#Unicode
🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၂၇★#######(အတိတ်စာမျက်နှာ ၃)
"ကဲ... ရောက်ပြီ... ဆင်း"
"ဟင်?... ကိုကို... ဒါဟိုးတစ်ခါတုန်းကရွယ့်ကိုခေါ်လာဖူးတဲ့ကိုကို့အိမ်မလား?"
"ဟုတ်ပါတယ်"
မာန် ပြောလည်းပြောသူမလက်မောင်းလေးကနေကိုင်ပြီးကားပေါ်ကဆင်းခိုင်းလိုက်သည်
"ဒါဆို ကိုကို့မိဘတွေရှိမှာပေါ့... ရွယ်မလိုက်ဘူး... ကြောက်တယ်"
သူမဘာသာသူမတွေးချင်တိုင်းတွေး ကောက်ချက်ချချင်တိုင်းချနေသောကောင်မလေးရဲ့ခေါင်းကိုခပ်ဖွဖွလေးပုတ်လိုက်ပြီး
"မရှိပါဘူး... ကိုကို့မိဘတွေကသပ်သပ်... ကိုကိုကဒီမှာတစ်ယောက်တည်းနေတာ... ကိုကို....."
"ဟင်?... တစ်ယောက်တည်းနေတာ... ဒါဆိုခုနကခြံတံခါးဖွင့်ပေးတဲ့ဦးလေးကြီးရယ် ကိုကိုရယ် ရွယ်ရယ် အားလုံးပေါင်းမှသုံးယောက်ထဲပေါ့"
မျက်လုံးလေးကလယ်ကလယ်နဲ့ ခြံပတ်ပတ်လည်ကိုလိုက်လျှောက်ကြည့်ကာသူ့နားကိုတဖြည်းဖြည်းကပ်လာပြီး နောက်ဆုံးသူ့လက်မောင်းကိုလက်လေးနှစ်ဖက်နဲ့ဆုပ်ကိုင်လေသည်
မာန်စိတ်သက်သာရသွားသလိုရယ်လိုက်မိသည်...
သူစိုးရိမ်နေတာကဟိုတစ်ခေါက်ကသူဒီကိုစ စခေါ်လာတုန်းကလိုမျိုးစကားများကြရအုံးမယ်ထင်နေတာ...
ခုတော့သူမလေးကအရင်ကဘာဖြစ်ခဲ့တယ်ဆိုတာတောင်သတိရပုံမပေါ်ပဲ သူ့ကိုသာအားကိုးတကြီးဖက်တွယ်နေလေသည်...
'Sorry ပါရွယ်... အဲ့အချိန်တုန်းကတော့မင်းပြောသမျှစကားတိုင်းကို ကိုကိုဒေါသတကြီးတုန့်ပြန်ခဲ့သလို မင်းကိုကတိတွေလည်းပေးခဲ့ပေမယ့် အခုတော့အဲ့ကတိကို ကိုကိုကိုယ်တိုင်ပဲဖျက်ရတော့မယ်...
ဒါပေမယ့်အခုကိုကိုဖျက်မယ့်ကတိတစ်ခုပြီးရင်တော့ ပြောခဲ့သမျှစကားတွေကိုရော ပေးခဲ့သမျှကတိတွေကိုရော နောက်ထပ် ထပ်ပြီးပေးမယ့်ကတိစကားတွေကိုပါ ကိုကို့အသက်နဲ့ထပ်တူတန်ဖိုးထားမှာမို့ ဒီတစ်ခါလေးပဲကိုကို့ကိုခွင့်ပြုပါ'
ESTÁS LEYENDO
လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)
RomanceMy Own Creation### First Story### both Zawgyi&Unicode### cover Photo is not mine### all credits to original owner### #Unicode အချစ်တွေ အမုန်းတွေ ဘာတွေကျွန်တော်မသိဘူး... သူများမိသားစုတွေဘယ်လိုဖြစ်နေလဲကျွန်တော်ဂရုမစိုက်ဘူး... ကျွန်တော်သိတာ ကျွန်တော်ဂရ...