အပိုင်း-၄၂(အပိုင္း-၄၂)

4.1K 81 0
                                    

#Unicode
"ကျွန်မ... ကျွန်မတကယ်မသိပါဘူး... တကယ်ပါရှင်... ကျွန်မကိုယုံပေးပါရှင်"

အိမ်တစ်အိမ်ရဲ့ဧည့်ခန်းအလယ်ရှိဆိုဖာဆက်တီမှာတုန်လှုပ်စွာထိုင်နေတဲ့အမျိုးသမီးကို မာန်ရှေ့တည့်တည့်ကထိုင်ပြီးစိတ်ပျက်စွာစိုက်ကြည့်နေမိသည်

"ခင်ဗျားကိုယ်တိုင်ပြောခဲ့တဲ့စကားကိုခင်ဗျားမသိဘူးဆိုတာက သိပ်တော့အဓိပ္ပါယ်မရှိဘူး ဒေါ်မြင့်မြင့်သီ... လွန်ခဲ့တဲ့၁၅နှစ်က ကျုပ်ကိုယ်တိုင်လာမေးခဲ့တုန်းကခင်ဗျားပြောခဲ့တဲ့စကားကိုအခုမသိတော့ဘူးတဲ့လား?... ခင်ဗျားတို့တစ်ချိန်ကအမေဖြစ်သူကိုကလေးသေသွားပါတယ်လို့ပြောတယ်... ကလေးကိုလာခေါ်တဲ့ကျုပ်တို့ကိုတော့ ကလေးကိုအမေကစွန့်ပစ်ခဲ့ပါတယ်လို့ပြောတယ်... ဒီဆေးစစ်ချက်ကတော့ ကလေးနဲ့အမေကသားအမိအဖြစ်တော်စပ်ကြောင်းသက်သေထူနေတယ်... အဲ့တော့ခင်ဗျားဘာလို့ကျုပ်တို့ကိုလှည့်စားခဲ့တာလဲ?... ဘာအတွက်အဲ့လိုလူမဆန်တဲ့လုပ်ရပ်ကိုလုပ်ခဲ့တာလဲ?... ခင်ဗျားကိုကျုပ်တို့သက်ဆိုင်ရာလက်ထဲကိုအပ်လိုက်မှအမှန်ပြောမှာလား?... လက်ရှိ ရှိနေတဲ့ခင်ဗျားရဲ့အေးချမ်းတဲ့ဘဝကိုတန်ဖိုးမထားချင်တော့ဘူးထင်တယ်"

'ဒုန်း'

ပြောရင်းနဲ့ ရုတ်တရက် မာန်အလယ်က စားပွဲကို လက်ဝါးနဲ့ခပ်ပြင်းပြင်းတစ်ချက်ရိုက်ချလိုက်သည်

"အောင်မလေး... မဟုတ်ပါဘူး... အဲ့လိုမဟုတ်ပါဘူး... မတိုင်ပါနဲ့နော်... ကျွန်မတကယ်မသိတာပါ... အဲ့တုန်းကဆေးရုံအုပ်နဲ့တာဝန်ကျဆရာဝန်တို့ကခိုင်းလို့ကျွန်မပြောခဲ့ရုံပါ... ကျန်တာကျွန်မတကယ်မသိပါဘူး"

"တေဇ... သူ့အမျိုးသားက '.....' ရုံးကမလား?... အခုအဲ့ကိုဖုန်းဆက်ပြီး....."

"ဟင့်အင်းမလုပ်ပါနဲ့... ကျွန်မပြောပြပါ့မယ်... သိသမျှအကုန်ပြောပြပါ့မယ်... ကျေးဇူးပြုပြီးအားလုံးနားထောင်ပြီးသွားပြီးရင်တော့ကျွန်မမိသားစုကိုဘာမှမပြောပါနဲ့နော်... သူတို့ကိုဒီအတိုင်းပဲထားပေးပါ"

စားပွဲပေါ်မှာတင်ထားတဲ့မာန့်လက်ကိုအတင်းလှမ်းကိုင်၍ ကြောက်ကြောက်လန့်လန့်တောင်းဆိုနေတဲ့ ထိုအမျိုးသမီးကိုဂရုမစိုက်ပဲ မာန် လက်ကိုရုတ်သိမ်းလိုက်ပြီး လက်ပိုက်လျက် ထိုအမျိုးသမီးမျက်နှာကိုသာ စိုက်ကြည့်နေလိုက်သည်

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now