အပိုင်း-၅၄(အပိုင္း-၅၄)

5.5K 118 2
                                    

#Unicode
"မမူ..."

"ရှင်.... မေမေကြီး"

"မြေးရော?... ငါအခန်းထဲသွားကြည့်တာလည်းမတွေ့ဘူး... မနက်စာလည်းလာမစားဘူး... ငါ့မြေးဘယ်ရောက်နေလဲ?"

"ဟို... ဟို.... မမူလည်းမသိဘူးမေမေကြီး... အစ်ကိုလေးမင်းနောင်နဲ့များရှိနေလား...  ဒါမှမဟုတ်ခြံထဲများဆင်းသွားလားမသိဘူး... ကောင်မလေးတွေကိုရှာခိုင်းလိုက်ရမလား မေမေကြီး?..."

"နေ.. နေ... ငါ့ဟာငါရှာမယ်"

"မေမေကြီး... ဟိုလေ.. မေနုကိုမေးကြည့်ပါအုံး... မနက်ကတည်းကကောင်မလေးတွေကို မေနုရေကူးကန်ဘက်မှာရှင်းခိုင်းနေတာ... အဲ့ဘက်မှာများရှိမလားမသိဘူး... ရေကူးကန်ကဘုန်းငယ်အကြိုက်ဆုံးနေရာမလား?"

'ရေကူးကန်... ဟုတ်တယ်... ရေကူးကန်... ငယ်ငယ်ကတည်းကနည်းနည်းလေးဝမ်းနည်းပြီဆိုတာနဲ့ရေကူးကန်ဘက်သွားတဲ့လျှောက်လမ်း
ထောင့်ချိုးလေးမှာ ပုန်းနေတတ်တဲ့မြေးအကျင့်ကိုငါဘာလို့မေ့နေတာပါလိမ့်... အခုလည်းသေချာပေါက်အဲ့မှာရှိနေလောက်တယ်'

ဒေါ်မိုးသီတာစိတ်ထဲကတွေးလိုက်သလို ခြေလှမ်းတွေကလည်းအလိုလိုရွေ့လျားလာကြသည်...

ဖြည်းဖြည်းမှန်မှန်နဲ့လျှောက်လာရင်း  လျှောက်လမ်းထောင့်ချိုးနားရောက်တော့ သူမထင်ထားသလိုပါပဲ... လျှောက်လမ်းထောင့်က ချောင်ကျကျနေရာလေးမှာ လှမ်းတွေ့ရတဲ့အရိပ်လေးတစ်ခု... ဒေါ်မိုးသီတာ ချက်ချင်းပဲထိုအရိပ်လေးရှိရာကိုလျှောက်သွားလိုက်သည်...  ဒူးလေးနှစ်ဖက်ကိုထောင်ကာလက်နှစ်ဖက်ယှက်တင်ထားပြီး မျက်နှာကိုမော့ နံရံကိုခေါင်းမှီ၍မျက်လုံးတွေဖိမှိတ်ထားတဲ့ ပုံရိပ်လေးကိုကြည့်ပြီး သူမရင်ထဲခံစားမှုကနင့်နင့်နဲနဲ...

ထိုပုံရိပ်လေးရဲ့ရှေ့တည့်တည့်မှာရပ်ပြီးခါးကိုအသာကိုင်းကာ ရင်ထဲကနာကျင်မှုတွေရဲ့အရှိန်ကြောင့် နွမ်းလျနေတဲ့မျက်နှာလေးကိုခပ်ဖွဖွလေးကိုင်လိုက်သည်

ထိုအခါ မှိတ်ထားတဲ့မျက်လုံးတွေပွင့်လာပြီး သူမကိုပြန်ကြည့်လိုက်တဲ့မျက်ဝန်းညိုညိုလေးတွေ......

' မျက်ဝန်းညိုညိုလေးတွေ... နာကျင်ကြေကွဲခြင်းတွေပြည့်နှက်နေတဲ့ဒီလိုမျက်ဝန်းညိုညိုလေးတွေကို မနေ့ကရော လွန်ခဲ့တဲ့၁၃နှစ်လောက်ကပါသူမတွေ့ဖူးခဲ့ပေမယ့် ဘာကြောင့်များအဲ့မျက်ဝန်းလေးတွေထဲကအဓိပ္ပါယ်ကိုနားမလည်နိုင်ခဲ့ရတာလဲ?... ဘာကြောင့်များ ထိုမျက်ဝန်းလေးတွေကိုဥပေက္ခာပြုပြီး ကိုယ့်သဘောနဲ့ကိုယ်သားနဲ့မြေးရဲ့ဘဝကိုပုံသွင်းခဲ့မိတာလဲ?...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now