အပိုင်း-၂၀(အပိုင္း-၂၀)

4.2K 89 0
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၂၀★

######(အတိတ်စာမျက်နှာ တစ်စွန်းတစ်စ)

"ဟဲ့ ရွယ်ရွယ်... အခန်းအပြင်မှာနင့်ရဲ့မျှော်တော်ယောင်မင်းသားလေးရောက်နေပြီ"

စာသင်ခန်းထဲမှာထိုင်နေကြတဲ့ကောင်မလေးလေးယောက်အုပ်စုဆီက တီးတိုးထွက်လာ‌သောအသံဖြစ်သည်...

လေးယောက်စုထိုင်နေတဲ့ထဲမှာမှ အပြောခံလိုက်ရတဲ့ နံရံဘက်အစွန်ဆုံးက ဆံပင်အညိုရောင်လေးနဲ့ကောင်မလေးက အခန်းအပြင်မှာတံခါးဝကိုမှီပြီးရပ်နေတဲ့ကောင်လေးကိုလှမ်းကြည့်လိုက်သည်... ထို့နောက် လက်လေးတစ်ဖက်ထောင်ကာလှုပ်ပြလိုက်ပြီး ပါးစပ်မှလည်း အမူအရာလေးနဲ့တိုးတိုးလေး

"ခဏနေရင်ထွက်ခဲ့မယ်... ပြီးတော့မှာ"

ထိုအခါ အပြင်မှာရပ်နေတဲ့ကောင်လေးကလည်း လက်ညိုးနဲ့လက်မကိုဝိုင်း၍ လက်ဖဝါးကိုထောင်ပြလိုက်ပြီး

"အိုကေ"

ကောင်မလေးအရှေ့ဘက်လှည့်ပြီး စာသင်တာပြန်နားထောင်တော့ နောက်ထပ်သူငယ်ချင်းကောင်မလေးတစ်ယောက်က

"ဒေါ်ရွယ်ရွယ်တို့များအားကျစရာကောင်းလိုက်တာ... သောကြာနေ့တိုင်း အချိန်မှန်ရောက်လာတတ်တဲ့ခပ်မိုက်မိုက်သူငယ်ချင်းလေးကတစ်ဖက်... ငါတို့ကို ခုချိန်ထိ လူအကောင်လိုက်ချမပြသေးတဲ့ပဟေဠိဆန်ဆန်ရည်းစားကတစ်ဖက်နဲ့... ငါတို့များကျတော့ ဘယ်တော့များမှ အဲ့လိုအချိန်မှန်ရထားလေးတွေစိုက်မလဲမသိပါဘူး"

"မပူနဲ့စိုက်မှာ... နင့်ဘူတာမှာ သေချာပေါက်ကျောက်မီးသွေးရထားကြီးစိုက်အုံးမှာ"

"ရတနာ!...ကောင်မစုတ်"

"အဟမ်း... အဟမ်း"

"တိတ်တိတ်နေကြဟဲ့... ဟိုမှာဆရာဆူတော့မယ်"

သူငယ်ချင်းတွေဖြစ်ပျက်နေတာကိုကြည့်ပြီး ရွယ်ရွယ်ဆိုတဲ့ကောင်မလေးကတော့ ကျိတ်ရယ်နေလေသည်

.............................*******.........................

"လက်ယာ... နင်ဒီနေ့စောလိုက်တာ... အတန်းမရှိဘူးလား"

"အင်း... ညနေပိုင်းအတန်းတွေမရှိဘူး"

"ဟုတ်လားကောင်းတာပေါ့... ငါလည်းမရှိတော့ဘူး... စောစောပြန်လို့ရပြီ"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora