အပိုင်း-၄၆(အပိုင္း-၄၆)

4.4K 84 2
                                    

#Unicode
"ဘွား... အခုထိနေလို့မကောင်းသေးဘူးလား?... ကြည့်ပါအုံး... ပိန်သွားလိုက်တာ... အားရှိအောင်အစားလေးတော့မှန်မှန်စားပါအုံးဘွားရယ်... ပြီးတော့မေမေရောပဲ... စိတ်ညစ်တာကညစ်တာသက်သက်... ကျန်းမာရေးကကျန်းမာရေးသက်သက်ပဲဗျ... တစ်အိမ်လုံးမှာရှိသမျှလူတွေကအခုလိုတွေဖြစ်နေတော့သားဘယ်လောက်စိတ်ပူရတယ်ထင်လဲ?"

ထမင်းစားပွဲမှာ မေမေရယ် နွယ်ရယ် သားရယ် သုံးယောက်ထမင်းစားနေတုန်း လူကြီးလေးလိုဩဝါဒတွေခြွေနေတဲ့သား...

သူပြောမယ်ဆိုလည်းပြောချင်စရာ မေမေရော နွယ်ရောက ဒီရက်ပိုင်းမှာစိတ်ဖိစီးမှုတွေများနေကြပြီး အအိပ်မမှန် အစားမမှန်တွေဖြစ်ခဲ့တော့ သားနဲ့အတူထမင်းလက်ဆုံ‎မစားပေးနိုင်တဲ့ရက်တွေတောင်ရှိခဲ့သည်

အားလုံးက ကိုယ့်အပူနဲ့ကိုယ်သောကဝေနေကြတာဆိုတော့သားကိုဂရုမစိုက်မိသလိုဖြစ်ခဲ့ရသည်

မေမေကတော့ကို့အတွက်စိတ်ပူလို့ထင်ပါရဲ့... စိတ်ထောင်းတော့ကိုယ်ကျေဆိုသလိုပဲ စိတ်ပူပင်မှုတွေများလာပြီး မစားနိုင်မသောက်နိုင်ဖြစ်တော့ လူကြီးဖြစ်နေတဲ့အတွက်ကိုယ်ခံအားနည်းသူမို့ အိပ်ရာထဲလဲတော့မလိုတောင်ဖြစ်သွားသေးသည်

အချိန်မီဆေးကုသမှုခံယူလိုက်လို့သာအခုလိုထူထူထောင်ထောင်ပြန်ဖြစ်လာတာ

နွယ်ကတော့ တစ်နေ့တစ်နေ့ ကို့ကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်တွေပဲဖိစီးနေခဲ့တော့ အိမ်ကိစ္စတွေလည်းလှည့်မကြည့်နိုင် သားကိုလည်းဂရုမစိုက်နိုင်ဖြစ်ခဲ့ရတယ်လေ...

အခုမှသာ သားကနွယ့်ကိုရော မေမေ့ကိုပါသေချာပြုစုပေးနေလို့နွယ့်အာရုံတွေကိုစုစည်းထားနိုင်တာ... မဟုတ်ရင်အရင်ရက်တွေလိုပဲ စိတ်နဲ့လူက ကပ်လျက်ရှိအုံးမည်မဟုတ်...

ဘယ်လိုပဲယမင်းကိုနွယ်ပြောင်းလဲပါတော့မယ်ဆိုပြီးပြောပြော အရင်နွယ်ကအရင်နွယ်ပါပဲ...ကိုနဲ့ပတ်သက်လာရင်အတွေးတွေနဲ့တင်ရူးမတတ်ဖြစ်နေဆဲမို့ပြောင်းလဲသွားခြင်းမရှိခဲ့ပါဘူး...

"ဟုတ်ပါပြီမြေးရယ်... အခုချိန်ကစပြီးမြေးစိတ်မပူရအောင်ဘွားကိုယ်ဘွားသေချာဂရုစိုက်ပါ့မယ်... ဟုတ်ပြီလား?"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now