အပိုင်း-၃၁(အပိုင္း-၃၁)

3.6K 89 1
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၃၁★

#######(အတိတ်စာမျက်နှာ ၇)

ဤသို့ဖြင့်သိပ်ချစ်ပါတယ်ဆိုတဲ့ချစ်သူနှစ်ဦးရဲ့အဆုံးသတ်က ဇာတ်လမ်းတွေပုံပြင်တွေထဲကလို ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဆိုတဲ့ဇာတ်သိမ်းလှလှလေးဖြစ်မလာခဲ့

သူနဲ့သားကိုရက်စက်စွာပစ်ပစ်ခါခါပစ်သွားနိုင်တဲ့မိန်းမတစ်ယောက်ရှိခဲ့သလို
ဘဝရဲ့နေဝင်ချိန်တန်လို့သူနဲ့မေမေ့ရဲ့ဘဝထဲကအပြီးတိုင်ထွက်သွားခဲ့သူဖေဖေလည်းရှိခဲ့သည်

ဒါပေမယ့်သူ့မှာတော့ချစ်သူနဲ့ကွဲလို့ ဖခင်ကိုဆုံးရှုံးရလို့ဆိုပြီး ထိုင်ကြေကွဲမနေနိုင်ခဲ့ပါ

ဖေဖေထားခဲ့သမျှသောအရာအားလုံးကိုကာကွယ်စောင့်ရှောက်ဖို့အတွက် လူမမယ်သားကိုပါထားခဲ့ပြီးနောက်တစ်ကြိမ်ထွက်သွားခဲ့ရပြန်သည်

သူကျောင်းပြီးလို့ပြန်လာတော့သားကတစ်နှစ်သားအရွယ်

"သား... မေမေ သားကိုစဉ်းစားစေချင်တာရှိတယ်... လုပ်သင့်တဲ့အရာမို့လို့လဲဖြစ်နိုင်ရင်လက်ခံစေချင်တယ်"

သားကိုပွေ့ပိုက်ရင်းထိုင်နေတဲ့သူ့ကိုမေမေကပြောနေခြင်း

ပြောရမယ်ဆိုရင်တော့ ဖြစ်ခဲ့သမျှကိစ္စတွေမှာမေမေမှားခဲ့တာရှိပေမယ့် သူမေမေ့ကိုတော့စိတ်မနာနိုင်ခဲ့ပါ
အနည်းဆုံးတော့မေမေဟာသူ့အတွက် မိသားစုအတွက်လုပ်ခဲ့တာမလား
အဲ့အတွက်သူနဲ့မေမေရဲ့ဆက်ဆံရေးကတော့အေးစက်သွားခြင်းမရှိခဲ့ပါ
ဖေဖေမရှိတော့လို့ပူဆွေးအားငယ်နေတဲ့မေမေ့ကိုသူနဲ့သားကသာအားဖြစ်စေခဲ့ရသည်

"ပြောပါမေမေ"

"ဖြစ်ခဲ့သမျှတွေမှာမေမေ့အပြစ်မကင်းခဲ့တဲ့အတွက်သားကိုမေမေတောင်းပန်ပါတယ်"

"ပြီးခဲ့ပြီပဲမေမေ... ထပ်မပြောကြတာပဲကောင်းပါတယ်"

"သားကဒီအကြောင်းကိုမပြောစေချင်ဘူးဆိုရင်မေမေပြောချင်တာရှိတယ်

အဲ့ဒါကမြေးလေးအတွက် ပြီးတော့သမီးနွယ်အတွက်...

အခုပြောမယ့်စကားကိုသားကိုနားလည်ပေးစေချင်တယ်"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now