738

548 73 0
                                    

အခန်း(၇၃၈) ကြယ်တာရာ နေစွမ်းအင်

သွေးရိုင်းလူသတ်သမား ကာထို့က သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိင်ခဲ့ပေ။ အပြင်ဘက် အာကာသထဲရှိ ကျောက်တုံးများနှင့် အပိုင်းအစများ က သူ့ကို  လျင်မြန်စွာ လှည့်ပတ်နေကြသည်၊။သူက ထိုကြားတွင် ရူးသွပ်စွာရယ်မောနေသည်။

အာကာသ အကြွင်းအကျန်စွမ်းအားက လေဆင်နှာမောင်းတစ်ခုကဲ့သို့ ရွေ့လျားကာ နတ်ဘုရား အလင်းတန်းများကို ဖယ်ရှားပစ်သည်။

သူတို့၏ ဆရာတိုက်ခ်ိုက်နေသည်ကို မြင်သော အာကာသ ဓားပြများ၏ သွေးဆာသည့် သဘာဝကို နိုးကြားလာသည်။ သူတ်ို့၏ နတ်ဘုရား နယ်ပယ်များကို ထပ်မံဖြန့်ကျက်လိုက် ကြသည်။ သူတို့သည် ကျိယောင်၏ အကာအကွယ် အလင်းစက်ကွင်းပြန်လည် ကောင်းမွန်ခြင်း မရှိသေးသည်ကို အခွင့်ကောင်းယူလိုသည်။

မည်သူမျှ ရှီယန်ကို ဂရုမစိုက်။

မည်သူမျှ သူ့ကို တစ်ချက်ပင် မကြည့်ချေ။

ရှ်ီယန်၏ တည်ရှိမှုကို သူတို့အားလုံး လျစ်လျူရှုထားကြသည်။

နတ်ဘုရင်အဆင့် စစ်သည်တော်များသည် သူ၏
စွမ်းအင်အဆင့်ကို  တစ်ချက်ကလေးကြည့်လိုက်ယုံဖြင့် သိန်ိင်သည်။ အားနည်းသော အစစ်အမှန်နတ်ဘုရား ဒုတိယအဆင့်တစ်ယောက်က သူတို့အတွက် ဘာကောင်မှ မဟုတ်ချေ။ သူသည် ဤအခြေအနေတွင် အရေးမပါသောသူ ဖြစ်သည်။

ကျိယောင်က ဖြူဖပ်ဖြူရော်ဖြစ်နေကာ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။ ပင်လယ်ဓားပြများ အရိုင်းဆန်စွာတ်ိုက်ခိုက်လာသည်ကို မြင်သောအခါ သူမက မျှော်လင့်ချက်ကင်းမဲ့ကာ အားငယ်လာသည်။

သူမက ဝိညာဉ်ယဇ်ပလ္လင်ကို နောက်ဆုံးတိုက်ခ်ိုက်မှုတွင် နှိုးဆွခဲ့သည်။ သူမ၏ တိုက်ခိုက်မှုက အလွန်ကြီးမားသော်လည်း သူမ တိုက်ခိုက်သည့် နှုန်း အတိုင်း ပြန်လည်ထိခိုက်မိခဲ့သည်။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းတွင် စွမ်းအင်များ ပြန့်ကျဲကုန်ပြီဖြစ်သည်။ သူမက ဒုတိယအကြိမ်တိုက်ခိုက်ရန် စွမ်းအင်ကို ထိန်းညှိရန် လိုအပ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ