747

529 78 1
                                    

Chapter 747: တတိယ အဆင့် အစစ်မှန် နတ်ဘုရား…။

ကြယ်ပေါက်ကွဲခြင်း အပိုင်းအစလွင်ပြင်…။

ဥက္ကာခဲ အုပ်စုကြီး လွင့်မျော ဝန်းရံထားသော အလယ်ဗဟို၌…

ကျားငမန်း စစ်ရထား တစ်ရာက နေအလင်းတန်းကို ကြိုးစား ရှောင်တိမ်းနေသည်။

စွမ်းအင် မုန်တိုင်းက ရွေ့လျားနေပြီး နေရာတိုင်းကို တိုက်စားနေသည်။ ပုံပျက်နေသော စွမ်းအင် လှည့်လည်မှုက စစ်ရထားလုံးပေါ်ရှိ အာကသ ဓားပြတွေကို ခြိမ်းခြောက်နေသည်။ သူတို့က ကျူးကျော်ရဲခြင်း မရှိသောကြောင့် အစွန်းအဖျားတွင် သတိထား စောင့်ဆိုင်း နေကြရသည်။

စစ်ရထားပေါ်တွင် မတ်တပ် ရပ်နေသော သွေးရိုင်း လူသတ်သမား ကာထို့က မျက်ထောင့်နီကြီးဖြင့် သူတို့ရှေ့ရှိ လေဟာနယ်ကို ကြည့်သည်။ ရုတ်တရက် သူက  တစ်နေ့ရာကို  ညွန်ပြကာ…

“တိုင်လီ အဲဒီနေရာကို  သွားစစ်လိုက်…”

နာမည် ခေါ်ခံရသော အာကာသ ဓားပြ၏ မျက်နှာက ပြောင်းလဲသွားပြီး ကတုန်ကရင်းနှင့်…

“ခေါင်းဆောင်… ဒါက နေကြယ် တားမြစ် ဧရိယာလေ”

“အပိုတွေ မပြောနဲ့”

ကာထို့က သူ့နတ်ဘုရား အသိကို နှိုးဆွလိုက်သည်။ အချိန်တိုအတွင်း စွမ်းအင်လှိုင်းလုံးကြီး တစ်ခုက ဝုန်းကနဲ ထွက်ပေါ်လာသည်။ သူ့နတ်ဘုရား နယ်ပယ် ဖုံးလွှမ်းမှု အောက်တွင် လူတိုင်း တုန်ခါသွားကြသည်။

သူက ထိုအာကသ ဓားပြကို ကြည့်သည်။

“ဖင်လေးမနေနဲ့”

သူ့ဒေါသ လွှမ်းမိုးမှု အောက်တွင် တိုင်လီအမည်ရသော စစ်သည်တော်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ခါးသည်းစွာ ပြုံးရင် ခေါင်း တဆတ်ဆတ် ညိတ်လိုက်သည်။ ပြီးနောက် ဘာမှမပြောတော့ပဲ ကာထို့ ညွှန်ပြရာနေရာသို့ တိုး၀င်သွားလေတော့သည်။

ကာထို့က နှာခေါင်းတစ်ချက် ရှုတ်လိုက်သည်။ သူက ခံစားချက် ကင်းမဲ့စွာဖြင့် သူ့လက်မရွံ့နောက်လိုက်ကို ကြည့်ရှုနေသည်။ ဘာကြောင့်မှန်း မသိ သူ ဒေါသထွက်နေခဲ့ခြင်းဖြစ်၏။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Unde poveștirile trăiesc. Descoperă acum