713

515 68 1
                                    

Chapter 713: အလှည့်အပြောင်း

ဒီတစ်ကြိမ်တော့ ဆေးမစားပဲ ရှီယန် ငြိမ်သက်စွာစောင့်နေလိုက်သည်။

သူ့ထံသို့ လာနေသူများထံမှ အားကောင်းသော အရှိန်အဝါများကို ရသည်။

ရှေ့ဆက်ဘာဖြစ်မလဲ မသိသောကြောင့် ကိုယ့်ကိုယ်ကို်ယ် ခုခံကာကွယ်ဖို့ တတ်နိုင်သမျှ အကောင်းဆုံးပြင်ဆင်ထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ခနနေတော့ နီတာ၊ဟွာဆောင်းနှင့် ဖာဂီတို့သည် အောလနှင့် ပိယူတို့ကို ခေါ်ကာ သူ့နေရာသို့ ရောက်ရှိလာကြသည်။

သူတို့က ရေကန်ရှေ့တွင်ရပ်ကာ ရှီယန့်ကို စူးစမ်းသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။

ရှီယန် ရုတ်တရက် မိမိကိုယ်ကိုယ် တိရိစ္ဆာန်ရုံထဲတွင် အပြခံထားရသော မျောက်တစ်ကောင်လို ခံစားရ၏။သူ့စိတ်ထဲတွင် မုန်းတီးနာကျည်းလို့လာသည်။

ရောက်ရှိလာကြသူများကိုလဲ ရှီယန် ပြန်ကြည့်ကာ လေ့လာသည်။

အထူးသဖြင့် အောလနှင့် ပိယူကိုဖြစ်၏။

အောလသည်လည်း နတ်ဘုရားအဆင့် နတ်ဆေးဆရာတစ်ဦးဖြစ်သည်။

ဟိုစုန်းမကြီးထက်ပင် အတန်းတစ်တန်း ပိုမြင့်သော ကြယ်သုံးပွင့်နတ်ဆေးဆရာတစ်ဦးဖြစ်၏။

သူ၏ မာနကြီးသော အမူအရာကလဲ ရိုးတွင်းချင်ဆီသို့တိုင် စွဲနေခဲ့ပြီးဖြစ်ဟန်တူသည်။

ရှီယန့် အကြည့်များက ပိယူထံသို့ ကျရောက်သွားပြန်သည်။

ဤနေရာ၏ ပိုင်ရှင်ဖြစ်သော စုန်းမကြီးသည်ပင် သူမကို လေးစားမှု ပြသရပြီး အတန်းမြင့်နတ်ဆေးဆရာအဖိုးကြီးသည်ပင် သူမနောက်မှလိုက်ရသည်။ထို အသေးစ်ိတ်အချက်လေးများကို သတိပြုမိသောရှီယန်သည် ဒီမိန်းကလေး၏ အဆင့်အတန်းက မသေးကြောင်း ချက်ခြင်းသိရှိလိုက်သည်။

ပိယူက ရှေ့သို့လျှောက်လာသည်။

ဒီမိန်းမပျိုလေးက ချောမောရုံတင်မက ထက်မြက်ဟန်လဲရသည်။

အသက်အငယ်ဆုံး နတ်ဘုရင်အဆင့်တစ်ယောက်ကို ရှီယန် စမြင်ဖူးခြင်းဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Unde poveștirile trăiesc. Descoperă acum