အပိုင်း-၁၅(အပိုင္း-၁၅)

4K 96 4
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜                
★အပိုင်း၁၅★

#နန်းစက်ရွယ်
'သိပ်ချော သိပ်လှတယ်' ဆိုတဲ့အမျိုးသမီးတွေနဲ့ယှဉ်လိုက်ရင်တော့ သူမက အလှဆုံးပါလို့သတ်မှတ်လို့မရပေမယ့် အပူနဲ့အအေးရောထားသလို, ဆန့်ကျင်ဘက်အရာတွေစုစည်းထားသလိုဖြစ်နေတဲ့ သူမဟာ စွဲမက်ဖွယ်အကောင်းဆုံးမိန်းမတစ်ယောက်...
ပတ်ဝန်းကျင်နဲ့တသီးတခြားဖြစ်စွာ တိတ်တိတ်ဆိတ်ဆိတ်နေထိုင်လေ့ရှိပြီး တကယ့်လက်ရှိဘဝကလည်း အထီးကျန်ဆန်လွန်းနေသူဖြစ်သည်...
လူတော်တော်များများရဲ့စိတ်ဝင်စားမှုတွေကို ပိုင်ဆိုင်ထားရပေမယ့် သူမကတော့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှစိတ်မဝင်စားပဲ သူမပျော်ရွှင်ဖို့အတွက်ပဲ ကြိုးစားရှင်သန်နေတယ်...

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

'🔔တင်းတောင်🔔'

'🔔တင်းတောင်🔔'

'🔔တင်းတောင်🔔'

မာန်ဒီအခန်းရှေ့မှာရပ်ပြီး ဘဲ(လ်)တီးနေတာ ၁၀မိနစ်လောက်ရှိနေပြီ...  ဒါပေမယ့် အထဲကခေါင်းမာလွန်းသောထိုမိန်းမက တံခါးလာမဖွင့်... မာန်စိတ်မရှည်တော့ပါ... အိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်၍ နံပါတ်တစ်ခုကိုခေါ်လိုက်သည်...

"Hello"

"မင်းအထဲမှာရှိတာငါသိတယ်... တံခါးလာဖွင့်"

ဖုန်းထဲကမာန့်အသံ‎ကြောင့် အံဩသွားပုံရတဲ့သူမက

"ရှင်... ရှင်... ဦးမင်းစက်မာန်!... ရှင်ဘာလာလုပ်တာလဲ?.... မဖွင့်ပေးနိုင်ဘူး... ရှင်ပြန်တော့"

" ကောင်းပြီ... မင်းမဖွင့်ရင် ငါ့နည်းငါ့ဟန်နဲ့ပွင့်အောင်လုပ်ရုံပေါ့"

"ရှင်ဘာဖြစ်နေတာလဲ?....မပက်သက်ချင်တော့ဘူးလို့ပြောထားရဲ့သားနဲ့... ရှင်ဘာကိစ္စကျွန်မကိုဒုက္ခလာပေးနေတာလဲ?....ရှင်......."

သူမပြောနေတာကိုဆက်နားမ‎ထောင်တော့ပဲ ဖုန်းချလိုက်ကာ နောက်ထပ်ဖုန်းတစ်ကောပြန်ခေါ်လိုက်ပြီး

"၅မိနစ်အတွင်းဒီအခန်းတံခါးပွင့်တာ...."

"ကျွီ 🚪"

မာန် ဆက်ပြောစရာမလိုတော့အောင် ပွင့်သွားသောတံခါးနဲ့အတူ အပေါက်ဝမှာခါးလေးထောက်ပြီးရပ်နေသော သူမ

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now