အပိုင်း-၃၀(အပိုင္း-၃၀)

4.1K 88 3
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၃၀★

###### (အတိတ်စာမျက်နှာ ၆)

မေမေပြောတဲ့စကားကိုသူလုံးဝမယုံကြည်နိုင်ပါ...
ဘာလို့ရွယ်ကအဲ့လိုလုပ်မှာလဲ?...
သူစိတ်ကူးထဲတောင်လုံးဝထည့်တွေးလို့မရ...
ဒါပေမယ့်ကလေးက... ကလေးကိုတွေ့တော့သူ့ရင်ထဲမှာတစ်ခုခုကိုနင့်နင့်နဲနဲခံစားရသည်... အဲ့တာသွေးကစကားပြောတာလား?

ဘယ်လိုပဲဖြစ်ဖြစ်ရွယ့်ကိုတော့သူလုံးဝယုံကြည်တယ်
စာဖတ်ကြည့်ရင်သူသိရမှာပါ

တွေးရင်းကနေစားပွဲပေါ်မှာတင်ထားတဲ့အညိုရောင်စာအိတ်ထဲကစာကိုသူထုတ်လိုက်သည်

သို့/
ကိုမင်းစက်မာန် (တစ်ချိန်က ကိုကို)

ရှင်ဒီစာကိုဖတ်နေရတဲ့အချိန်မှာဒေါသထွက်နေမှာလား? ယူကြုံးမရဖြစ်နေမှာလား? ကိုယ့်ကိုကိုယ်အပြစ်တင်နေမှာလား? ဒါမှမဟုတ် ကျွန်မကိုအပြစ်တင်နေမှာလား? အကုန်လုံးကိုတစ်ပြိုင်တည်းခံစားနေရတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်...

ဒါပေမယ့်ကျွန်မကတော့ လောလောဆယ်မှာအကုန်လုံးကိုခံစားနေရတယ်...

ဒေါသထွက်တယ်... ရှင်နဲ့ပက်သက်ပြီးပျော့ညံ့မိလို့... ကိုယ့်ကိုယ်ကိုတော်တော်ဒေါသထွက်မိတယ်...

ယူကြုံးမရဖြစ်မိတယ်... ရှင်နဲ့ပက်သက်ပြီးမှစုတ်ပြတ်သတ်သွားရတဲ့ကျွန်မဘဝအတွက်ယူကြုံးမရဖြစ်မိတယ်...

ကိုယ့်ကိုယ်ကိုအပြစ်တင်နေတာကတော့ကျွန်မမှာရှင့်ကလေးရှိနေမှန်းသိလိုက်ရတဲ့အချိန်ကတည်းကပဲ...

ရှင့်ရဲ့ခပ်လွယ်လွယ်ကတိတွေနဲ့ အယုံလွယ်ခဲ့တဲ့ကျွန်မ...
အခုတော့ကျွန်မဘဝကြီးကစုတ်ပြတ်သတ်နေတာပါပဲ...

ဒါပေမယ့်ရှင့်ကိုတော့အပြစ်မတင်ပါဘူး...
အစထဲကဒီဇာတ်လမ်းကကျွန်မကြောင့်ပဲစခဲ့တာမလား...
အချိန်တွေပြန်နောက်ဆုတ်လို့ရင် ရှင်နဲ့ကျွန်မစတွေ့တဲ့အဲ့နေ့ကိုပြန်သွားပြီး မဆုံခဲ့ကြရအောင်လုပ်လိုက်ချင်တယ်...

အဲ့ဒါဆိုဒီနေ့လိုကျွန်မမှာဘာမှမကျန်တော့တဲ့အထိဆုံးရှုံးရမှာမဟုတ်ဘူးလေ...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now