အပိုင်း-၃၄ (အပိုင္း-၃၄)

3.5K 82 0
                                    

#Unicode
မပတ်သက်ချင်တော့လို့ကိုယ့်အိမ်ကိုယ်အတင်းပြန်လာခဲ့တဲ့ရွယ်...
အခုတော့ထိုလူတွေနဲ့ပဲနောက်တစ်ကြိမ်မပတ်သက်ချင်ပဲပတ်သက်နေရပြန်ပြီ

အဖြစ်အပျက်တွေကမြန်ဆန်လွန်းလို့ ရွယ်ဘယ်လိုနားလည်ရမှန်းတောင်မသိတော့ဘူး

တေဇဆိုတဲ့လူကိုရွယ့်Condoဆီပြန်ပို့ခိုင်းခဲ့တဲ့ရွယ်တစ်ယောက် အိမ်ယာဝင်းထဲဝင်လိုက်ကတည်းက စိတ်အေးစွာရှိနေခဲ့ကာ ကားပေါ်ကအေးချမ်းစွာဆင်းလိုက်ပြီး တိုက်ထဲကိုဝင်လိုက်တော့

📸 'ဖလပ်'  📸 'ဖလပ်' 📸 'ဖလပ်'

"မင်္ဂလာပါ ကျွန်တော်တို့က ' ...... ' သတင်းကပါ...
ဒီကအစ်မနဲ့မာန်လုပ်ငန်းစုဥက္ကဠ ဦးမင်းစက်မာန်ကနောက်ကွယ်မှာဇာတ်လမ်းတွေရှိနေတယ်ဆိုတာအမှန်ပဲလား...

ပြီးတော့ဒီထဲကဦးမင်းစက်မာန်ကအစ်မကိုပွေ့ထားတဲ့ပုံတွေနဲ့ပတ်သက်ပြီးဘာပြောချင်တာလဲရှိပါသလဲ?... တကယ်ပဲအစ်မတို့ကနောက်ကွယ်မှာပတ်သက်နေကြတာလား?...

နှစ်ယောက်သားပတ်သက်နေတာဘယ်လောက်ကြာပြီလဲ?...

ဒီတိုက်ခန်းကရောဦးမင်းစက်မာန်နဲ့အစ်မတွေ့နေကြနေရာပဲလားရှင့်?... အခုရောအစ်မတစ်ယောက်တည်းလား?... ဦးမင်းစက်မာန်ရော?...

ဖြစ်နိုင်ရင်ကျွန်တော်တို့ကိုခေါင်းဆောင်းလေးချွတ်ပြီးမျက်နှာလေးပြနိုင်မလား?"

ဘယ်ကဘယ်လိုရောက်လာမှန်းမသိ တစ်ယောက်တစ်ပေါက်နဲ့မေးခွန်းပေါင်းစုံကိုမေးနေကြသလို ကင်မရာမီးတဖျတ်ဖျတ်နဲ့ရွယ့်ကိုဘက်ပေါင်းစုံကရိုက်နေကြတဲ့လူတွေကြောင့် ရွယ်ဘာဖြစ်လို့ဖြစ်နေမှန်းတောင်ကိုယ့်ဟာကိုယ်မသိတော့

ရွယ် ကြောင်တောင်တောင်လေးဖြစ်နေတာကို အခွင့်ကောင်းယူပြီးရွယ့်ခေါင်းစွပ်ကိုဆွဲချွတ်ဖို့ပြင်လိုက်တဲ့လက်တစ်စုံကိုတော့ ကံကောင်းစွာနဲ့တေဇကတားနိုင်ခဲ့သည်

ပြီးတော့သူကပဲရွယ့်ကိုတွဲ၍လူအုပ်ကြားထဲကဆွဲခေါ်လာခဲ့ကာ ကားပေါ်တင်ပြီးထိုနေရာမှမောင်းထွက်လာခဲ့သည်

ရွယ်ကတော့အခုချိန်ထိ စိတ်နဲ့ကိုယ်နဲ့မကပ်နိုင်သေး

ဟိုလူတွေဘာပြောသွားတာလဲ?...
သူနဲ့မင်းစက်မာန်ရဲ့ဇာတ်လမ်း...
ဘာဇာတ်လမ်းလဲ?...
သူတို့ပြောသွားတဲ့ပုံအရဆိုရင် ရွယ်နဲ့ဦးမင်းစက်မာန်နဲ့ကဖောက်ပြန်နေတယ်ဆိုတဲ့အဓိပ္ပါယ်မလား...
ဘယ်လောက်တောင်အခြေအမြစ်မရှိတဲ့ပေါက်ကရစကားတွေလဲ?

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now