အပိုင်း-၁၄(အပိုင္း-၁၄)

3.9K 99 2
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜       
★အပိုင်း၁၄★

"ကို့ကို နွယ်..... တီ ..... စောင့်နေမယ်နော်"

ပြောနေရင်းကျသွားတဲ့ဖုန်းလေးကိုနားမှမခွာသေးပဲ

"ပြီးတော့ ကို့ကို နွယ်အရမ်းလွမ်းတယ်..."

ပြောချင်သမျှသောရင်ထဲကစကားတွေကို အသံထွက်ရွတ်ဆိုလိုက်ကာ ဖုန်းကိုစားပွဲပေါ်ပြန်တင်ပြီးမှ အိမ်ရာပေါ်မှာလှဲချလိုက်သည်... အပေါ်မျက်နှာကျက်အလယ်ကအလှမီးဆိုင်းကို အချိန်အတော်ကြာငေးကြည့်နေပြီးမှ မျက်ဝန်း‎တွေကိုမှိတ်ချလိုက်တော့ စိတ်တို့သည်............

########(အတိတ်စာမျက်နှာတစ်စွန်းတစ်စ)

လေးဘက်ထောက်ကာတွားသွားလျက် ပန်းရုံအတွင်းကိုအတင်းတိုးဝင်နေတဲ့ ၁၀-၁၁နှစ်အရွယ်ကလေးမလေးတစ်ယောက်.... ခရမ်းဖျော့ရောင်ဂါဝန်လေးမှာလည်း ရွှံ့ကွက်မဲညစ်ညစ်လေးတွေက ဟိုတစ်ကွက် ဒီတစ်ကွက် ပေကျံနေကာ, ရှူးဖိနပ်လေးတွေကအစ မလှမပညစ်ထွေးနေသည်...

"အို့... အို့... ဘလက်ကီရေ... ထွက်လာပါဟယ်... ဒီကိုလာ... လာ... လာ"

‎ပြောရင်းဆိုရင်း ပန်းရုံအောက်တိုးဝင်လျက်နဲ့ပင် လက်တစ်ဖက်က လက်လှမ်းမီသလောက်ရှိနေပြီဖြစ်တဲ့အမဲ‎ရောင်စုတ်ဖွားခွေးလေးရဲ့ခါးနောက်ပိုင်းလေးကို အတင်းလှမ်းဆွဲလိုက်သော်လည်း ခွေးလေးကလွတ်ထွက်သွားကာ ပန်းရုံရဲ့တစ်ဖက်ခြမ်းဆီကနေပြေးထွက်သွားလေတော့သည်...

"ဟာ ဘလက်ကီ... မပြေးနဲ့လေ... ဘလက်ကီ"

အလောတကြီးနဲ့ကုန်းရုန်းထလိုက်တော့ ပန်းရုံအောက်ခြေကအကိုင်းအချို့နဲ့ ကျောဘက်ကဂါဝန်စတို့ ငြိယှက်သွားကာ ပန်းရုံအောက်မှာကုန်းကုန်းကွကွနဲ့ထမရ ထိုင်မရဖြစ်နေတော့သည်...

"အီး... မာမီရေ... ဒယ်ဒီရေ... သမီးကိုလာခေါ်ပါအုံး... ဒီမှာထွက်လို့မရတော့ဘူး... အီး... ဟီး"

ထိုစဉ်မှာပဲ ရှည်သွယ်သွယ်လက်ချောင်းကလေးတွေနဲ့လက်လေးတစ်စုံက ကောင်မလေးရဲ့ကျောဘက်ကရှုပ်နေတာတွေကို ရှင်းပေးလိုက်ပြီး

"ရပြီ... ထတော့"

'အု... အု... အုအု'

ကလေးမလေးက လူအသံရော ခွေးအသံပါသူ့နောက်ဖျားကထွက်လာလို့ ပန်းရုံအောက်ကနေသေချာထွက်ပြီး ကုန်းလျက်လေးနဲ့ပင်မော့ကြည့်လိုက်သည်... ထို့အခါ ထိုကလေးမလေးနဲ့ရွယ်တူလောက်ရှိမည့်ပုံပေါ်ပြီး ကောင်မလေးထက်ခေါင်းတစ်လုံးစာလောက်ပိုရှည်သောအရပ်နဲ့  အသားဖြူဖြူကောင်လေးတစ်ယောက်က ခွေးကလေးပိုက်ထားလျက်ရပ်နေသည်... ထိုကောင်လေးဝတ်ထားတဲ့ ဆွယ်တာအင်္ကျီလက်ရှည်အဖြူလေးဟာလည်း ခွေးလေးဆီကရွှံတွေကြောင့် ပေကျံနေသေးသည်...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now