604

690 72 0
                                    

Chapter 604: အမှောင်ပင်လယ်လှိုင်းလုံးများ…

ချောင်မိသားစု နှင့် ယင်ယန်နယ်မြေထူး ဆိုသည်မှာ အင်အားအကြီးဆုံးအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ကြသည်။အရှေ့ပင်လယ်၏ အကြာရှည်ဆုံး အဖွဲ့အစည်းများဖြစ်သည်။
နှစ် ထောင်ပေါင်းများစွာအတွင်း သူတို့ စုဆောင်းပိုင်ဆိုင်ခဲ့သော အမွေအနှစ်များမှာလည်း လူအများ တွေးကြည့်နိုင်တာထက်ပင် ကျော်လွန်နေသောအရာဖြစ်သည်။

မြင့်မြတ်ခြင်း ကုန်းမြေတွင်ပင် အထွတ်အမြတ်ထားသော ပစ္စည်းများသည်ပင် ချောင်ချူထောင်တို့ ဖန်ရှင်းယွန်တို့အတွက် မစိမ်းပါ။
ရှီယန်က အမျိုးအမည်များကို ပြောပြသည်နှင့် သူတို့၏ သိုလှောင်လက်စွပ်ထဲမှ အတိအကျကို ထုတ်ပေးကြသည်။

သူတို့က နေရပ်ကို စွန့်ခွာလာခဲ့ပြီဖြစ်သောကြောင့် နှစ် ထောင်ပေါင်းများစွာ စုမိ ဆောင်းမိထားသော ပစ္စည်းဥစ္စာများ အားလုံးကို သိမ်းကြုံးကာ သိုလှောင်လက်စွပ်များထဲ ထည့်လာကြသည်။
ချောင်ချူထောင်နှင့် ဖန်ရှင်းယွန်တို့၏ လက်ချောင်းများတွင် အရောင်မတူညီသော သိုလှောင်လက်စွပ် ဆယ်ကွင်းထက်မနည်း ရှိနေသည်ကို တွေ့သောအခါ ရှီယန် အတော်လေး အံ့သြမိသည်။

တည်နေရာရွှေ့ပြောင်းခြင်း ၀င်္ကဘာကို တည်ဆောက်ရန် အမြန်ဆုံးလိုအပ်နေသောကြောင့် ထိုလူနှစ်ယောက်က စေးကုတ်နေခြင်းမရှိဟန်ရသည်။

ရှီယန်က အကြံရသွားသောကြောင့် ပစ္စည်းအချို့၏ နာမည်ကိုပါ ထပ်မံ ရွတ်ဆိုလိုက်သည်။

ကောင်းကင်မီးလျှံ မဟာသန့်စင်ခြင်းနည်းစနစ်သည် အဖိုးတန်ရှားပါးကုန်ကြမ်းပစ္စည်း ပမာဏ ကြီးကြီးမားမား လိုအပ်နေပါသည်။
ထိုပါ၀င်ပစ္စည်းများကို ဘယ်လို ရှာဖွေစုဆောင်းရမည်ဆိုတာကို သူ တစ်ချိန်လုံး စိတ်ပူနေခဲ့သည်။
ချောင်ချူထောင်နှင့် ဖန်ရှင်းယွန်တို့၏ မဟားတရား ချမ်းသာကြွယ်၀မှုကို မြင်တွေ့ရသောအခါ သူက စည်းစောင့်မနေနိုင်တော့ပါ။

ချောင်ချူထောင်နှင့် ဖန်ရှင်းယွန်တို့၏ မျက်နှာများက ညှိုးနွမ်းစ ပြုလာကြသည်။
ကောင်းကင်မီးလျှံ မဟာသန့်စင်ခြင်းနည်းစနစ်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းအမျိုးမျိုးထဲတွင် အချို့ ရှီယန်ရွတ်ပြသွားသော အရာများဆိုလျှင် သူတို့ တစ်ခါမှပင် မမြင်ဖူးခဲ့ပါ။
ရှေးဟောင်းကျမ်းစာအချို့တွင်သာ ဖတ်ဖူးခဲ့သော စာလုံးများ ဖြစ်နေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang