အပိုင်း-၅(အပိုင္း-၅)

5.1K 119 0
                                    

                    🌛လရိပ်ဘယ်ဆီ🌜                  
    
                         ★အပိုင်း၅★

ဘုန်းငယ်တို့ကျောင်းတွေ ဒီဇင်ဘာကျောင်းပိတ်ရက်ကိုရောက်ခဲ့ပြီ... စာမေးပွဲနီးလာဖြစ်၍ ပိတ်ရက်မရောက်ခင်ထဲက ကျောင်းမသွားဖြစ်ကြတော့ပေမယ့်
ကျူရှင်တစ်ဖက်, guideတစ်ဖက်, ကိုယ်ပိုင်စာကြည့်ချိန်တစ်ဖက်နဲ့ဆိုတော့ တစ်ယောက်အိမ် တစ်ယောက် အရင်လို ခဏခဏလိုက်မလည်နိုင်ကြတော့... ဒါပေမယ့် ဒီဇင်ဘာ၃၁ရက်နေ့ နယူးရီးယားညကိုတော့ ခြူးက သူ့အိမ်မှာ ပါတီလုပ်ရအောင်ဆိုပြီး ချိန်းထားသည်... အဲ့အတွက် ဘုန်းငယ် မေမေနဲ့ဘွားကို အစောကြီးထဲကကြိုပြောပြီးပြီဆိုပေမယ့် ဖေဖေ့ကိုမပြောဖြစ်ပါ... ဒီနေ့မှပဲပြောဖြစ်သည်...

ဘုန်းငယ် အခုလိုမျိုး နှစ်ကူးမှာ သူငယ်ချင်းတွေနဲ့အတူရှိတာ ဒါပထမဆုံးမဟုတ်ပါ... အရင်နှစ် နယူးရီးယားတုန်းကလည်း အောင်နိုင့်အိမ်စုပြီးမှာ သူတို့သူငယ်ချင်းတွေ ဖြတ်သန်းဖြစ်သေးသည်... အဲ့တုန်းက ဖေဖေကဒီမှာမဟုတ်တော့ ဖုန်းနဲ့ပဲခွင့်တောင်းခဲ့ရသည်... ဒီနှစ်တော့ ထူးထူးခြားခြားဖေဖေရှိနေသည်...

ဖေဖေကနယူးရီးယားကိုလုံးဝမကြိုက်တဲ့သူ... ဘယ်လောက်ရင်းနှီးတဲ့သူပဲဖိတ်ဖိတ် ဘယ်လောက်အရေးကြီးတဲ့ပွဲပဲဖြစ်နေပါစေ... နယူးရီးယားညကိုတော့ ဘယ်တော့မှမသွားပါ... အလုပ်ကြောင့်ခရီးထွက်နေရင်တောင် မဖြစ်မနေတွေကလွဲရင် သာမန်ခရီးလောက်ဆို အိမ်ကိုအမြဲပြန်လာသည်... ဖေဖေ့လို နိုင်ငံပေါင်းစုံသွားကာ ခေတ်နဲ့အညီ ရင်ဘောင်တန်းနေတဲ့လူတစ်ယောက်က ဒီလိုညမျိုးကိုစိတ်မဝင်စားတာ ထူးဆန်းလွန်းသည်... အဲ့တာကြောင့်လည်း တစ်ခါတော့ ဘုန်းငယ် သိချင်လွန်း၍ ဖေဖေ့ကိုမေးဖူးသည်...

#########
"ဖေဖေ...ဖေဖေကဘာလို့နယူးရီးယားကိုမကြိုက်တာလဲ?... နှစ်သစ်ကိုမကြိုဆိုချင်လို့လား?"

"နှစ်သစ်ကိုကြိုဆိုတယ်ဆိုတာက ကောင်းပါတယ်... ဒါပေမယ့် သက္ကရာဇ်တွေတဖြည်းဖြည်းပြောင်းလဲသွားသလို အချိန်တွေ အသက်တွေ အမှတ်တရတွေ အားလုံးကလည်း ကုန်သွားတဲ့နှစ်ဟောင်းအတူ ကျန်ခဲ့ရတယ်ဆိုတာကို သား မမေ့သင့်ဘူး...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Hikayelerin yaşadığı yer. Şimdi keşfedin