အပိုင်း-၃၂(အပိုင္း-၃၂)

3.7K 82 0
                                    

#Unicode

"ထမင်းစားပြီးပြီလားကို?... ရေချိုးပြီးရင်စားဖို့နွယ်ပြင်လိုက်ရမလား?"

အပြင်ကပြန်လာတာနဲ့အပေါ်ထပ်ကိုတန်းတက်သွားတဲ့ကို့နောက်ကို အောက်ထပ်မှာအလုပ်ရှုပ်နေလို့မအားတဲ့နွယ်က အခုမှလိုက်လာပြီးမေးနေခြင်းဖြစ်သည်

"ကိုယ်မစားတော့ဘူးနွယ်... ဘာမှမလုပ်နဲ့တော့...
ပြီးတော့ကိုယ်အလုပ်တွေရှိလို့စာကြည့်ခန်းထဲမှာပဲရှိမယ်...
နွယ်ကိုယ့်အတွက်မပူနဲ့... လိုအပ်တာရှိရင်ကြီးနုကိုပဲခေါ်လိုက်မယ်"

ရေချိုးခန်းထဲကထွက်လာတဲ့ကိုက အဝတ်လဲခန်းထဲတန်းဝင်သွားပြီး ပြန်ထွက်လာတော့နွယ့်ကိုအဲ့လိုပြန်ဖြေသည်

"ဟုတ် ကို"

ပြောပြီးတာနဲ့အခန်းအပြင်ကိုတန်းထွက်သွားတဲ့ကို့ကိုနွယ်ကြည့်နေမိသည်

'ကိုဘာဖြစ်လာတာပါလိမ့်? မျက်နှာလည်းမကောင်းဘူး... သားလည်းညနေကအိမ်ပြန်လာတော့မျက်နှာမကောင်းဘူး... သားအဖတွေတစ်ခုခုများဖြစ်ကြသလားမသိဘူး?'

                           ********

🚪🚪🚪'ဒေါက် ဒေါက် ဒေါက်'

"သားရေ မေမေပါ... ဝင်လာလို့ရလား?"

"ဟုတ်ကဲ့မေမေ"

🚪'ကျွီ'

"သား... ဒီနေ့သားတို့အပြင်မှာဘာဖြစ်ခဲ့ကြသေးလဲ?... ပြန်လာထဲကမျက်နှာလည်းမကောင်းဘူး"

နွယ့်စိတ်ထဲမတင်မကျမှုလေးကြောင့်အောက်ဆင်းပြီးသားကိုလာမေးလိုက်မိသည်

"ပြဿနာကြီးကြီးမားမားတော့မရှိပါဘူးမေမေ... သားဒီနေ့သွားတွေ့တဲ့ခြူးအန်တီလေးက သားတို့နဲ့မုန့်စားနေရင်းကနေခဏထွက်သွားတာ ရုတ်တရက်ကြီးပျောက်သွားလို့လေ... အဲ့တာသားကစိတ်ပူနေတာ"

"ဪ... ဟိုတစ်ခါထမင်းအတူတူစားကြတုန်းကခြူးပြောတဲ့တီလေးဆိုတာလား?"

"ဟုတ်တယ်မေမေ"

"မေမေ့သားက ထူးထူးခြားခြား မေမေ့မဟုတ်တဲ့သူစိမ်းမိန်းမတစ်ယောက်ကိုခင်တွယ်နေပါလား? ဟင်?
ဘာလဲအဲ့အန်တီကမေမေ့ထက်များချောနေလို့လား? 
ခြူးလေးပြောပုံအရဆိုရင်တော့ လူကထက်ထက်မြတ်မြတ်လေးဖြစ်မှာတော့သေချာတယ်"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now