အပိုင်း-၃၃(အပိုင္း-၃၃)

3.6K 83 0
                                    

#Unicode

"မင်းမြင်တဲ့အတိုင်းပဲ... တို့မျက်နှာလည်းသက်သာနေပြီ... အဲ့တော့ တို့ပြန်မယ်"

ရွယ်အခန်းထဲကထွက်လာပြီးသစ္စာရှိသက်တော်စောင့်တစ်ယောက်လိုရွယ့်အခန်းရှေ့မှတစ်ဖဝါးမှမခွာပဲနေ့နေ့ညညစောင့်နေတဲ့ဟိုလူကိုပြောလိုက်သည်...

ရွယ်ဒီမှာနေနေရတာအခုဆိုနှစ်ရက်ကျော်ပြီ...
ဟိုလူကြီးရဲ့လက်စကပြင်းလွန်းတော့ပြီးခဲ့တဲ့နှစ်ရက်လုံးရွယ့်မျက်နှာလည်းရစရာကိုတစ်စက်မှမရှိ...

ထမင်းစားဖို့နေနေသာ ရေတောင်အနိုင်နိုင်သောက်ရသည်...

ဒီကြားထဲအိမ်ပြန်ဖို့မပြောနဲ့ အခန်းအပြင်ထွက်ရင်တောင်စစ်လားဆေးလားလုပ်သည်သစ္စာတော်ခံကတစ်မျိုး

ပြီးခဲ့တဲ့အတိတ်ဆိုးတွေနဲ့ဝေးရာကိုအတင်းထွက်ပြေးပြီးမရမကမေ့ဖျောက်နေရပါတယ်ဆိုမှ... အချိန်တိုင်းအနားလာပြီး အဟောင်းတွေကိုအသစ်ဖြစ်စေမယ့်...
ရွယ့်ဒဏ်ရာတွေကိုသွေးသစ်လောင်းပေးမယ့်စကားတွေလာလာပြောနေတဲ့ဒေါ်လုံးကတစ်ဖုံ...

ရွယ့်မှာစိတ်ရောကိုယ်ပါပင်ပန်းရလွန်းလို့လူကအငွေ့ပျံလို့ရရင်တောင်ပျံပြီးထွက်ပြေးသွားလိုက်ချင်သည်

ဒီနေ့တော့သူမ ပြန်မှဖြစ်တော့မည်
မျက်နှာကဒဏ်ရာကအရှင်းမပျောက်သေးဘူးဆိုပေမယ့်ယောင်နေတာကတော့သိသိသာသာကျသွားပြီ

ဘယ်လိုပဲဖြစ်ဖြစ်ဒီနေရာမှာနောက်ထပ်ကြာကြာဆက်မနေနိုင်တော့...
ကြာရင်ရွယ်ခံစားရလွန်းလို့ရူးသွားနိုင်ဖွယ်ရှိသည်

"ဟို... အစ်မမျက်နှာက..........?"

"တို့မျက်နှာကဒဏ်ရာလုံးဝပျောက်သွားဖို့အထိဆိုရင်တော့ ဒီအိမ်မှာတို့တစ်ပတ်လောက်နေရနိုင်ချေရှိတယ်

မင်းဆရာကမင်းကို တို့လိုဘာမဟုတ်တဲ့လူကိုထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်အချိန်တွေပေါများစွာပေးထားနိုင်ပေမယ့်... တို့ကတော့ တို့ရဲ့အချိန်တွေကိုမင်းတို့နဲ့အတူအလဟဿဿအဆုံးမခံနိုင်ဘူး...

တကယ်ဆို စစချင်းထဲကမင်းဆရာသာ ငါ့ကိုကိုယ်ထိလက်ရောက်တွေမလုပ်ခဲ့ဘူးဆိုရင် အခုလိုမျိုးပက်သတ်နေစရာအကြောင်းကိုမရှိတာ...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora