741

558 70 0
                                    

အခန်း(၇၄၁) နားလည်မှုအသစ်

ရှီယန်န်ိုးလာကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။

  ပထမဆုံး သူမြင်သည့်အရာမှာ သူ၏ ခေါင်းအထက်မှ ကောင်းကင် တစ်ခုလုံးကို အဆုံးမဲ့ဖုံးလွှမ်းနေသည့် တိမ်မဲထုကြီးပင်။
 
အခြားနေရာသို့ လှမ်းကြည့်လိုက်သောအခါ အေးစက်ခြောက်သွေ့နေသော စွန့်ပစ်နယ်မြေတစ်ခုအတွင်း ရောက်ရှိနေသည်ကို သူတွေ့ရှိခဲ့သည်။  ဤနေရာတွင်ရှ်ိသည့် မြေဆီလွှာက ညိုမည်းနေပြီး သက်ရှ်ိစွမ်းအင်အတက်အကျ နည်းနည်းလေးပင် မရှိသော နေရာဖြစ်သည်။ သူ၏ အရှေ့တွင်တော့ ​ေတာင်မြင့်ကြီးတစ်လုံးလို စုပုံနေသော အလောင်းကောင်များ။

ထိုအလောင်းများမှာ သားရဲများနှင့် လူမျိုးအသီးသီးတို့ ဖြစ်သည်။ အလောင်းအားလုံးက ဆွေးမြေ့နေကာ လေတစ်ချက်ဝှေ့ယုံနှင့်ပင် အားလုံး ပျောက်ကွယ်သွားနိင်သည့်ဟန် ရှိသည်၊၊

   ရှီယန်မတ်တပ် ရပ်ကာ လေ့လာကြည့်ရာ အလောင်းများကို နေရာအနှံ့တွင် တွေ့နေရသည်။ ဤနေရာက အလောင်းပင်လယ်ကြီး တစ်ခုနှင့်တူကာ အခြားအဆုံးတစ်ဖက်ကို မမြင်ရပေ။  ဤနေရာသည် မှိုင်းပြပြ ခံစားချက် တစ်ခုကို ပေးနေသည်။

" ဒါဘယ်နေရာလဲ"
ရှီယန် ခေါင်းကိုက်၍ သူ၏ ခေါင်းကို အုပ်ကိုင်ထားစဉ် မှတ်ညဏ်များ ဖြတ်ကနဲပေါ်လာသည်။ ဤနေရာသို့ မရောက်မီ သူက ကြယ်ပေါက်ကွဲခြင်း အပိုင်းအစနယ်မြေ အတွင်းရှိ သာမန်ထက်ပိုကြီးမားသည့် စွမ်းအင်စက်ဝိုင်းအတွင်း ရှိနေခဲ့ကြောင်းကိုသာ မှတ်မိခဲ့သည်။

ထိုနေရာတွင် ခရမ်းစွဲစစ်စရထားက ဖျက်ဆီးခံလိုက်ရသည်။ သူက ကျိယောင်ကို ခေါ်ကာ ထိုနေရာမှ ထွက်ခွာလာသည်။ ထို့နောက် အားတစ်ခုက စွမ်းအင် ဝဲတစ်ခုအတွင်း ဆွဲချရာ သူတဖြည်းဖြည်း နစ်မွန်းသွားခဲ့သည်။

  ရှီယန် ကျိယောင်ကို သတိရကာ ချက်ချင်းလိုက်ရှာသည်။

တစ်ခဏအတွင်းမှာပင် မီတာတစ်ထောင်ခန့် ရှည်လျားသော သားရဲကြီးတစ်ကောင်၏ အရိုးစုဘေးတွင် လဲနေသော ကျိယောင်ကို သူရှာဖွေတွေ့ရှိခဲ့သည်။ သူမ၏ အသက်ရှူနှုန်းက အလွန်အားနည်းသော ကြေးနန်းကြိုး အမျှင်လေးလောက်သာရှိကာ အလွယ်တကူအာရုံခံ၍ မရပေ။

ရှီယန့် အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။  ဤနေရာရှိ မြေဆွဲအားက အလွန်ကြောက်မက်ဖွယ် အားကြီးကြောင်း သူ ချက်ချင်း သ်ိလိုက်ရသည်။ မြေဆွဲအားက ပခုံးပေါ်တွင် တောင်ကြီးတစ်လုံးကို မနိင်တနိင် ထမ်းထားရသည်နှင့် တူသည်။ သူ၏ ပြေးနှုန်းက နှေးကွေးလာသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Wo Geschichten leben. Entdecke jetzt