အပိုင်း-၆၂(အပိုင္း-၆၂)

4.9K 89 0
                                    

#Unicode
နွယ်တို့မိသားစုသုံးယောက်ရဲ့ နံရံကပ်ဓာတ်ပုံရှေ့မှာလက်ပိုက်ရပ်နေတဲ့ ထိုလူသားကို နွယ်နောက်ကျောကနေတိတ်ဆိတ်စွာစိုက်ကြည့်နေမိသည်... ကောင်မလေးပြောသလိုပဲ ကိုမာန်နဲ့မတိမ်းမယိမ်းရှိနိုင်တဲ့အရပ်အမောင်း ကိုမာန့်ထက်ပိုပြီးကျစ်လစ်တုတ်ခိုင်တဲ့ခန္ဓာကိုယ်အချိုးအစားနဲ့သူသည် ဂုတ်ထောက်လုနီးနီးရှိနေပြီဖြစ်တဲ့ဆံပင်ရှည်တို့ကိုစုစီးထားသေးသည်...

နွယ်ကြည့်နေတုန်း နွယ့်ဘက်ကိုလှည့်လာတဲ့သူ့မျက်နှာမှာ အနည်းငယ်ရှည်နေပြီဖြစ်တဲ့ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးတို့က ဖြူတဲ့အသားအရေနဲ့ဆန့််ကျင်စွာ နက်မှောင်လွန်းနေသည်... နွယ့်ကိုမြင်တာနဲ့ တည်တင်းနေတဲ့နှုတ်ခမ်းတို့က ကော့တက်သွားပြီး နေကာမျက်မှန်ကိုချွတ်လိုက်တဲ့အချိန်မှာတော့ မြင်လိုက်ရတဲ့မျက်ဝန်းတွေက ပြောင်းလဲသွားတဲ့သူ့အသွင်အပြင်နဲ့လိုက်ဖက်စွာ သူကြုံလာခဲ့သမျှသောလောကဓံရိုက်ချက်များရဲ့ဒဏ်ရာအရှိန်တို့ထင်ဟပ်နေသယောင်...

လူပုံစံကကြမ်းကြမ်းတမ်းတမ်းဖြစ်နေပေမယ့် မြင်ရတဲ့လူတိုင်းရဲ့အာရုံမှာတော့အမြင်ရိုင်းမနေပဲ တစ်မျိုးတစ်ဖုံကြည့်ကောင်းနေတာကတော့ ထူးခြားချက်တစ်ခုလို့ပဲပြောရမလား... သို့သော် နွယ့်အတွက် နွယ့်အာရုံထဲမှာပေါ်နေတာကတော့ အခုလက်ရှိနွယ့်ရှေ့မှာရှိနေတဲ့လူနဲ့ လားလားမျှမဆိုင်သော နွယ်မြင်ဖူးသမျှထဲမှာ အနွေးထွေးဆုံးလို့သတ်မှတ်လို့ရတဲ့အပြုံးတို့နဲ့ နွယ့်ကိုပြုံးပြနေခဲ့တဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်...

"မတွေ့ရတာဆယ်စုနှစ်နှစ်ခုနီးပါးအချိန်တွေကြာသွားတာတောင် အရင်အတိုင်းမပြောင်းမလဲရှိနေဆဲပါလား ဆူးပေါက်လေး... ဒါနဲ့ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေတာက ကိုယ့်ကိုမမှတ်မိလို့တော့ မဟုတ်ဘူးမလား?..."

မျက်ခုံးတစ်ဖက်ကိုဟန်ပါပါပင့်တင်လိုက်ကာ မျက်နှာပေါ်ကအပြုံးတို့ကို မပျောက်ကွယ်သွားစေပဲ မေးလိုက်တဲ့သူ့ကိုကြည့်ပြီး နွယ်ပြုံးလိုက်မိတာလား မဲ့လိုက်မိတာလား တကယ်မသိတော့ပါ...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now