အပိုင်း-၉(အပိုင္း-၉)

4.1K 110 0
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၉★

#မင်းစက်မာန်
လုပ်ဆောင်ချက်တိုင်းကထက်မြတ်မှု ဆုံးဖြတ်ချက်ပြတ်သားမှုကို ပေါ်လွင်နေတယ်...
လိုချင်တဲ့ရလဒ်ကိုမရမချင်း လုပ်ရပ်တိုင်းကိုစိတ်ကြိုက်ချယ်လှယ်တယ်...
ဥစ္စာဓန နဲ့ အာဏာစက် ၂ခု မျှတနေတဲ့ သူ့အရှိန်အဝါတွေကြောင့် အရာရာဟာ လက်ညှိုးညွှန်ရာ ရေဖြစ်စေတယ်...
ခန့်ညားတည်ကြည်တဲ့ သူ့အသွင်အပြင်က တစ်ခါကြည့်လိုက်ရုံနဲ့ မြင်သူတိုင်းကို သမင်လည်ပြန်ကြည့်မိစေအောင်ဆွဲဆောင်ထားနိုင်တယ်...
အပြင်လူတွေအတွက်သူ့အပြုအမူတွေကသွေးအေးလွန်းပေမယ့် သူ့မိသားစုအတွက်တော့ နေတစ်စင်းလိုနွေးထွေးစေပြီး လတစ်စင်းလိုအေးမြစေတယ်...
အထူးသဖြင့်တော့ သူရဲ့သားအတွက်ပေါ့...

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

⏰~~~~တီတီ~~~တီတီ~~~တီတီ~~~⏰

နှိုးစက်သံကြောင့် မာန်အိပ်နေရာမှနှိုးသွားသည်...

ထို့နောက် ကုတင်ဘေးစားပွဲပေါ်က အ‎သံမြည်နေသောနာရီကိုလှမ်းပိတ်လိုက်ပြီး အိပ်ရာမှထထိုင်လိုက်သည်... ဘယ်ဘက်ဘေးနေရာကိုကြည့်လိုက်တော့ ထုံးစံအတိုင်း နွယ်ကအိပ်ရာပေါ်မှာမရှိတော့... ကုတင်ခြေရင်းဆိုဖာပေါ်မှာတော့ သူရုံးသွားရင်ဝတ်ဖို့အတွက် အဝတ်အစားကအဆင်သင့်...

ဒီနေ့နဲ့ဆို သူဒီအိပ်ခန်းမှာ နွယ်နဲ့အတူတစ်ကုတင်ထဲအိပ်လာတာ တစ်ပတ်‎ကျော်ကျော်ရှိပြီ... အရာရာလိုက်လျောညီထွေဖြစ်အောင် ကြိုးစား နေနေတယ်ဆိုပေမယ့် အခုထိအသားမကျနိုင်သေး... နွယ်ကတော့ သူ့အပေါ် ထူးထူးထွေထွေ ပြောင်းလဲပြီးဂရုစိုက်တာမျိုးမဟုတ်ပဲ အရင်လည်းဒီလိုမျိုးလုပ်နေကြဆိုတော့ အရင်ထက် နည်းနည်းပိုပြီး ဂရုတစိုက်လိုက်လုပ်ပေးသလိုမျိုးသာ...

ဒါပေမယ့် သူ့အတွက်ကတော့ အရင်က နွယ်ဘာလုပ်လုပ် ခပ်တန်းတန်းနေပြီးဥပေက္ခာပြုခဲ့သူဆိုတော့ အခုနောက်ပိုင်း နွယ်ကိုယ်တိုင်က သူ့ဝေယျာဝေစတွေကို လက်ပွန်းတတီးနဲ့လိုက်လုပ်ပေးတာတွေကို လက်မခံနိုင်သေးပဲ မနေ့ညနေကလိုအခြေအနေမျိုးတွေဖြစ်ရတာလဲ ခဏခဏ....

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now