608

614 71 0
                                    

Chapter 608: တရားခံ

အင်မော်တယ်သွေးစက်မှတဆင့် ယန်ကျောက်နှင့် အခြားလူများ၏ တည်နေရာကို သိရှိခဲ့ကြောင်းကိုတော့ ချောင်ချူထောင်တို့ကို မပြောပြခဲ့ပါ။
သူတို့တစ်တွေသည် သိုင်းဝိညာဉ်နန်းတော်တွင် ရှိနေကြခြင်းဖြစ်သည်။

သူက သိုင်းဝိညာဉ်နန်းတော်သို့သွားရန် မှော်ရတနာဂိုဏ်း နယ်မြေကို ဖြတ်သန်းသွားရသည်။
မှော်ရတနာဂိုဏ်းသို့ ၀င်ကာ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးချင်သေးသည်။
ပြီးမှ သိုင်းဝိညာဉ်နန်းတော်ဧရိယာသို့ သွားသင့် မသွားသင့် ဆုံးဖြတ်မည်။

ချောင်ချူထောင်နှင့် ဖန်ရှင်းယွန်တို့တွင် အတော်လေးမြင့်မားသော ကျင့်ကြံမှု အဆင့်အတန်းရှိပါသည်။
သို့သော် သူတို့နောက်လိုက်နောက်ပါ တစ်ရာနီးပါးကတော့ စွမ်းအင်အဆင့် အနိမ့်ရော အမြင့်ရော ပါ၀င်ကြသည်။
ထိုသို့ အုပ်စုလိုက်ကြီးသွားကြမည်ဆိုလျှင် အန္တရာယ်ကို ဖိတ်ခေါ်နေသည်နှင့်တူ၏။

မြောက်ပိုင်းရတနာတောင်ပေါ်ရှိ တည်နေရာရွှေ့ပြောင်းခြင်း၀င်္ကဘာကို သူ ပိတ်ထားခဲ့သည်။
ယန်ကျောက်တို့နှင့်တွေ့လျှင်လဲ သူက အသစ်တစ်ခု ဖန်တီးပြီး မြောက်ပိုင်းရတနာတောင်ပေါ်ရှိ အာကာသဆက်ကြောင်းများကို သွားဖွင့်လိုက်ရုံသာ။
ဒါဆို ချောင်ချူထောင်တို့ကို မိုင်ထောင်ပေါင်းများစွာ ဖြတ်ကျော်ခေါ်ဆောင်လာစရာမလိုတော့ပဲ တစ်ခါတည်း တည်နေရာ ခုန်ကျော်သွားလို့့ရပြီဖြစ်သည်။

သူက ဂရုတစိုက် တွက်ချက်ထားပြီးဖြစ်ရာ အမြန်ဆုံးနှုန်းဖြင့် မှော်ရတနာဂိုဏ်းနယ်မြေကို ဖြတ်ပျံလျှက်ရှိသည်။

ရက်အနည်းငယ်အကြာတွင်တော့ သူက မှော်ကျောက်တုံးမြို့တော်သို့ ရောက်လာသည်။
မှော်ကျောက်တုံးမြို့တော်ထက်တွင် ပျံဝဲနေရင်း သူ့မျက်နှာက ညှိုးနွမ်းသွားသည်။

အရင်တုန်းက ပျိုမြစ်သစ်လွင်လှသော မှော်ကျောက်တုံးမြို့တော်ကြီးတစ်ခုလုံး ပျက်စီးခဲ့လေပြီ။
အကြိမ်ပေါင်းများစွာ မုဒိမ်းကျင့်ခံခဲ့ရသော မိန်းမငယ်တစ်ယောက်လို သနားစရာကောင်းလောက်အောင်ပင် ပြိုကျပျက်စီးနေခဲ့ပြီဖြစ်သည်။
မြို့ထဲမှာ လူရိပ်လူယောင်မရှိ။
စည်ကားခဲ့သော စျေးဆိုင်များအားလုံး ဗလာကျင်းလျှက် အဖိုးတန် သယံဇာတများအားလုံး လုယက်ခံခဲ့ရပြီးဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ