680

555 68 0
                                    

Chapter 680: မိစ္ဆာသွေး စစ်ဆေးခြင်းအပ်

ရှီယန်၊ပေါင်အိုနှင့် ကျီးကျဲတို့သည် မဟာသန့်စင်ခြင်းရှစ်ပါး မြို့ အထက် လေထုထဲတွင် ဝိုင်းဖွဲ့ကာ ဘာကိုမှ ဂရုမစိုက်ပဲ အရက်သောက်နေကြသည်။
မြို့ထဲရှိ လူသားများအပြင် မြို့ပြင်ရှိ အလောင်းကောင်ကလန်၊အမှောင်ကလန်၊အမှောင်ဝိညာဉ်ကလန်တို့သည်လည်း သူတို့သုံးယောက်၏ သောက်ဝိုင်းကို ငေးကြောင်ကာ ကြည့်နေကြသည်။

အရက် ဆယ်ကရားခန့်ကုန်သွားချိန်တွင် သူတို့ ဝိုင်းက အရှိန်ရလာသည်။

ကျီးကျဲအရက်တွေတော့ ကုန်ပြီ။ငါ့အရက်ကိုလဲ မြည်းစမ်းကြည့်ပါဦး။
ပေါင်အိုက အရက်အိုးအလွတ်များကို တွန်းဖယ်လိုက်ပြီးနောက် ရှီယန့်ကို ပြုံးကြည့်ကာ ပြောသည်။

ရှီယန်က အနည်းငယ် အံ့သြသွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
“တစ်ဖက်ကို လက်ခံပြီး တစ်ဖက်ကို လစ်လျူရှုလို့ဘယ်ဖြစ်မလဲ။ခင်ဗျားတို့က ကျုပ်ဧည့်သည်တွေပဲ။လိုက်လျောရမှာပေါ့”

“ကောင်းတယ်”

ပေါင်အိုက ကျေနပ်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
နောက်ထပ် အရက်ဆယ်ကရား အပြည့် တန်းစီထွက်ပေါ်လာချိန် မတူညီသော အရက်နံ့တစ်မျိုးက ပတ်၀န်းကျင်လေထုထဲ ပျံ့နှံ့သွားပြန်သည်။

ရှီယန်က လက်နှေးမနေပါ။
အရက်တစ်ကရားကို ကောက်ကိုင်ပြီး အားလုံးရှေ့တွင်ပင် မော့ချလိုက်သည်။

အရက်ပြင်းပြင်းက သူ့လည်ချောင်းတစ်လျှောက် စီးဆင်းသွားပြီး အစာအိမ်ထဲရှိ ကျီးကျဲ၏ အရက်များနှင့် ရောနှောလို့သွားသည်။
မတူညီသော အရက်နှစ်မျိုး ပေါင်းစပ်သောအခါ သူ့၀မ်းဗိုက်တစ်ခုလုံး မီးစနှင့်ထိုးသလို ပူသွားသည်။
ရှီယန်က အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်။

သူ့သွေးများက သွေးကြောများတစ်လျှောက် ဆူပွက်ကာ လည်ပတ်သွားသလို ခံစားရသည်။

ပေါင်အိုနှင့် ကျီးကျဲက ချက်ခြင်းမသောက်သေးပဲ ရှီယန့်ကို မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။
သူတို့၏ မျက်လုံးများထဲတွင် ထူးခြားသော အလင်းရောင်များ ဖြတ်ပြေးသွားလေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Onde histórias criam vida. Descubra agora