အပိုင်း-၁၀(အပိုင္း-၁၀)

4.4K 106 1
                                    

#Unicode

🌛လရိပ်ဘယ်ဆီ🌜                
                     ★အပိုင်း၁၀★

"Boss ရောက်ပါပြီ... ဒီဆိုင်ထဲမှာသူ့ကောင်မလေးနဲ့ နေ့လည်စာ‌စားနေတာပါ... ကားထဲကပဲစောင့်ကြည့်မလား?... အထဲဝင်မလား Boss?"

တေဇအမေးကြောင့် မျက်နှာစာတစ်ခုလုံးမှန်အနက်နဲ့ကာထားတဲ့ စားသောက်ဆိုင်ဘက်ကို ကြည့်လိုက်သည်... ညက တေဇကိုထပ်စုံစမ်းဖို့‌ဖုန်းပြောအပြီး ‌မနက်ခင်းဖုန်းထပ်လာတော့

#########
"Boss သူကဒီကိုအလုပ်ကိစ္စနဲ့လာတာမဟုတ်ဘူး...
ဒီမှာရှိတဲ့သူ့ကောင်မလေးဆီလာတာBoss... ကြာကြာလည်းနေမယ့်ပုံမပေါ်ဘူး... ဒီညတောင်ချက်ချင်းပြန်မယ်ထင်တယ်... ဘယ်လိုလုပ်ရမလဲ Boss?"

"ဘယ်လိုအကြောင်းနဲ့ပဲလာလာ ဒီအထိရောက်လာပြီဆိုမှတော့ တွေ့‌ပေးရမှာပေါ့... မနက်ပိုင်းmeeting ပြီးရင်သွားတွေ့မယ်... စီစဉ်ထားလိုက်"

"ဟုတ်ကဲ့ Boss"
#########

အဲ့လိုနဲ့ Oval CEOရဲ့လူယုံ ရှိနေတဲ့သန်လျင်ကို မာန်အခုရောက်နေတာဖြစ်သည်...

"ဒီမှာပဲထိုင်ပြီးစောင့်တာပေါ့... ဟိုကနေတောင်တကူးတကလာပြီးတွေ့ရတဲ့အထိ ‌ချစ်သူနှစ်ဦးရဲ့တန်ဖိုးရှိအချိန်တွေကိုတော့ ဖျက်ဆီးလို့ဘယ်ဖြစ်မလဲ"

ခပ်ထေ့ထေ့အပြုံးတစ်ခုကိုနှုတ်ခမ်းမှာဖန်ဆင်းပြီး ပြောလိုက်တဲ့ မာန့်ကို တေဇကလည်းကားနောက်ကြည့်မှန်ကဆင့် ဆင်တူအပြုံးမျိုးပြန်ပြုံးပြကာ

"ဟုတ်ကဲ့ Boss"

ဆရာတပည့်နှစ်ယောက်သား ကားထဲမှာပဲ တေဇကဆိုင်ဘက်ကိုစောင့်ကြည့်ပြီး မာန်က laptop ဖွင့်ပြီးအလုပ်တစ်ချို့ကိုလုပ်နေလိုက်သည်...

‌"ကျေးဇူး"

ရုတ်တရက်ကားဘေးမှဖျတ်ခနဲကြားလိုက်ရတဲ့အသံ... ကြားလိုက်ရုံနဲ့တင်စိတ်ကိုအေးချမ်းသွားလောက်‌အောင် စွမ်းဆောင်နိုင်တဲ့အထိ ချိုသာလွန်းတဲ့ထိုအသံ... မာန် keyboard ပေါ်မှာစာရိုက်လက်စ လက်ချောင်းများရပ်တန့်သွားကာ လူတစ်ကိုယ်လုံးလည်း ကျောက်ရုပ်တစ်ခုလိုတောင့်တင်းသွားရသည်...

"နင်ပြန်မလာသေးဘူးဆိုတော့ ငါပြန်လိုက်ခဲ့မယ်...
ဖြစ်နိုင်ရင် ငါဒီမှာနည်းနည်းလေးတောင် ကြာကြာမနေချင်တာ နင်သိတယ်မလား.... ငါ.........."

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now