796

558 78 0
                                    

အခန်း(၇၉၆) မစွမ်းနိင်သေးသရွေ့တော့ဆက်ငြိမ်ငြိမ်နေ
လိပ်ခွံကို ငါးခုခွဲထားသော်လည်း ယခုအခါတွင် ပြန်လည်စုစည်းပြီးဖြစ်ကာ အားအချိူ့အောက်တွင် တစ်ခုတည်းအဖြစ် ပြန်လည်တည်ရှိနေသည်။
လိပ်ခွံငါးပိုင်းပြန်လည်ပေါင်းစည်းသွားချိန်တွင် စွမ်းအင် အတက်အကျများ လိပ်ခွံမှ ပြင်းစွာ ပွင့်ထွက်လာသည်။
ဖန်းရိုက ကြောက်လန့်တုန်လှုပ်ဖွယ် တစ်စုံတစ်ရာကို ခံစားမိသောကြောင့် ဖြူရော်သွားသည်။ သူမတစ်ခွန်းမျှ မပြောပဲ မျက်တောင် တစ်ခတ်အတွင်း အဝေးသို့ ပျံသန်းသွားသည်။
သူမ၏ ခန္ဓာကိုယ်က ဝိုးတဝါး အရိပ်တစ်ခုအဖြစ် လိပ်ခွံနှင့် ခပ်ဝေးဝေးအကွာသို့့ ရောက်သွားသည်၊၊
ထ်ိုအခိုက်အတန့်တွင် ခုနှစ်ရောင်သွယ်အလင်းတန်း ထောင်ပေါင်းများစွာက လိပ်ခွံမှ ကန်ထွက်လာသည်။ အလင်းတန်းတစ်ခုဆီက ထက်ရှကာ မည်သည့် အရာကိုမဆို ဖောက်ကာ ဖြတ်သန်းနိင်သည်။
အလင်းတန်းများက လိပ်ခွံအနီးတွင် ပိုများသည်။ ၎င်းအလင်းတန်းများက နေရာအနှံ့သို့ ပြန့်ကားသွားသည်။
ရွှစ်…ရွှစ်… ရွှစ်
ထောင်သောင်းချီသော အလင်းတန်းများက ပြွတ်သိပ်စွာ ဖြာထွက်သွားသည်။
ဟန်တိက သိပ် သတိမ ထားခဲ့ပေ။ အလင်းတန်းဆယ်ခုကျော်က သူကိုဖောက်ထွက်သွားသည်။ သူ၏ နတ်ဘုရား ခန္ဓာကိုယ်တွင် ဟောင်းလောင်းပေါက်များ ပေါ်လာသည်။ ပြီးနောက် အတန်ကြာတွင် ဟန်တိ၏ ခန္ဓာကိုယ် အဆုံးသတ်သွားခဲ့သည်၊ သူ၏ ဝိညာဉ် ယဇ်ပလ္လင်ပင် တစ်ခဏအတွင်း ပေါက်ကွဲထွက်သွားခဲ့သည်။
ကန်ဂျိနှင့် ဖန်ကျားတို့ကအန္တရာယ်ကို ရိပ်မိသောကြောင့် သူတို့က ဖန်းရိုနောက်သို့ လိုက်ကာ ထွက်ပြေးကြသည်၊၊
သို့သော်လည်း ထ်ိုအလင်းတန်းအားလုံးကို သူတို့ မရှောင်နိင်လိုက်ပေ။ အချို့အလင်းတန်းများက သူတို့၏ ခါးနှင့် လက်မောင်းများကို ဖြတ်ကာ အလင်းဓါးဖြင့် ထိုးလိုက်သကဲ့သို့ ဒဏ်ရာများ ကျန်ခဲ့သည်။
သူတို့၏ သေစေနိုင်လောက်သော နေရာများကို အလင်းတန်းများ မထိခဲ့သည်မှာ သူတို့ ကံကောင်းလှ၍ ဖြစ်သည်။ သနားစရာဟန်တိကဲ့သို့ မဟုတ် သူတို့ အသက်ရှင်သေးသည်။ သူတို့က အနာပေါက်များကို သွေးထွက်ရပ်ရန်နှင့် ပိုမကြီးထွားလာစေရန် ဆေးလုံးများကို အလောတကြီး အသုံးပြုခဲ့ရသည်၊၊
ကံကောင်းစွာ သူတို့ အူများက ဝမ်းခေါင်းထဲတွင် သာရှိနေသေးသည်။
လုံးဝဒဏ်ရာမရသူမှာ အရင်ဆုံး ပျံပြေးသွားသည့် ဖန်းရိုနှင့် အလင်းတန်း တိုက်ခိုက်မှု၏ အဝေးဆုံးတွင် ရှိနေသော ရှီယန်တို့ ဖြစ်သည်။
ပြန့်ကျဲသွားသော အလင်းတန်းများအနက်မှ အလင်းတန်းတစ်ခု သူ့နံဘေးမှ ဖြတ်သွားသည်ကို မြင်လိုက်ရသောအခါ ရှီယန် အတော် လန့်သွားသည်။ သူနှင့် အလွန် နီးသည်။ သူဖန်းရိုစကား နားမထောင်ပဲ အထဲဝင်ပါက သူ့ကိုလည်း ထိမှန်ခံရပေလိမ့်မည်။ လိပ်ခွံနှင့် အနီးဆုံး တွင် အလင်းတန်းများ ပိုများသည်။ အလင်းတန်းများက ဆက်တိုက်ပြန့်ထွက်လျှက်ရှိသည်။ အဝေးသို့ ရောက်သောအခါ အလင်းတန်းများ အကြား တစ်ခုနှင့်တစ်ခု အကွာအဝေးက အတော် ခြားသွားသည်။
ရှီယန်နှင့် ဖန်းရိုတို့သည် ထိုဟနေသော အကြားများမှယိမ်းကာ ဝဲကာ သေစေနိုင်သည့် တိုက်ခိုက်မှုများကို ရှောင်ရှားခဲ့သည်။
ထောင်သောင်းချီသော အလင်းတန်းများက လိပ်ခွံမှ အချိန်အတန်ကြာ ထိုးထွက်နေပြီးနောက် ရပ်တန့်သွားသည်။
လိပ်ခွံထဲမှ ရှည်လျားသော အလင်းဓါးသွားများ တိုးထွက်နေသည့်ပုံစံအတိုင်း တိကျသော ပုံသေ ပုံစံတစ်ခုဖြင့် ငြိမ်သက်သွားသည်။
ကန်ဂျိနှင့် ဖန်ကျားတို့က သူတို့၏ ဒဏ်ရာများကို ပုံမှန်အတိုင်း ကုသပြီးနောက် ဖန်းရိုကို နာကျည်းမုန်းတီးစိတ်များဖြင့် စိုက်ကြည့်လိုက်သည်၊၊
"ခွေးမ... နင်လုပ်တာ တော်တယ် "
သူတို့က ဟနေသော အလင်းတန်းများအကြားမှ ရှောင်တိမ်းကာ လွတ်ရာတွင်နေလိုက်ကြသည်။
သူတို့ ထပ်မံကာ အထိအခိုက်မရှိ သော်လည်း ဖြူဖတ်ဖြူလျော်ဖြစ်နေကြသည် ။ သိသိသာသာပင် သူတို့ နာကျင်မှုက်ို ပြင်းပြင်းထန် ထန်ခံစားခဲ့ရသည်။
" နင်နဲ့ငါ အတူတူပဲ၊ နင်ငါ့ကို တိုက်ခိုက်ဖို့ မတွေးရင် လိပ်ခွံငါးခုကို ပြန်ပေါင်းစည်းစေမှာမဟုတ်ဘူး၊ အရာအားလုံးဒီလို ဖြစ်မလာဘူး၊ နင်နဲ့တန်လို့နင်ဖြစ်တာလို့ပဲပြောပါရစေ"
ဖန်းရို ခပ်ရေးရေးပြုံးကာ သူမက အားနည်းသည့် သူမဟုတ်ကြောင်း ပြလိုက်သည်။
" ဟမ့် … ငါတို့ ဘာမှမလုပ်ရင်လဲ ကောင်းတာအကုန် နင်ယူမှာမဟုတ်လား။ အဲ့တာနင့်အကြံမဟုတ်ဘူးလား။ နင်ကသာ သဘောကောင်းတဲ့သူဆို ဘာလို့ ပစ္စည်းကောင်းတွေ မမျှ ဝေလဲ"
ကန်ဂျိ ဒေါသထွက်နေသည်။ သူ၏ ဒေါသကြောင့် မျက်လုံးများက အေးစက်ကာ ယုတ်မာမှုများဖြင့် ပြည့်နေသည်။
ဖန်ကျားက နှာခေါင်းရှုတ်ကာ ဖန်းရိုကိုတစ်ချက်ကြည့်ပြီး ရှီယန်ကို လှမ်းကြည့်လိုက်သည်။
"ခွေးမ နင်က အတွက်အချက် တော်တာပဲ။ နင်က ဒီကောင်လေးနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ပြီး ဟန်တိကို နောက်ကနေ ထိန်းထားတယ်၊အဲ့တာကြောင့် သူ့နတ်ဘုရားနယ်ပယ်က အကျိုးသက်ရောက်မှုမရှိတာ။ နင်က ပါးနပ်ပြီး တော်တော် အငြိုးကြီးတာပဲ "
" အဲ့လိုဆို နင်တို့သုံးယောက်က ဟန်ဆောင် တိုက်ခိုက်ပြီး ငါထောင်ချောက်ထဲရောက်အောင် စီစဉ်ထားတာမဟုတ်ဘူးလား။အသန်မာဆုံး ငါ့ကို နင်တို့အရင်သတ်ချင်တယ်လေ။ နင်တို့ အစီအစဉ်ကို ငါမသိဘူးထင်နေလား"
ဖန်းရိုက မျက်ခုံးပင့်ကာ ခွန်းတုံ့ ပြန်လိုက်သည်၊၊
" နင်တို့က ငါ့ကိုတိုက်ခိုက်ဖို့ စီစဉ်ထားတယ်လေ ငါက ပြန်တိုက်ဖို့ လုပ်လို့မရဘူးလား "
သူတို့အပြန်အလှန်စကားပြောနေသည်ကို နားထောင်ကာ ရှီယန် အံ့အားသင့်နေခဲ့သည်။ သူစိတ်ပျက်နေသည်။ သူတို့ထဲက တစ်ယောက်မျှ မကောင်းပေ။ အားလုံးတွင် မကောင်းသော ရည်ရွယ်ချက်များရှိနေသည်။
ကန်ဂျိ၊ ဖန်ကျားနှင့် ဟန်တိတို့က ဖန်းရိုက ကိုင်တွယ်ရန် အခက်ဆုံးဖြစ်ကြောင်းသိသည်၊၊ သူတို့က ဖန်းရိုကို သွေးဆောင်ရန် အယောင်ပြတိုက်ခိုက်မည့် ပြည့်စုံလှသော အစီအစဉ်ရှိသည်၊၊ သူတို့သုံးယောက် ပူးပေါင်းကာ ဖန်းရိုကို သတ်မည်၊ ထို့နောက် ဤနန်းတော်မှ ရတနာများကို ရှာဖွေကြေ ပမည်၊၊
မည်သို့ပင် ဆိုစေကာမူ ဖန်းရိုက သူတို့ အကြံကို ခန့်မှန်းမိသည်။ သူမက အရူးမဟုတ်ပေ၊၊ ထို့ကြောင့် ရှီယန်နှင့် ပူးပေါင်းရန် ဆုံးဖြတ်ကာ ရှီယန်အား ဟန်တိကို ဆွဲထားစေခဲ့သည်၊၊ ထိုသို့ပူးပေါင်းကာ ဟန်တိ၏ စွမ်းအားကို အပြည့်အဝ အသုံးမချနိင်အောင် ကာကွယ်ခဲ့သည်၊၊ သူမက ဟန်တိ၏ စွမ်းအားကို အကြောက်ဆုံးဖြစ်သည်၊၊
ထို့ကြောင့် ကန်ဂျိ၊ ဖန်ကျားနှင့် ဟန်တိတို့၏ စဉ်းလဲ့သော အကြံက ထိရောက်မှုမရှ်ိခဲ့ပေ။ ဆန့်ကျင်ဘက်အခြေအနေအဖြစ် သူတို့အသာစီးရကာ ကန်ဂျိနှင့် ဖန်ကျားတို့ကို ဖိနှိပ်ထားနိင်ခဲ့ပြီး သူမ လိပ်ခွံကို အရင်ဆုံးရမလိုပင် ရှိခဲ့သည်။
ကံမကောင်းစွာပင် မိုးနတ်မင်းက ပယ်ချသည်။ ဖန်းရိုပင် အတွက်အချက် မှားခဲ့သည်။ အပိုင်းငါးခုက ခပ်မြန်မြန် ပြန်စုစည်းသောအခါ သူမပင် အသက်ဘေးနှင့် နီးသွားသော အန္တရာယ် ပေါ်လာသည်၊၊ သူမ၏ အစီအစဉ် ကျရှုံးခဲ့သည်။
သူတို့အားလုံးက စဉ်းလဲသော မြေခွေးများပင်။
ရှီယန်ပို၍ သတိထားလာသည်။
သူတို့စကားပြောနေစဉ် အလင်းတန်းများကို ရှောင်ကာ ဟန်တိ၏ အလောင်းရှိရာသို့ သူတိတ်တဆ်ိတ် ချဉ်းကပ်ခဲ့သည်။ သူ၏ လှုပ်ရှားမှုကို မည်သူမျှ သတိမပြုမိပေ။
ဟန်တိက နတ်ဘုရင်တတိယအဆင့် ဖြစ်သည်။ သူသေဆုံးသွားသည့်တိုင် နှစ်ပေါင်းများစွာ သူစုစည်းခဲ့သည့် စွမ်းအင်များက လျင်မြန်စွာ ပျောက်ကွယ်သွားမည် မဟုတ်ပေ။
နတ်ဘုရင်အဆသ်ြ စစ်သည်တစ်ယောက်၏ ဘဝတစ်လျှောက်လုံးစာ ကီအနှစ်သာရများက အလွန်များပြားလှသည်။ အံ့ဖွယ်များပြားလှသည့် စွမ်းအင်များကို အချိန်ယူ စုပ်ယူရန်အတွက် ဖန်းရိုတို့ စကားဆက်များနေပါစေဟု ဆုတောင်းနေမိသည်။
" လိပ်ခွံငါးခုက ပြန်စုသွားပြီ။ ဘာလုပ်ရမလဲ နင်သိလား "
ကန်ဂျိက အံကြိတ်ကာပြောလိုက်ပြီး ဖန်းရိုကို မကျေမနပ် ကြည့်လိုက်သည်။
" အခွင့်အရေးကောင်းတွေ နင်တို့လုပ်လ်ုိ့ရှုပ်ကုန်တာ။ အခုတော့ ဘယ်သူမှ ဘာမှ မရတော့ဘူး "
" နင်က ငါ့ကို အပြစ်တင်နေတာလား "
ဖန်းရိုက အေးစက်စက် အမူအရာ ဖမ်းကာ
" နင်ကဘာကိစ္စငါ့ကို အပြစ်တင်တာလဲ၊ နင် ငါ့ကို သတ်ပြီး ရတနာတွေကို အပိုင်သိမ်းမလို့ပဲမဟုတ်လား။ နင်တို့အကုန်မကောင်းဘူး၊ ဘယ်သူမှ မမှန်ပဲ တခြားသူကို အပြစ်တင်နေတယ်"
ထ်ုိ့နောက် ကန်ဂျိနှင့် ဖန်ကျားတို့ ငြိမ်ကျသွားသည်။
" အပိုင်းငါးခုစုသွားတည်းက ဘာလုပ်ရမယ်မှန်းငါမသိတော့ဘူး၊၊ ကောင်းပြီ တကယ်လို့ ဒီ သေလောက်တဲ့အလင်းတန်းတွေကို ဖြတ်ပြီး လိပ်ခွံနားကပ်နိင်မယ့် နည်းလမ်းရှိရင် နင်ကြိုးစားလို့ရတယ်၊၊ အဲဒီအခ်ျိန်မှာ ငါမတိုက်ခိုက်ဘူးလို့ ကတိပေးတယ်"
ဖန်းရို အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပုံရသည်။ သူမ၏ ဆံပင်ရှည်ကို စုထုံးလိုက်ကာ လိပ်ခွံကို ကြည့်နေသည်။
ရှီယန်က ဟန်တိ၏ အလောင်းနှင့် မီတာငါးဆယ်အကွာတွင် ရပ်နေကာ မျက်မှောင်ကြုတ်ရင်း လိပ်ခွံကို ကြည့်နေသည်၊၊
လိပ်ခွံအပိုင်းအစ ငါးခုက လုံးဝပေါင်းစပ်သွားသည်။ အလင်းရောင် စက်ဝိုင်းတစ်ခုက လိပ်ခွံကို လေထဲတွင် မထားကာ လိပ်ခွံက လည်ပတ်နေသည်၊၊ ထိုလိပ်ခွံမှ ကြီးမားသော မှော်စွမ်းအင်များ အဆက်မပြတ်ထွက်နေသည်။ မည်သူမျှ အနားကပ်ကာ မထိရဲပေ။
ကန်ဂျိနှင့် ဖန်ကျားတို့ က လိပ်ခွံကို လောဘရမက်များဖြင့် ကြည့်နေသည်။ သူတို့၏ အမှောင်လွှမ်းနေသော ဆန္ဒကို မျက်လုံးများတွင် ဖုံးကွယ်ထား၍ မရပေ၊၊ သို့သော်လည်း ဖန်းရိုပြောသလို မည်သည့်အဖြေမျှ မရှိ၍ ဘေးထွက်စိုက်ကြည့်ကာ စဉ်းစားနေယုံသာ တတ်နိင်သည်၊၊
ဖန်းရိုက ပြန်မဖြေပေ၊၊ ရှီယန်ထံ မသွားမှီ သူမအနည်းငယ် တုံ့ဆိုင်းနေခဲ့သည်၊၊
ဖန်းရိုသူ့အနားကပ်လာသည်ကို ခံစားမိသောအခါ
ရှီယန် နဖူးကြောများတွန့်ထားသည်၊၊ သူ၏ စွမ်းအင်ကို စုဆောင်းထားကာ သတိကပ်ထားသည်။
" ငါ့ကိုပြန်ပေးတော့ ဟန်တ်ိ သေပြီ နင့်အတွက် အဲ့ဒါမလိုတော့ဘူး "
ရှီယန်၏ နိုးကြားနေမှုကို သူမခံစားမိသောကြောင့် ဖန်းရိုက ခြေလှမ်းရပ်ကာ အဝေးမှသာ ရှီယန်ကို လှမ်းကြည့်လိုက်သည်။ သူမ၏ ကျောက်စိမ်းလိုချောမွတ်သောလက်လေးကို ဆန့်ထုတ်ကာ ခပ်ရေးရေး ပြုံးလိုက်သည်။ သူမ၏ လက်မောင်းပေါ်မှ ဆေးမှင်ကြောင်များက လှုပ်ရှားနေပုံရသည်။
ကန်ကျိနှင့် ဖန်ကျားတို့ ရှီယန်ကို ရုတ်တရက် ကြည့်လိုက်သည်။
ခေတ္တမျှ ကြောင်ကြည့်နေခဲ့ပြီး ကန်ကျိက မကောင်းဆိုးဝါးဆန်ဆန် ရယ်လိုက်သည်၊
" ရှီယန် အဲဒီမိုကြိုးသွားသံလုံးက အဆင့်၂ နတ်ဘုရားအဆင့်ရတနာ၊ ဒီအလုံးရဲ့ လျှပ်စီးနဲ့ မိုးကြိုးစွမ်းတွေက အလွန်များပြီး အလွန် အန္တရာယ်ရှိတယ်၊၊ အဲ့ဒါက အသုံးပြုရလွယ်သလို တကယ်လဲ အသုံးတည့်တယ်၊၊ မင်းကိုယ်တွေ့ပဲမလား။ ငါတော့အဲ့လိုထင်တယ်။ မင်းသူ့ကို တကယ်ပြန်ပေးမှာလား "
" ငါသာမင်းနေရာမှာဆိုရင် တစ်ခုခုရလို့ကတော့ ပြန်မပေးဘူး၊၊ ရိုးရိုးသားသားပြောတာ"ဖန်ကျားကလည်း ထူးဆန်းစွာ ရယ်လိုက်သည်၊
" အဲ့ဒါက အဆင့်(၂) ကောင်းကင် ရတနာနော်။ မင်းအတွက် အရမ်းအသုံးတည့်ပြီး မင်းစွမ်းအားကိုလည်း တိုးမြှင့်ပေးတယ်။ မင်းက ငါတို့ကြားမှာ နယ်ပယ် အနိမ့်ဆုံးပဲ၊ အဲ့ရတနာနဲ့ဆို မင်းအတွက်ပိုပြီး အကူအညီဖြစ်မယ်၊မင်းသူ့ကို ပြန်ပေးရင် သေချာတယ် မင်းက အရူးနဲ့မကွာတော့ဘူး၊ သူမင်းကို အသုံးချတာ မင်းကို တန်ကြေးပေးရမယ်ဟုတ်တယ်မလား "
ဖန်ကျားနှင့် ကန်ကျိက ရှီယန်ကို ထိုမိန်းမနှင့်သွေးကွဲစေလိုသောကြောင့် အခွင့်ရေးကို အသုံးချကာ အလှည့်ကျ အကြံပေးသည်။
ဖန်းရိုတစ်ခွန်းမျှ မပြောပေ။ သူမက ခပ်ရေးရေးပြုံးပြီး သူ့ကို တစ်ချက် ကြည့်လိုက်သည်။ သူမက ရှီယန် ၏ ဆုံးဖြတ်ချက်ကို စောင့်နေသည့်ဟန်ပင်။
ရှီယန်လည်း ပြုံးလိုက်သည်။ မိုးကြိုးသွားသံလုံး လက်ထဲတွင်ရှိနေသည်ကို သူရွှင်ပျနေသည်၊၊ သူ၏ အပြုံးက ပိုမိုတောက်ပလာသည်။ သူက မိုးကြိုးသွားသံလုံးနှင့် လုပ်စရာရှိတာ လုပ်ပြီးသွားပြီဖြစ်သည်။ သူတစ်ခွန်းမျှ မပြောပဲ ဖန်းရိုကို ကြည့်နေသည်။
" နင်ကြိုက်လား "
ဖန်းရိုက နှုတ်ခမ်းဟကာ ပြုံးလိုက်သည်။ သူမ၏ မျက်ခုံးများက ဆန်းသစ်စ လလေးလို လှပစွာကွေးနေသည်။
" နင်ကြိုက်ရင် ငါပေးနိင်ပါတယ်၊ ဒါပေမယ့် တစ်ခုလုပ်စရာရှိလို့လိုနေတယ်၊ အဲ့တာပြီးရင် ပြန်ပေးမယ် ဟုတ်ပြီလား "
" လူကြီးလူကောင်းတစ်ယောက်က သူများပစ္စည်းကို မပေးပဲနဲ့ မယူဘူး။ နင့် မိုးကြိုးသွားသံလုံးကို ပြန်သိမ်းလိုက်ပါ "
ရှီယန် ခနဲ့တဲ့တဲ့ရယ်ကာ လက်ချောင်းများဖြင့် တောက်ကာ ပေးလိုက်သည်။ မိုးကြိုးသွားသံလုံးက ပျံသန်းကာ အပြာရောင် လျှပ်စီးတစ်ခုအဖြစ် ဖန်းရို၏ လက်ထဲသို့ ဆင်းသက်သွားသည်၊၊
"သောက်ရူး "
" တုံးလိုက်တာ "
ကန်ဂျိနှင့် ဖန်ကျားတို့ ရှုတ်ချသည်။ သူတို့၏ မျက်နှာများက အကျည်းတန်နေသည်။
" သူက ဥာဏ်ကောင်းတယ် "
ဖန်းရိုက မိုးကြိုးသွားအလုံးကို သိမ်းလိုက်သည်၊ သူမ၏ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခုပေါ်လာသည်။ သူမက ကန်ဂျိနှင့် ဖန်ကျားတို့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
" နင်တို့ကသာ တုံးတဲ့လူတွေ၊ နင်တို့အစီစဉ်က ကာင်းတယ် ထင်နေလား၊ နင်တို့ခုဘာတွေလုပ်လိုက်လဲ ကြည့်စမ်း "
ကန်ဂျိနှင့် ဖန်ကျားတို့ ယခင်ထက်ပို၍ မျက်နှာများ ရှုံ မဲ့လာသည်။
ရှီယန်က ဖန်းရိုကို သေသေချာချာ ကြည့်နေသည်။
ထိုအမျိုးသမီးက မိုးကြိုးသွားသံလုံးကို မစစ်ဆေးပဲ သိုလှောင်လက်စွပ်အတွင်း ထည့်လိုက်သည်ကို မြင်သောအခါ သူ့မျက်နှာက ထူးဆန်းစွာ ပြုံးလျှက်ရှိသည်။
ရှီယန်က ဖန်းရိုသည် ကန်ဂျိနှင့် ဖန်ကျားတို့ကဲ့သို့ အတူတူပင်ဖြစ်ကြောင်းနားလည်သည်။ သူမက သူ့ကို အာရုံထဲမရှိ သတိ သိပ်မထားချေ။
တစ်နည်းအားဖြင့် ဖန်းရိုသည် ဟန်တိကို ထိန်းထားရန် မဟုတ်ပါက သူ့ကို မိုးကြိုးသွားသံလုံး ပေးမည် မဟုတ်ပေ။
ရှီယန်၏ စွမ်းရည် အစစ်အမှန်က မိုးကြိုးသွားအလုံးမရှိလျှင် ဟန်တိကို အန္တရာယ် မပေးနိင်ဟု သူမထင်သည်။
ထိုသည်ကပင် သူက မိုးကြိုးသွားအလုံးကို တစ်ခုခု လုပ်မည်ဟု ဖန်းရိုမထင်ပဲ သူမမစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဤသည်က အလ်ိုလို အထင်သေးနေခြင်းမျိုးပင်ဖြစ်သည်။
နတ်ဘုရင်နယ်တတိယအဆင့် သိုင်းသမားတစ်ယောက်က သူ့ထက် နှစ်ဆင့်နိမ့်သော သူကို မျက်လုံးထဲ ဘာကောင်မျှ ထင်မည်မဟုတ်ပေ။
ရှီယန်က မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့ မမြင်ဖူးသလို ကျန်းကောကလဲ ဘာမှ သတင်းပေးမသွားခဲ့ပါ။
သူတို့အချင်းချင်းသာ တစ်ဦးကိုတစ်ဦး အသန်မာဆုံး ရန်သူများဟု ယူဆထားကြသည်၊၊ သူတို့မျက်လုံးထဲတွင် ရှီယန်က မိုက်မဲသော ကောင်လေးတစ်ယောက်သာဖြစ်ကာ ဤတိုက်ပွဲကို လွှမ်းမိုးနိင်ခြင်းမရှိဟု မြင်ကြသည်။
သူတို့၏ အထင်အမြင်သေးမှုကို ရှီယန်က ဒေါသမထွက်ပေ။ အတော်လေးပင် ဆန့်ကျင်ဘက်အဖြစ် သူပျော်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်က သင်၏ ခွန်အားအစစ်အမှန်ကိုမသိပါက ထိုသူက သင့်ကို လျစ်လျူရှူထားမည်ဖြစ်သည်၊၊ ထိုအချက်က နောက်ပိုင်းတွင် သင်က ထ်ိုသူနှင့်ရင်ဆိုင်ရာတွင် ကောင်းကောင်းကြီး ဒုက္ခပေးပေလိမ့်မည်။
ရှီယန်က သူ၏ စွမ်းအင်များကို မဖြုန်းတီးသလို သူ၏ အသွင်အပြင်ကမူ အေးအေးလူလူရှိနေသည်။ သူက တည်ငြိမ်စွာ အရာအားလုံးဂရုတစ်စိုက်ပြင်ဆင်ထားသည်။
'ဒီသုံးယောက် ဘာလုပ်ကြမလဲ '
ရှီယန် အလွန် သိချင်နေသည်။
----- ----- ------ ------ ------- ------ ----- ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Où les histoires vivent. Découvrez maintenant