အပိုင်း-၂၃(အပိုင္း-၂၃)

3.5K 85 0
                                    

#Unicode
#ဟိန်းလက်ယာ
ရွှေလင်ဗန်းနဲ့အချင်းဆေးပြီးမွေးဖွားခဲ့ရလောက်တဲ့အထိကြွယ်ဝချမ်းသာလွန်းတဲ့အသိုင်းအဝိုင်းကမဟုတ်ပေမယ့် ပညာ ရာထူး ဂုဏ်သိက္ခာနဲ့ လေးစားဂုဏ်ယူဖွယ်မိသားစုမှာမွေးဖွားလာတယ်...
သူကိုယ်တိုင်ကလည်းကြိုးစားတာခဲ့ကြောင့်အခုလက်ရှိမှာတဖြည်းဖြည်းအောင်မြင်လာပြီဖြစ်တဲ့နာမည်ရလုပ်ငန်းတစ်ခုကိုဦးဆောင်နေတယ်...
မိန်းကလေးတွေအားကိုးချင်စရာဘဝ မက်မောချင်စရာရုပ်ရည်ကို ပိုင်ဆိုင်ထားပေမယ့် ငယ်ငယ်ကျောင်းသားဘဝအရွယ်ထဲက သံယောဇဉ်တွယ်ခဲ့ရတဲ့သူငယ်ချင်းမလေးကိုပဲ အမြဲအရိပ်တကြည့်ကြည့်စောင့်ရှောက်ကာနှလုံးသားတံခါးကိုသော့ခတ်ထားတယ်...

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

📱"ကိုယ်ဒီလကုန်ပြန်လာမယ်နန်း... မင်းဘာမှာအုံးမလဲ?"

"ဘာမှမှာစရာမရှိပါဘူး... ဒီလကုန်လာမယ်ဆိုတော့အဲ့ကကိစ္စတွေကပြီးပြီလား?"

"အင်း... ပြီးပြီ... ဒါနဲ့မင်း နေရောကောင်းရဲ့လား နန်း?"

"ကောင်းပါတယ်...  နေပါအုံး... နင်ငါ့ကိုနာတာရှည်လူမမာများမှတ်နေလား?... ဖုန်းဆက်ပြီဆိုတာနဲ့ နေကောင်းလား ပဲမေးနေတာပဲ"

"ဒါကတော့ကိုယ်ကမင်းကိုစိတ်ပူတာကို"

"စိတ်ပူရအောင်ငါကကလေးလား?"

"ကလေးမဟုတ်ပေမယ့် တစ်ယောက်တည်းနေပြီးထင်တိုင်းတွေကျဲနေတဲ့မင်းကိုစိတ်ပူရတာပေါ့...

မမတို့နဲ့သွားနေပါ... မဟုတ်လည်း အဖော်လေးတစ်ယောက်လောက်ထပ်ခေါ်ပါဆိုတာကို... မင်းကနားထောင်လားပြော?"

"ငါအဆင်ပြေနေလို့ပေါ့ဟယ်... နင်ကလေသိပ်ပစိပစပ်များတာပဲ... တော်ပြီ... အခုဆက်တာနင်ပြန်လာမယ့်အကြောင်းပြောဖို့မလား... ငါသိပြီ... ဒါပဲ"

"ဟ... ဘာကိုဒါပဲလဲ?... ဒီမှာကိုယ်တောင်ဘာမှသေချာမပြောရသေးတာကို"

"မသိဘူး... ဒါပဲ"

ဖုန်းထဲကနေသူပြောသမျှကိုစိတ်မရှည်နိုင်စွာ ဆူဆောင့်ပြီးဖုန်းချသွားသောချစ်ရသူကြောင့် လက်ယာပြုံးလိုက်မိသည်

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora