အခန်း(၇၅၄) ခမ်းနားသောခရမ်းစွဲကြယ်
ကြယ်ပေါက်ကွဲခြင်း အပိုင်းအစလွင်ပြင်....
ကျားငမန်းစစ်ရထားက မိုးထစ်ချုန်းသလို ဟိန်းမြည်ကာ အေးစက် မှောင်မိုက်သော အာကာသအတွင်း ဖြတ်သန်းပျောက်ကွယ်သွားသည်။ ရှီယန်နှင့် မင်းသမီးကျိယောင်တို့က စစ်ရထားပေါ်မှနေ၍ ဧရာမကြယ်ပင်လယ်ကို စီးမျောကြည့်ရှုနေကြသည်။ သူတို့က နေရောင်ကို နောက်တစ်ကြိမ်ပြန်မြင်ရသည့်အတွက် ပျော်ရွှင်နေပုံရသည်။
သူတို့ ဒဲရစ်၏ နေရာမှ ထွက်လာခဲ့ပြီးနောက် ကြယ်ပေါက်ကွဲခြင်းအပိုင်းအစလွင်ပြင်က်ို မည်သည့် အန္တရာယ်မှ မရှိ ချောချောမွေ့မွေ့ ဖြတ်သန်းလာနိုင်ခဲ့ကြသည်။
ကျားငမန်းစစ်ရထားက ရပ်သွားသည်။ ကျိယောင်က မျက်မှောင်ကြုတ်၍ လှပသော အပြာရောင် ပုံဆောင်ခဲတစ်ခုက်ို ထုတ်လ်ိုက်သည်။ သူမ၏ ဝိညာဉ် အသိစိတ်ကို ကျောက်တုံးအတွင်း စေလွှတ်ကာ တစ်စုံတစ်ယောက်နှင့် ဆက်သွယ်ရန် ကြိုးစားနေသည်။
ခေတ္တမျှ အကြာ သူမ၏ ချစ်စရာမျက်နှာလေးပေါ်တွင် မကောင်းသော အရိပ်အယောင်များပေါ်လာသည်။သူမ၏ မျက်လုံးများမှာစိုးရိမ်မှုများဖြင့် ဖိစီးနေပုံရ၏။
ရှီယန်က တိတ်တဆိတ် အကဲခတ်နေသည်။ တုဖုန်း အန္တရာယ်ရှိနေသည်ကို သိသောအခါ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
" သူတို့ဆီက ဘာသတင်းမှ မကြားဘူးလား "
ခေတ္တမျှတွေးတောပြီးနောက် ရှီယန်က လေသံပျော့ပျော့ဖြင့် မေးလိုက်သည်။ကျိယောင်က ခေါင်းညိတ်ပြသည်။
" ငါတို့လူစုမခွဲခင်က အပြင်မှာလာဆုံဖို့ ဗာဂကို ငါပြောခဲ့တယ်။ ငါသူတို့ဆီက ဘာသတင်းမှမရဘူး။ သူတို့ မမျှော်လင့်ထားတာ တစ်ခုခုနဲ့ ကြုံနေရပြီထင်တယ် "" ငါတို့ ကြယ်ပေါက်ကွဲခြင်း အပိုင်းအစလွင်ပြင်ထဲမှာ မလှုပ်ရှားပဲအကြာကြီး နေခဲ့ရတယ်။ ဗာဂနဲ့ မင်းသား တုဖုန်းတို့ ထွက်သွားတာကို တခြားသူတွေ မမိလိုက်ကြဘူးဆိုရင်တော့ သူတို့ အိမ်ပြန်ရောက်နေလောက်ပြီ။
အရှင်မ အရမ်းစိတ်မပူပါနဲ့ "
ရှီယန်က သူမကို နှစ်သိမ့်ရန် ကြိုးစားခဲ့သည်။