အပိုင်း-၄၇(အပိုင္း-၄၇)

4.4K 79 7
                                    

#Unicode

📱"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါသဖြင့်...."

"ဟာ... နွယ်ရာ... စက်ပါပိတ်ထားရတဲ့အထိတောင်မှ... နင်ဟာလေ..."

နွယ့်ကိုပြောမရမယ့်အတူတူ အန်တီ့ဆီဆက်တာဒီအချိန်မှာအသင့်တော်ဆုံးဖြစ်နေတာဆိုတော့ လုပ်သင့်တာကိုပဲယမင်းဖြူအရင်လုပ်လိုက်တော့သည်

📱"ပြော... သမီးယမင်း"

"အန်တီ... ဒီမှာပြဿနာတွေတက်ကုန်ပြီ... မင်းစက်မာန်အကုန်လုံးကိုသိသွားပြီတဲ့... နွယ့်ကိုလည်းပြဿနာရှာရုံတင်မကဘူး... ကွာရှင်းမယ်တောင်ပြောသွားတယ်တဲ့"

"ဘာ!... ဘယ်လိုဖြစ်ပြီးသိသွားတာလဲ?.. အန်တီတို့ဒီလောက်အကုန်ပိတ်ထားတာကို..."

"ဟိုလူနာမိသားစုကို သမီးတို့ထည့်မစဉ်းစားခဲ့မိဘူးလေအန်တီ... အဲ့ဒီကနေသိတာပဲဖြစ်မယ်"

"ဟာ... ဒုက္ခပဲ... မင်းစက်မာန်သိသွားပြီဆိုတော့အကုန်ဒုက္ခလှလှတွေ့ကြတော့မယ်... သမီးနွယ်ရော... သမီးဆီဖုန်းဆက်တော့အဆင်ပြေတယ်တဲ့လား?"

"နွယ်ကခေါင်းမာနေပြန်ပြီအန်တီ... သမီးကလာခေါ်ပါ့မယ်... အဲ့အိမ်ပေါ်ကဆင်းခဲ့ပါတော့ဆိုတာကိုပြန်မလိုက်ဘူးတဲ့လေ... အခုဆိုဖုန်းပါစက်ပိတ်ထားတယ်... ဘယ်လိုလုပ်ရမလဲအန်တီ?"

"အခုချိန်ထိအဲ့အိမ်ပေါ်ကဆင်းမလာနိုင်ဘူးတဲ့လား?... ဒီကောင်မလေးကတော့လေ..."

"ဆင်းလာစရာမလိုပါဘူး... ငါ့သမီးကဘာအပြစ်ရှိတာမို့ အဲ့အိမ်ပေါ်ကဆင်းပေးရမှာလဲ?... ကိုယ့်ကိုဖုန်းပေး"

အန်တီနဲ့ပြောရင်းနောက်တစ်သံပါထပ်ကြားလာရတော့ အန်ကယ်ပါရှိနေမှန်း ယမင်းသိလိုက်သည်

"ယမင်း!..."

"ဟုတ်ကဲ့အန်ကယ်"

"အန်ကယ့်သမီးကိုသွားမခေါ်နဲ့ယမင်း... သူ့ဟာသူအဖြစ်မှန်ပေါ်ရုံမကလို့ဘာကြီးပဲဖြစ်ဖြစ် လက်ရှိမှာဆူးခက်နွယ်က မာန်စံအိမ်ရဲ့အရှင်သခင်မတစ်ယောက်ပဲ...

ဒီလောက်နှစ်တွေအများကြီးအဲ့အိမ်မှာ မင်းစက်မာန်ရဲ့ဝေယျာဝစ္စတွေတင်မကဘူး... ဝမ်းမနာလင်ပါသားဟိုကောင်လေးကိုရော သူ့အမေကိုပါကျွန်တစ်ယောက်လို ငါ့သမီးကပြုစုလာခဲ့ရတာ... ဘာမှမပါပဲလက်ဗလာနဲ့အိမ်ပေါ်ကဆင်းလာရမှာလား?...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now