ်ခေါင်ကတော့ မပြောင်းလဲပါ။
သို့သော် မြို့ပြင်တစ်ဝိုက်က သုံးဆမျှ ကျယ်ပြန့်လာပြီဖြစ်သည်။
အလင်းတော်ဂိုဏ်း၊တိုက်ခိုက်ရေးအဖွဲ့အစည်းနှင့် အခြား အဖွဲ့အစည်းငယ်လေးများအားလုံးသည် အစီအရင်များ ၀င်္ကဘာအသစ်များ တည်ဆောက်ထားကြသည်။
သူတို့၏ ကိုယ်ပိုင် ၀င်္ကဘာများကလည်း အားမနည်းလေရာ မြို့တော်၏ ဖွဲ့စည်းပုံက တစ်နည်းတစ်ဖုံ ပိုမို ခိုင်မာလာသည်။

ငွေရောင်မြို့တော်၏ တံတိုင်းအပြင်ဘက် ပတ်ပတ်လည် မိုင်ရာပေါင်းများစွာတွင်တော့ ဖြစ်သလို တည်ဆောက်ထားသော အိမ်လေးများဖြင့် ပြည့်နှက်နေသည်။
ညစ်ထေးစုတ်ပြတ်နေသော အ၀တ်အစားများနှင့် လူသား သိုင်းသမားပေါင်းများစွာကို ထိုအမိုးအကာများအောက်တွင် မြင်တွေ့နိုင်သည်။

ရှီယန်က မြို့ရိုးပေါ်တွင် မတ်တပ်ရပ်နေရင်း ဝိညာဉ်အသိဖြင့် ထိုလူများကို လွှမ်းခြုံကြည့်လိုက်သည်။
အကုန်လုံးက လူသားသိုင်းသမားများဖြစ်ပြီး သူ မြို့ထဲသို့ ၀င်ခွင့်မပြုခဲ့သော အုပ်စုများမှလူများဖြစ်နေသည်။

ပေါင်အိုနှင့် ကျီးကျဲသည် လွန်ခဲ့သော ကိုးလကတည်းက မိစ္ဆာကလန်ကို ရုပ်သိမ်းသွားခဲ့ကြပြီဖြစ်သည်။
သူတို့က ရှီယန့်ကို အချိန်အတော်ကြာ စောင့်ခဲ့သေးသော်လည်း ပစ်ထားလို့မရသော အလုပ်များရှိသေးသောကြောင့် နောက်ဆုံး မစောင့်နိုင်တော့ပဲ ပြန်သွားကြခြင်းဖြစ်သည်။

လီကျောက်ယုံ၊ချောင်ချူထောင်၊တိရှန်းနှင့် ယုရိုတို့ သူ့ကို မြို့ရိုးပေါ်တွင် လာတွေ့ကြသည်။
သူတို့ မျက်နှာက အပြုံးများဖြင့်…။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora