အပိုင်း-၃၉(အပိုင္း-၃၉)

4K 97 0
                                    

#Unicode

"အခန်းထဲမှာဧည့်သည်ရှိတယ်ဆိုတော့ ကိုယ်မဝင်တော့ဘူး... အိမ်ကိစ္စတွေကိုကြီးနုတို့ မမူတို့ကိုပဲလုပ်ခိုင်းပြီးနွယ်နားနေလိုက်အုံး"

"ဟုတ်..."

"ကိုယ့်ကိုယ်ကိုဂရုစိုက်"

ပြောရင်းနွယ့်ပုခုံးလေးကိုတစ်ချက်ခပ်ဖွဖွကိုင်လိုက်တဲ့ကိုက နွယ့်ကိုအခန်းရှေ့ထိပဲလိုက်ပို့ပြီးအခန်းထဲမှာယမင်းရှိလို့မဝင်တော့ပဲ ပြန်လှည့်ထွက်သွားသည်...
စာကြည့်ခန်းဘက်ပြန်သွားတာမဟုတ်ပဲ လှေကားဘက်လျှောက်သွားတာရယ်... နွယ် ကိုနဲ့စကားပြောဖို့စာကြည့်ခန်းရှေ့မှာရပ်နေတုန်း အခန်းထဲကအလျင်စလိုထွက်လာတဲ့ကို့ပုံစံတွေရယ်ကြောင့် ကြည့်ရတာအပြင်သွားတော့မယ်ဟုနွယ်ထင်သည်

တကယ်တော့နွယ် ကို့ဆီသွားတာကဖြစ်နေတဲ့ကိစ္စတွေနဲ့ပက်သက်ပြီး ကိုများနည်းနည်းလောက်ရှင်းပြလာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပါ...

ပြောရမယ်ဆိုနွယ် ညကသတိပြန်ရလာလာခြင်းမှာ ကို့ကိုမတွေ့ရတဲ့အပြင် ယမင်းပြောပြတဲ့စကားတွေကြောင့်အကြီးအကျယ်စိတ်ပျက်မိသည်... တခြားသူတွေထက်ကိုယ့်ကိုကိုယ်စိတ်ပျက်မိတာဆိုပိုမှန်မည်...

ပြီးတော့နွယ့်မျှော်လင့်ချက်တွေကိုခဏခဏရိုက်ချိုးပစ်တတ်တဲ့ကံတရား... နွယ် ကို့ကို ပိုင်ဆိုင်ရတော့မယ်လို့ထင်လိုက်တိုင်း တစ်စုံတစ်ခုကအမြဲဝင်နှောင့်ယှက်ဖျက်ဆီးခြင်းကိုခံရသည်... အခုလည်း ကိုနဲ့နွယ်အဆင်ပြေတော့မလားဟုမျှော်လင့်ချက်ရောင်ခြည်လေးသန်းလာပြီးမှ တစ်သက်လုံးဘယ်တော့မှ ကို့အနားမှာပြန်ရှိမလာနိုင်တော့ဘူးလို့ထင်ခဲ့တဲ့ သူမကပြန်ပေါ်လာပြန်ပြီ...

နွယ်အဲ့စိတ်တွေနဲ့တစ်ညလုံးအိပ်လို့မရခဲ့... မနက်မိုးလင်းတော့စိတ်မထိန်းနိုင်တော့ပဲကို့ဆီကိုသွားလိုက်မိသည်...
ကိုက နွယ့်ကိုမြင်လိုက်တာနဲ့ပြောလက်စဖုန်းကိုလက်စသတ်လိုက်ပြီး နွယ့်ကိုအခြားစကားတွေပြောသော်လည်း နွယ်မျှော်လင့်ထားသလိုရှင်းပြတာတွေဘာတွေတစ်ခုမှမရှိ... ထို့အပြင်ကို့ပုံစံဟာလည်းနွယ့်အပေါ်မှာအရင်လိုဝတ္တရားမပျက်စကားပြောနေသလိုကလွဲရင်အားနာခြင်း...စိတ်ပူခြင်း... ကုန်ကုန်ပြောရရင်နွယ်နဲ့ပက်သက်ပြီးဘာခံစားချက်တစ်စုံတစ်ရာမှရှိမနေသလိုပင်...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now