720

561 75 0
                                    

Chapter 720: ရှီယန်၏ တန်ဖိုး

တိုက်ပွဲက လူအများ တွေးထင်ထားတာထက် စောစောပြီးပြတ်သွားပါသည်။

ပွဲကြည့်သူများ၏ စိတ်ထဲတွင် ရှီယန်သည် အစစ်အမှန်နတ်ဘုရား ဒုတိယအဆင့် ရောက်ခါစ သိုင်းသမားလူငယ်တစ်ဦးသာဖြစ်သည်။

သူက အဆင့်ကျော်ကာ အစစ်အမှန်နတ်ဘုရား အထွတ်အထိပ်အဆင့်ဖြစ်သော ဖာဂီ့ကို စိန်ခေါ်ခဲ့သည်။

ဤတိုက်ပွဲတွင် ရှီယန် နိုင်စရာအကြောင်းမရှိ။

အကယ်၍ ကံကောင်းထောက်မပြီး နိုင်ခဲ့လျှင်တောင် သွေးလွှမ်းသော တိုက်ပွဲရှည်ကြီးဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော် ရလဒ်က သူတို့ တွေးတောနိုင်စွမ်းကို ကျော်လွန်နေသည်။

ရှီယန်အနိုင်ရခဲ့တာဖြစ်ပြီး သူ စတိုက်သည့်အချိန်မှစပြီး ဖာဂီ့ကို သတ်လိုက်ချိန်အထိ တစ်မိနစ်ထက် ပိုမကြာခဲ့ပါ။

ဤအမြန်နှုန်းသည် နတ်ဘုရင်အဆင့်တစ်ယောက်၏ စွမ်းဆောင်ရည်နှင့် ညီမျှနေပေသည်။

ကြေးဝါမီးသင်္ဘောကြီးပေါ်တွင် တိတ်ဆိတ်မှုက ကြီးစိုးနေသည်။

ရှီယန်၏ သွေးသံရဲရဲ တိုက်ခိုက်ပုံနှင့် ရက်စက်ပြတ်သားသော တွက်ပွဲသည် တံဆပ်တစ်ခု ခတ်နှိပ်လိုက်သည်နှင့်တူသည်။

သူတို့ ဦးဏှောက်ထဲတွင် ကျောက်ထွင်းထားသလိုမျိုး ဘယ်တော့မှ ဖျောက်ဖျက်ရတော့မည်မဟုတ်ပါ။

ရှီယန့် စွမ်းဆောင်မှုသည် အလွန်လှပသပ်ရပ်ပြီး ကြောက်စရာကောင်းသည်။

လူတိုင်းက တစ်စုံတစ်ရာ လွဲချော်နေသလို ခံစားကြရသည်။

ဖာဂီသည် စိန်ခေါ်ခံရသူဖြစ်သည့်တိုင် အဆင့်တစ်ဆင့်မြင့်နေသောကြောင့် တိုက်ပွဲတွင် ထိန်းချုပ်သူဖြစ်ခဲ့သင့်သည်။

သို့သော် ဤကစားပွဲကို ရှီယန်ကသာ တည်တည်ငြိမ်ငြိမ် ကစားသွားခဲ့သည်။

လူအများသည် သူ့ကိုကြည့်ကာ ကြောက်လန့်နေကြမှန်း ရှီယန် သတိမထားမိပါ။

သူက ခန္ဓာကိုယ်ပေါ်မှ သွေးများအားလုံးကို သုတ်သင်ပြီးမှ ကျောက်ခန္ဓာသိုင်းဝိညာဉ်ကို ရုပ်သိမ်းလိုက်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin