792

533 76 0
                                    

Chapter 792: အတားအဆီးကို တည်တည်ငြိမ်ငြိမ်နှင့် ချိုးဖြတ်ခြင်း
တုထျန်းလီက ခေါ်သဖြင့် အိုကဲရာ၊ တာ့မန်၊ ရဲ့လန်နှင့် တိုင်မူတို့ ရောက်ရှိလာကြသည်။
ရှီယန်က ထွက်မလာခဲ့ပါ။
လီအိုနာ၏ မျက်နှာက ပျက်ယွင်းနေသည်။
အချိန် အတော်လေး ကြာပြီးနောက်…
ပါဝင် ယှဉ်ပြိုင်သူ အားလုံးနီးပါး ရောက်ရှိလာသော်လည်း ရှီယန် မရောက်လာသေးပါ။
အိုကူဒိုက ရုတ်တရက် ပြုံးသည်။
“လီအိုနာ…ငါတို့ လောင်းကစားက ဆက်ရှိနေသေးလား”
ရိုချက်စတာ၊ ခါသေ့နှင့် တာ့လီတို့က လီအိုနာကို ထူးဆန်းသော အမူအရာနှင့် ကြည့်ရှုသည်။ ရိုချက်စတာနှင့် တာ့လီသည်လည်း ဘာပဲဖြစ်ဖြစ် သူမ၏ ကံဆိုးမှုအတွက် ကျေနပ်နေဟန် ရသည်။
“ဟူး…ရှီယန် နိုင်လိမ့်မယ်လို့ ငါ ထင်ခဲ့တယ်။ ဒီနေရာမှာ သူ သေလိမ့်မယ်လို့ ငါ မမျှော်လင့်မိဘူး။ အမှားကြီး မှားခဲ့တာတယ်။ သူ ဒီနေရာကနေ ထွက်လာပြီး နတ်ဘုရား နိုင်ငံရဲ့ တောက်ပတဲ့ ကြယ်တစ်လုံး ဖြစ်လာမှာကို စောင့်ချင်ခဲ့တာ။ ဒါက ကံဆိုးမှုပဲ”
ရိုချက်စတာက စိတ်ပျက် နောင်တရဟန်ဖြင့် ခေါင်းခါသည်။
“တကယ်လို့ ရှီယန် သေခဲ့မယ်ဆိုရင် တစ်ယောက်ယောက်ဆီမှာ သန့်စင်ခြင်း တံဆိပ်တော် ရှိလိမ့်မယ်”
လီအိုနာက နှာခေါင်းရှုံ့ရင်း အောင်မြင်မှုကို ကျေနပ်နေသော အိုကူဒိုကို စိုက်ကြည့်သည်။
“သူ သေခဲ့ရင် နင့်ကို သက်ရှိကြယ် တစ်ခု ပေးမယ်…”
“ကောင်းတယ်”
အိုကူဒိုက ရယ်မောသည်။
သူတို့ စကား ပြောနေစဉ်…
အမှောင် ကောင်းကင်ကြယ်တွင် တုထျန်းကျင်က တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“သွားစို့…”
ကျိယောင်၏ မျက်နှာက မည်းမှောင်သွားသည်။ သူမ၏ မျက်ဝန်းထဲတွင် ပူဆွေး သောကများ ရှိနေသည်။ သူမက တိတ်ဆိတ်စွာ ထွက်သွားသည်။
တုထျန်းကျင်က သူတို့ အရှေ့ရှိ တောက်ပသော ကြေးမုံကို ထိလိုက်သည်။ နတ်ဘုရား အလင်းက တောက်ပစွာ ဖြာထွက်လာသည်။ ကြေးမုံ၏ အလယ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ဘုရင်နှင့် ကျိယောင်က အက်ကြောင်း အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။
သူတို့ အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေ၏ ရေကန်ကို မြင်ရသည့် နေရာတွင် တုထျန်းကျင်နှင့် ကျိယောင်တို့ ပေါ်ပေါက်လာသည်။ သူတို့ သွားရမည့် နေရာကို သိပြီးနောက် တုထျန်းကျင်က ကျိယောင်ကို သယ်ဆောင်ကာ မိုင်ထောင်ပေါင်းများစွာ အဝေးရှိ အမတ်ငါးဦး ရှိသော နေရာသို့ အတွေးတစ်ချက်ထဲနှင့် ရောက်ရှိသွားသည်။
“အရှင် မင်းကြီး…”
တုထျန်းလီ အပါအဝင် အမတ်ငါးဦးက ဒူးတစ်ဖက်ထောက်ကာ တုထျန်းကျင်ကို လေးလေးစားစားဖြင့် နှုတ်ဆက် ပါဝရ ပြုသည်။
အိုကဲရာ အပါအဝင် ပြိုင်ပွဲဝင် အားလုံးက ဒူးနှစ်ဖက်ထောက်ကာ ဘုရင်ကို လေးစားမှု အပြည့်ဖြင့် နှုတ်ဆက်သည်။
“ထကြလော့”
တုထျန်းကျင်က ခေါင်းညိတ်ပြီး သဘာဝ အတိုင်း တည်ငြိမ် အေးချမ်းနေသည်။
“အနိုင်ရတဲ့သူက ဘယ်သူလဲ…”
“လီကာ”
တုထျန်းလီက လီအိုနာ လက်အောက်ရှိ ပထမဦးဆုံး အမျိုးသမီး စစ်သည်တော်ကို ညွန်ပြလိုက်သည်။
“သူမက အများဆုံး သတ်ခဲ့တယ်…”
တုထျန်းကျင်က ပြုံးသည်။
“ငါတို့ နတ်ဘုရား နိုင်ငံအတွက် ကံကောင်းတာပေါ့…”
သူ့လက်ညိုးမှ စိတ်ကူးယဉ် ကောင်းကင်လက်စွပ် (သိုလှောင်လက်စွပ်) က လီကာဆီသို့ ပျံသန်းသွားသည်။
“သင့်အတွက် ဖန်းတီးသူ နတ်ဘုရား ဆေးငါးလုံးကို မူလ နတ်ဘုရားအဆင့် ချိုးဖျက်တက်ရောက်ရာမှာ အသုံးပြုပေါ့။ ဒါက သင့်အတွက် အဆုံးမဲ့ ဝိညာဉ် စွမ်းအင်တွေပေးပြီး အကောင်းဆုံး သက်ရောက်မှု ရှိတယ်။ နတ်ဘုရား အဆင့်(၄) ချပ်ဝတ်တန်ဆာ တစ်စုံ။ ဒါက သင့်ရဲ့ နတ်ဘုရား ခန္ဓာကိ်ုယ်နဲ့ ပေါင်းစပ်ပြီး တိုက်ခိုက်ခြင်း စွမ်းရည်ကို တိုးပွားစေတယ်…”
လီကာက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် စိတ်ကူးယဉ် ကောင်းကင် လက်စွပ်ကို လက်ခံသည်။ သူမက ကျေးဇူးတင်ကြောင်း ပြောသည်။
“အရှင့်မင်းကြီးရဲ့ ချီးမြင့်မှုအတွက် ကျေးဇူး တင်ပါတယ်။ ကျွန်မ ဘဝတစ်လုံးကို သေတဲ့အထိ နတ်ဘုရား နိုင်ငံအတွက် ပေးဆပ်ပါ့မယ်…”
“ကျေးဇူးတင်ဖို့ မလိုအပ်ဘူး။ ဒါက မင်း ရသင့်တဲ့ ဆုလာဘ်ပဲ”
တုထျန်းကျင်က ပြုံးလိုက်သည်။ သူ့အကြည့်က တုထျန်းလီဆီသို့ ရောက်သွားသည်။
“ငါတို့ သန့်စင်ခြင်း နယ်မြေကို ချိပ်ပိတ်လိုက်တော့။ အခု သန့်စင်ခြင်း နယ်မြေထဲမှာ လေ့ကျင်မှုက အဆုံးသတ်ပြီ”
“ကျွန်တော်တို့မှာ တစ်ယောက် ပျောက်နေတယ်”
တုထျန်းလီက ဖြေသည်။
“သူ ဒီမှာရှိတယ်”
တုထျန်းကျင်က သူတို့၏ အနောက်ဘက်သို့ ကြည့်လိုက်သည်။
“ထွက်လာခဲ့။ မင်းက သန့်စင်ခြင်း တံဆိပ်တော်ကို ရရှိသွားပြီးဆိုတော့ ပြစ်မှုအားလုံးကနေ လွတ်မြောက်သွားပြီ။ အခုကပြီး မင်း လွတ်လပ်သွားပြီ။ ကျယ်ပြောတဲ့ အာကာသထဲမှာ မင်း သွားချင်ရာ သွားလို့ရပြီ”
လီအိုနာနှင့် အိုကူဒိုတို့ အားလုံးက လှည့်ကြည့်လိုက်သည်။
ကျန်းကောက တည်ငြိမ်သော အမူအရာဖြင့် ထွက်လာသည်။ သူက ဒူးထောက်လိုက်ပြီး
“အရှင်မင်းကြီးရဲ့ သနား ကြင်နာမှုအတွက် ကျေးဇူး တင်ပါတယ်”
“မင်း ရှီယန်ကို သတ်ခဲ့တာလား…”
ကျိယောင်၏ မျက်နှာ အမူအရာက ကြမ်းတမ်းကာ အသံက ကြမ်းရှနေသည်။ သူမ၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းများ ဖြာထွက်နေကာ လူတိုင်း ကြောက်ရွံ့စေသည်။
လီအိုနာလည်း နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ စိမ်းနက်ရောင် မျက်ဝန်းက မြွေတစ်ကောင်၏ မျက်လုံးနှင့် တူသည်။ သူမသည်လည်း လူတွေကို တုန်လှုပ်သွား စေသည်။
ကျန်းကော ဖြူလျော့သွားသည်။
“ကျွန်တော် မသတ်ပါဘူး။ သူက တားမြစ် နယ်မြေထဲ ဝင်သွားတယ်။ တားမြစ် နယ်မြေရဲ့ စွမ်းအင်တွေက သူ့ကို အစိတ်စိတ် စုတ်ဖြဲသွားတာပါ။ ကျွန်တော်က သူ့ရဲ့ သန့်စင်ခြင်း တံဆိပ်တော်ကို ကောက်ယူခဲ့ရုံပါ…”
“တားမြစ်နယ်မြေလား”
တုထျန်းကျင် မျက်မှောင်ကြုတ်ကာ ထပ်မံ မပြောတော့။ သူက လက်ဝှေ့ယမ်းကာ ထိုလူအား နောက်ထပ် မမေးတော့ရန် အချက်ပြလိုက်သည်။
“သန့်စင်ခြင်း တံဆိပ်တော်ကို ထားခဲ့ပြီး အခု ထွက်သွားတော့။ အခုကစပြီး ပြစ်မှုအားလုံးကနေ မင်း လွတ်မြောက် သွားပြီ…”
ကျန်းကောက ဘာမှ ထပ်မပြောတော့။ သူက တုထျန်းကျင်ကို ကျေးဇူးတင်ကြောင်း ပြောပြီးနောက် သန့်စင်ခြင်း တံဆိပ်တော်ကို မြေပြင်ပေါ်သို့ ချကာ ပျံသန်း ထွက်ခွါသွားသည်။ သူသည် အခြားသူများ၏ စကားကို ကြောက်ရွံ့နေသည့်အလား ချက်ချင်း ပျောက်ကွယ် သွားသည်။
လီအိုနာနှင့် ကျိယောင်က သူ့ကို မုန်းတီးခါးသီးစွာ ကြည့်သည်။
အိုကဲရာက တောက်ပစွာ ပြုံးရင်း ကျိယောင်ဆီသို့ လျှောက်သွားသည်။ သူက ခန္ဓာကိုယ်ကို ကွေးညွတ်ရင်း…
“အရှင့်သမီး…အဆင်ပြေရဲ့လား”
ကျိယောင်က ဘယ်တော့မှ ပြောင်းလဲခြင်း မရှိသည့် အိုကဲရာ၏ မျက်နှာပေါ်မှ အပြုံးကို ကြည့်သည်။ သူမ ဘာကြောင့် သည်မျှ ဒေါသ ထွက်နေမှန်း သူမကိုယ်တိုင်ပင် မသိတော့ချေ။ မည်သို့ပင်ဆိုစေ…အိုကဲရာသည် သူမ၏ လက်အောက်ငယ်သား ဖြစ်ပြီး သူမနောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သည်။ သူမအတွက် အရာအားလုံး လုပ်ပေးခဲ့သည်။ သူမက အကြောင်းပြချက် မရှိဘဲ သူ့အပေါ်တွင် ဒုက္ခ မပေးချင်ပါ။ သူမက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
“ငါ အဆင်ပြေတယ်။ ရှီယန်က ငါ့အသက်ကို ကယ်တင်ခဲ့တယ်။ သူ ဒီလို မမျှော်လင့်ဘဲ အဆုံးသတ်သွားတော့ ငါ့ခံစားချက်တွေ မကောင်းဘူး…”
“ရှီယန်က သွေးရိုင်း လူသတ်သမား ကာထို့နဲ့ ပူးပေါင်းပြီး အရှင့်သမီးကို သတ်ဖို့ ကြိုးစားခဲ့တယ်။ အရှင့်သမီး သူ့အတွက် စိုးရိမ်ပေးဖို့ မထိုက်တန်ဘူး”
အိုကဲရာက လေးနက်စွာ ပြောသည်။
ကျိယောင်၏ မျက်နှာက ပိုမို အေးစက်သွားသည်။
“ဘယ်သူ ဘာပြောပြော ငါ ဂရိုမစိုက်ဘူး။ ကြယ်တာရာ ပေါက်ကွဲ ကွင်းပြင်မှာ သူ ငါ့အသက်ကို ကယ်တင်ခဲ့တယ်။ သူနဲ့ ကာထို့ကြားမှ တစ်ခုခု ရှိချင် ရှိလိမ့်မယ်။ ဒါပေမဲ့ သူက ကာထို့ရဲ့ လုပ်ဖော်ကိုင်ဖက် မဟုတ်ဘူး…”
သူမက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“အရှင့်သမီးက ဒါအမှန်လို့ ပြောရင် အဲဒါက မှန်ပါတယ်။ ကျွန်တော် အရှင့်သမီးကို ယုံကြည့်ပါတယ်”
အိုကဲရာ၏ မျက်နှာပေါ်တွင် ပြုံးနေဆဲ ဖြစ်သည်။ သူက အနည်းငယ်တော့ အံ့သြနေသည်။ သူ့မျက်ဝန်းထဲတွင် ရှီယန် သေဆုံးသွားသည်။ နောက်ထပ် သွေးထိုးစရာ အကြောင်း မရှိတော့ပါ။
“လီအိုနာ…ငါတို့ရဲ့ လောင်ကြေးကို ဘယ်အချိန် ပေးမှာလဲ”
အိုကူဒိုက ပြုံးသည်။ သူက ခံစားချက် ကောင်းမွန်နေသည်။
“သန့်စင်ခြင်း ကြယ်က ထွက်ပြီးရင် မင်းရဲ့လူတွေကို ငါ့နယ်မြေထဲ လွတ်လိုက်။ ငါ သက်ရှိကြယ် တစ်ခု ပေးလိုက်မယ်…”
လီအိုနာ၏ မျက်နှာက မဲ့နေသည်။ သူမက နှာခေါင်းရှုံ့ရင်း မျက်ဝန်းတို့က ရေခဲလို အေးစက်နေသည်။
“အားလုံး ပြီးသွားပြီ။ မင်းတို့ လုပ်စရာ ရှိတာ လုပ်ပါ။ မင်းတို့ သန့်စင်ခြင်းကြယ်မှာ နေစရာ မလိုတော့ဘူး…”
တုထျန်းကျင်က အကြုံပြုပြီးနောက် လီအိုနာကို ခေါင်းညိတ်ပြကာ…
“အမှောင် ကောင်းကင်ကြယ်ကို ငါနဲ့ အတူ လိုက်ခဲ့။ ကိစ္စတစ်ခု သင်နဲ့ ဆွေးနွေးဖို့ ရှိတယ်”
“မှန်လှပါ အရှင်မင်းကြီး”
လီအိုနာက ခေါင်းညိတ်သည်။
“မင်းနဲ့ အိုကဲရာက ခရမ်းစွဲကြယ်ကို ပြန်သွားပြီး ပြင်ဆင်ထားလိုက်။ကုန်သည်ကြယ်တာရာကိုးခန်း က အဖိုးကြီးဖန်နဲ့ တွေ့ပြီး ငါ့လက်ဆောင်တွေ ပေးလိုက် ”
တုထျန်းကျင်က ကျိယောင်ကို ကြည့်သည်။
ကျိယောင်က အလျင်အမြန် ခေါင်းညိတ်သည်။ သူမက အနည်းငယ် ဆုံးရှုံးသွားသည့်အလား ခံစား နေရသည်။
“အဖေ၊ သမီး သန့်စင်ခြင်း ကြယ်မှာ ရက်နည်းနည်းလောက် နေချင်သေးတယ်”
“ကောင်းပြီ။ မင်း နားလည်မှာပါ။ ရှီယန်က မင်းရဲ့ ထူးကဲတဲ့ လက်အောက်ခံ တစ်ယောက်ပဲ။ ဒါပေမဲ့ သူ သေပြီ။ အချိန် သိပ်မကြာစေနဲ့။ အခု နတ်ဘုရား နိုင်ငံမှာ အရေးကြီး ကိစ္စတွေ အများကြီး ရှိသေးတယ်။ အကြာကြီးတော့ မနေနဲ့”
တုထျန်းကျင်က စီစဉ်စရာ ရှိတာ စီစဉ်ပြီးနောက် လီအိုနာကို ခေါင်းညိတ် ပြလိုက်သည်။ သူတို့က ရေကန်ကို ဖြတ်သန်းကာ အမှောင် ကောင်းကင်ကြယ်သို့ ပြန်သွားသည်။
အချိန်တို အတွင်း၌ပင် အမတ်လေးယောက်လုံးက သူတို့၏ အဖွဲ့များနှင့် အတူ ထွက်ခွါသွားသည်။ သူတို့တွင် ပိုမို အရေးကြီးသော လုပ်စရာများ ရှိနေဟန် ရသည်။ ထိုကြောင့် ဤနေရာတွင် အကြာကြီး မနေခဲ့ပါ။
တုထျန်းလီက အထွတ်အထ်ိပ် သန့်စင်းခြင်း နယ်မြေ၏ ဂိတ်အားလုံးကို ချိပ်ပိတ်လိုက်သည်။ သူသည် မမျှော်လင့်သော ကိစ္စများ မဖြစ်ပွားစေရန် အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေ၏ အကျဉ်းထောင် အားလုံးကို ခိုင်မာအောင် ပြုလုပ်ခဲ့သည်။ ထိုနောက် သူ ထွက်သွားသည်။
ကျိယောင်က သန့်စင်ခြင်း ကြယ်တွင် ခုနစ်ရက် နေခဲ့သည်။ သူမက တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည့်အလား အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေ၏ ထွက်ပေါက် အားလုံးကို စစ်ဆေးခဲ့သည်။
သူမက အိုကဲရာကို ထွက်သွားခိုင်းခဲ့သည်။ သူမ တစ်ယောက်ထဲ အထွတ်အထိပ် သန့်စင်ခြင်း ကြယ်ကို လှည့်လည် သွားလာခဲ့သည်။ ခုနစ်ရက်အတွင်း သူမ ဘာမှ ရှာမတွေ့ခဲ့ပါ။ သူမ မျက်နှာက တစ်ရက်ထက် တစ်ရက် ပိုမို နက်မှောင် လာခဲ့သည်။
အံ့ဖွယ် ဖြစ်ရပ် တစ်ခုမျှ မရှိခဲ့ပါ။
ခုနစ်ရက် ကြာပြီးနောက်…
ကျိယောင် ဝမ်းနည်းပူဆွေး ခါးသီးစွာဖြင့် ထွက်ခွါသွားသည်။ သူမက သန့်စင်ခြင်း ကြယ်မှ မထွက်ချင် ထွက်ချင်ဖြင့် ထွက်သွားခဲ့ရသည်။
သူမ အလွန် နီးကပ်စွာ ဖြတ်သွားခဲ့သော ချိပ်ပိတ် ထွက်ပေါက်တစ်ခုတွင် ရှီယန် ပိတ်မိနေမှန်း ကျိယောင် မသိခဲ့ပါ။ သူမ အနည်းငယ် ဖျက်စီးရုံဖြင့် ရှီယန်ကို တွေ့မြင်ရမည် ဖြစ်သည်။
သို့သော် တားမြစ်နယ်မြေက အတွင်းရှိ သက်ရှိ စွမ်းအင် အားလုံးကို ပိတ်ဆို့ခဲ့သည်။ သူမ ရှီယန်၏ အသက်စွမ်းအင်ကို အာရုံ မခံမိခဲ့ပါ။ နောက်ဆုံးတွင် သူမသည် နက်ရှိုင်းသော နောင်တတရားများနှင့် သန့်စင်ခြင်း ကြယ်မှ ထွက်သွားခဲ့သည်။
အချိန်က လျင်မြန်စွာ လည်ပတ်နေသည်။ သန့်စင်ခြင်း နယ်မြေက ပြန်လည် တည်ငြိမ်နေသည်။ ကျွမ်းကျင်သူ အားလုံး ထွက်သွားခဲ့ပြီ။ အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေကို ချိပ်ပိတ်ခဲ့သည်။ ထိုကုန်းမြေက လုံးဝ တိတ်ဆိတ် ငြိမ်သက်သွားသည်။
-----
တားမြစ် နယ်မြေ (၉၄)ခုက ပျောက်ကွယ် သွားခဲ့သည်။ တားမြစ်နယ်မြေ ငါးခုက မှော်စွမ်းအင် အတက်အကျများနှင့် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ရှီယန်က ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံး နေရာတွင် ရှိနေပြီး အတားအဆီးများကို ကြိုးစားအားထုတ်ကာ တရွေ့ရွေ့ ဖြတ်သန်းနေသည်။
ထိုမဟာ နန်းတော်က တောင်မြင့်ကြီး၏ အောက်ဖက်၊ တားမြစ် နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာတွင် လျှို့ဝှက်စွာ ရှိသည်။ ထူထဲသော တိမ်တိုက်များက နန်းတော်ကို ကာဆီးထားသည်။ ဘယ်သူမှ ထိုတိမ်တိုက်လွှာများကို ဖြတ်သန်းကာ နန်းတော်ကို မမြင်နိုင်ချေ။
သူသည် နန်းတော် အနီးသို့ တဖြည်းဖြည်း နီးကပ်လာသည်။
(၂)နှစ် ကုန်းဆုံးသွားခဲ့သည်။
(၂)နှစ်အတွင်း…
သူက အတားအဆီးများ၏ ဆန်းကြယ်မှုကို ကြိုးစား ဖော်ထုတ်သည်။ အတားအဆီး (၄၉)လွှာက နန်းတော်ကို ဖုံးအုပ်ထားသည်။ ယခုအချိန်တွင် သူ (၂၂)လွှာ ချိုးဖျက်ခဲ့့ပြီးပြီ ဖြစ်သည်။
အလွှာတစ်ခုချင်းစီက ခမ်းနား ထည်ဝါသော အစီရင် တစ်ခု ဖြစ်ပြီး ကောင်းကင်နှင့် ကမ္ဘာ၏ မဟာ ဆန်းကြယ်မှုများကို ဖုံးကွယ်ထားသည်။
ထိုအတားအဆီးများကို ကျန်းကော မဖျက်စီးနိုင်သည့် အကြောင်းပြချက်က သူသည် ပန်းပဲ ဆရာ မဟုတ်သောကြောင့် ဖြစ်သည်။ သူ နတ်ဘုရင် နယ်ပယ် ကျင့်ကြံမှုဖြင့် ဝိညာဉ်အသိကို အသုံးပြုကာ ထိုအစီရင်၏ သိမ်မွေ့မှုကို ရှာဖွေယ်ခဲ့သည်။ အမှန်တွင် သူ့တိုးတက်မှုက လွန်စွာ နှေးကွေးသည်။
ရှီယန်က ကွဲပြားသည်။
သူ့တွင် သဘာဝ အားသာချက် တစ်ခု ရှိသည်။ သူသည် အောင်မြင်မှု၏ ပန်းပဲဆရာ လျှို့ဝှက်ချက်ထဲမှ မှော် အစီရင်များကို လေ့လာခဲ့သည့် အတွေ့အကြုံ ရှိသည်။ သူသည် စိတ်မကူးနိုင်သော အတွေ့အကြုံ ကြွယ်ဝမှုများကို ရရှိခဲ့သည်။
အတားအဆီး တစ်လွှာခြင်းစီတွင် သေးငယ်သော အစီအရင်များစွာ ပါဝင်သည်။ အတားအဆီးက မှော်ဆန်စွာ ရှု့ပ်ထွေးသော်လည်း နတ်ဘုရားအဆင့် ပန်းပဲဆရာ တစ်ယောက် အနေဖြင့် အတားအဆီးကို ချိုးဖြတ်နိုင်နေဆဲ ဖြစ်သည်။ ၎င်းက မမြန်သည့်တိုင် တိုးတက်နေဆဲ ဖြစ်သည်။
အကယ်၍ ကျန်းကောသည် နတ်ဘုရင် နယ်ပယ် အဆင့် ရှီယန်က ထိုသို့ စွမ်းအား ကြီးမားပြီး နတ်ဘုရား အဆင့် ပန်းပဲ ဆရာ တစ်ယောက်မှန်း သိခဲ့လျှင် သူ့ကို ချုပ်နှောင်ရန် ထိုအတားအဆီးများကို အသုံးပြုခဲ့မည် မဟုတ်ပါ။
အလွှာတစ်ခုကို ချိုးဖြတ်တိုင်း သူ၏ ပန်းပဲပညာတွင် နားလည်မှုက အဆင့်သစ် တစ်ခုသို့ ရောက်ရှိခဲ့သည်။ အတားအဆီးများကို တည်ဆောက်ထားသော အစီရင်ထဲတွင် သဘာဝ၏ မှော်ဆန်သော အမှန်တရားများကို လျှို့ဝှက် ထားခဲ့သည်။ ထိုအတောအတွင်း သူ့နယ်ပယ်က သန့်စင် ခိုင်မာလာပြီး သူ့ဝိညာဉ်က နူးညံ့သိမ်မွေ့လာသည်။
သည်နေရာတွင် သူ့သဘာဝ စွမ်းအင် အသိ ခံစားမှုက ပိုမို ကောင်းမွန်လာသည်။ သူက အတားအဆီးကို ချိုးဖျက်ရန် အာရုံ စိုက်နေစဉ် သူ့နယ်ပယ်တွင် ရရှိလာသော အကျိုးကျေးဇူးများက ခန့်မှန်းရ ခက်ခဲလာသည်။
အလွှာတစ်ခု ချိုးဖျက်တိုင် သူ့နယ်ပယ်က အဆင့်တစ်ခုသို့ သန့်စင် ပေးလိမ့်မည်။ ထိုအရာကား သူ့ဝိညာဉ် ယဇ်ပလ္လင်ကို အကျုိးကျေးဇူး ရစေသည်။ ရှီယန် သတိ မပြုမိခင်မှာပင် သူ့တတိယ ဝိညာဉ် အသိက သိမ်မွေ့စွာ ပြောင်းလဲသွားပြီး အတားအဆီး အတွင်းရှိ စွမ်းအင်နှင့် ကမ္ဘာ၏ ဆန်းကြယ်မှုများကို ပိုမို နားလည် သဘောပေါက်လာသည်။
သူသည် ကျန်းကော၏ ထောက်ချောက်ကို မေ့လျော့ခဲ့သည်။ ယခု သူ့သိုင်းပညာ၏ မှော်အဆန်ဆုံး လမ်းစဉ်များ အနက် တစ်ခုဖြစ်သော အတားအဆီးများ ရှာဖွေ ဖော်ထုတ်ခြင်းတွင် နှစ်မြုပ်နေသည်။
အကျိုးကျေးဇူး အများအပြား ရလာသဖြင့် သူ့စိတ်က ပြောင်းလဲသွားသည်။ သူ့လှုပ်ရှားမှုက မြန်ဆန်လာသည်။
ယနေ့ သူသည် အလွှာ (၄၉)ခုအနက် အလွှာ(၄၀)၏ ဒုတိယမြောက် အလွှာကို ချိုးဖျက်ခဲ့သည်။ သူက ရုတ်တရက် နန်းတော် အတွင်းပိုင်မှ အံ့ဖွယ် လှုပ်ရှားမှု တစ်ခုကို ခံစား မိလိုက်သည်။
တစ်ချိန်တည်းမှာပင်
အထွတ်အထိပ် သန့်စင်ခြင်း နယ်မြေ၏ အခြား တားမြစ်နေရာ လေးခုမှ နတ်ဘုရင် နယ်ပယ် တတိယ အဆင့် သိုင်းသမားမျာသည်လည်း သူ့ကဲ့သို့ပင် ထူးဆန်းသော အခြေအနေ တစ်ခုနှင့် ကြုံတွေ့လိုက်ရသည်။ သူတို့ အားလုံး တုန်လှုပ်သွားကြသည်။
----- ----- ----- ------ ------- ------- ------- -------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now