730

611 77 0
                                    

အခန်း(၇၃၀) ကြယ်ပေါက်ကွဲခြင်း အပိုင်းအစလွင်ပြင်

မင်းသမီးကျိယောင်နှင့် စကားပြောပြီးနောက် ရှီယန်က သူ၏ ခရမ်းစွဲအခန်းသို့ ပြန်လာခဲ့သည်။ သူ့ကို အခြားတာဝန် မပေးခဲ့ပေ။

အစေခံများက အချိန်နှင့်တပြေးညီ စားသောက်စရာများ လာပေးသည်။ သူက တစ်စုံတစ်ရာပူပင်ရန် မလိုသောကြောင့် သူ၏ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့သည်၊၊

မင်းသားတုဖုန်းနှင့် ဗာဂ၏ အဖွဲ့များက သူ့ကို မြင်သည်နှင့် လေးစားမှုပြကြသည်၊၊ သူ့ကို မည်သူမျှ မထီမဲ့မြင် မပြုဝံ့တော့ပေ။ တစ်ချို့က သူနှင့် တတ်နိင်သမျှ ဝေးဝေးနေရန် ကြိုးစားကြသည်။ ရှီယန်နှင့် နီးနီးကပ်ကပ် ကြာရှည်စွာနေလျှင် သူတို့၏
အသက်စွမ်းအားများ စုပ်ယူခံရမည်ဆိုးသောကြောင့် ဖြစ်ဟန်တူ၏။

ရှီယန်က သူ၏ အခန်းတွင်နေကာ အကြွင်းမဲ့ စိတ်နှစ်မြှုပ်ရင်း ကျင့်ကြံနေခဲ့သည်၊၊ သူက အချိန်တိုအတွင်း ပြန်လည် ကောင်းမွန်လာသည်။ တာ့မန်နှင့် တိုက်ပွဲအတွင်း သူရရှိခဲ့သောဒဏ်ရာများက ပျောက်ကွယ်သွားပြီး အစင်းရာပင်မရှိတော့ပေ၊၊ အင်မော်တယ်သိုင်းဝိညာဉ်၏ မှော်စွမ်းရည်များအောက်တွင် သူ၏ နလန်ပြန်ထူနှုန်းက အလွန်လျင်မြန်ကာ မယုံနိုင်စရာပင် ကောင်းလှသည်။

သူ၏ နက်နဲသော မရဏ ဥာဏ်လင်း၏ လျို့ဝှက်ဆန်းကြယ်မှုက်ို သိရှိလာပြီးနောက် ထိုစွမ်းအားကို ပိုမိုနားလည်လာခဲ့သည်။ သူက ထိုစွမ်းအားကို အသုံးပြုကာ နတ်ဘုရားအသိ ဖန်တီးသောအခါ ပို၍ ကြောက်မက်ဖွယ် ဖြစ်ပေလ်ိမ့်မည်။

ရှီယန်က သွေးနွယ်ရှင်လက်စွပ်၏ လက်စွပ်ဝိညာဉ်နှင့် ဆက်သွယ်ခဲ့သည်။မာရဏ ညဏ်အလင်း
၏ အစကို သိလိုခဲ့သည်။ ကံမကောင်းမကြောင်းမလှစွာပင်လက်စွပ်ဝိညာဉ်က ပထမမြောက်မိစ္ဆာနယ်မြေ ဧရ်ိယာမှ လွတ်မြောက်ပြီးသည့်နောက် လုံးဝတ်ိတ်ဆိတ်နေခဲ့သည်။

၎င်းက ရှီယန်ကို သက်ရှိစွမ်းအင် အတက်အကျပြောင်းလဲမှုနှင့် ပတ်သတ်၍ လုံးဝ မဆက်သွယ်တော့ပေ၊၊ လက်စွပ်က စွမ်းအင်အများအပြား သုံးစွဲထား၍ အိပ်ပျော်နေဟန်ရသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ