အပိုင်း-၂၂(အပိုင္း-၂၂)

3.5K 82 1
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၂၂★

######(အတိတ်စာမျက်နှာ တစ်စွန်းတစ်စ)

"ဟဲ့... နွယ် နင်ငိုင်လှချည်လား?... ငါရောက်နေတာကြာလှပြီ... နင်ကငါ့ကိုသတိမထားမိလောက်အောင် ဘာတွေတွေးပြီး ဘာတွေဆွေး?"

ခြံထဲရှိဒန်းလေးပေါ်မှာထိုင်နေတဲ့မိန်းမလှလေးကို သူ့ဘေးမှာဝင်ထိုင်လိုက်တဲ့ ခန္ဓာကိုယ်ပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်မလေးကမေးလိုက်ခြင်း

"အော်... ယမင်း... နင်ဘယ်တုန်းကရောက်တာလဲ?"

"ကြာပေါ့... နင့်ကိုအိမ်ပေါ်မှာထင်လို့အိမ်ထဲတန်းဝင်လိုက်တာ အန်တီနဲ့တောင်စကားပြောလိုက်သေးတယ်... နေပါအုံး နင်ကဘာဖြစ်?... ဟိုရက် ဖုန်းဆက်တုန်းကတော့အသံကပျော်မြူးနေပြီးတော့"

မိန်းမလှလေးက ထိုကောင်မလေးဘက်လှည့်လိုက်ပြီး ထိုကောင်မလေးမျက်နှာကိုကြည့်လိုက်သည်

"ယမင်း... သူလေ... သူ... သူ့မှာချစ်သူရှိနေတယ်တဲ့"

"သူ?... ဘယ်သူလဲ?... နင့်ကိုကိုဆိုတာလား?"

"အင်း... ဟုတ်တယ်"

"ဘာလဲခုမှရသွားတာလား?... နင့်လူကအမိုက်စားဆိုတော့ကောင်မလေးတွေဝိုင်းဝိုင်းလည်ဆိုတာတော့ငါလည်းကြားပါတယ်... ဒါပေမယ့်ရည်းစားရှိတယ်ဆိုတာ နင်ပြောမှပဲငါတောင်သိတော့တယ်"

"မဟုတ်ဘူး... မရှိတာမဟုတ်ဘူး... မသိအောင်နေလို့မသိကြတာ... ငါနဲ့ပြန်မတွေ့ခင်ထဲကတွဲနေတာတဲ့"

"ဟမ်?.... အဲ့လိုကြီးလား?... နင့်ကိုဘယ်သူပြောတာလဲ?"

"ဘယ်သူမှမပြောဘူး... ငါကိုယ်တိုင်တွေ့ခဲ့တာ... ဟိုရက်က နင်နဲ့ဖုန်းပြောပြီးနောက်နေ့ ငါ့သူငယ်ချင်းတွေနဲ့ သူ့သူငယ်ချင်းတွေစုပြီး အဖွဲ့လိုက်ရုပ်ရှင်သွားကြည့်ဖြစ်တယ်... အဲ့မှာ အဲ့ကောင်မလေးကိုတွေ့ခဲ့တာ... ငါတို့ကျောင်းကပဲ... ငါသူ့ကိုသိတယ်... Mathကကောင်မလေး... အဲ့ကောင်မလေးနဲ့တွဲနေကျသူငယ်ချင်းကောင်လေးက ငါတို့မေဂျာက... အဲ့နေ့ကတွေ့တာလည်းအဲ့ကောင်လေးနဲ့ပဲ... သူ အဲ့ကောင်လေးလက်ထဲကနေ ကောင်မလေးကို ပုခုံးကနေဆွဲဖက်ပြီး ရုပ်ရှင်ရုံထဲကထွက်သွားတာ"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora